စာရေးသူတို့ ယောကျာ်းလေးတွေ အများစုက မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးလို ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျှင်တွေကို အနည်းဆုံး ၁ ပတ် သို့မဟုတ် ၂ ပတ် တစ်ကြိမ်လောက် ဖယ်ရှားကြရိတ်ကြရပါတယ်။ အများစုကတော့ Razor တွေ တစ်ခါသုံး သင်တုန်းဓားတွေကို အသုံးပြုပြီးပဲ အမွှေးအမျှင်တွေ ဖယ်ရှားကြတာပါ။ ပြဿနာက Razor Burn လို့ခေါ်တဲ့ ဓားရှတာ ၊ အမွှေးအမျှင်တွေ အကုန်မပြောင်စင်တာ စတဲ့ အခြေအနေလေးတွေတော့ ကြုံကြရတာပဲ မဟုတ်လား။ ဒီလိုပြဿနာတွေ မရှိစေပဲ အမွှေးအမျှင်တွေကို ကုန်စင်အောင် အပြောင်ရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုက Waxing လုပ်တာပါ။ ကွီးတို့ Waxing မလုပ်ဖူးဘူးဆိုရင် အနည်းဆုံး တစ်ကြိမ်လောက်တော့ Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Waxing မလုပ်ဖူးသေးတဲ့ ကွီးတို့အတွက် Waxing လုပ်နည်းအဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။

Waxing

Photo : SOS Wax

Step (၁)

ပထမဆုံးအနေနဲ့ကတော့ အသုံးပြုမယ့် Waxing Kit ကို သေချာလေး ရွေးဖို့ လိုပါမယ်။ Waxing Kit အားလုံးက အတူတူတော့ မဟုတ်ပါဘူး။ ဖယောင်း အမျိုးအစားမှာတောင် အမာနဲ့ အပျော့ဆိုပြီး ကွဲပါသေးတယ်။ Hard Wax အမျိုးအစားက အနည်းငယ် ကြမ်းတမ်းတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားရာမှာ ပိုသင့်လျော်ပြီး Soft Wax ကတော့ နူးညံ့တဲ့ အမွှေးအမျှင်တွေအတွက် သင့်လျော်ပါတယ်။ ဆိုတော့ ကွီးတို့ ဘယ်လို အမွှေးအမျှင်တွေကို ဖယ်ရှားမလဲဆိုတာပေါ် မူတည်ပြီး Wax အမျိုးအစားကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

Step (၂)

နောက်တဆင့်ကတော့ Waxing လုပ်မယ့် အမွှေးအမျှင်ရဲ့ အရှည်ဟာ လုံလောက်မှု ရှိမရှိကို သေချာအောင် ချိန်ဆရမှာပါ။ Wax မလိမ်းမီမှာ အမွှေးအမျှင်ရဲ့ အရှည်ဟာ ၁ လက်မရဲ့ လေးပုံတစ်ပုံခန့်အရှည် ရှိနေစေဖို့ သေချာပါစေ။ အမွှေးအမျှင်တွေ အရမ်းကြီး ရှည်နေရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဖယောင်းလိမ်းတဲ့အခါမှာ အဆင်မပြေဖြစ်နိုင်ပြီး ပိုလည်းနာကျင်စေတက်လို့ပါ။

Step (၃)

Waxing လုပ်ဖို့ သင့်လျော်တဲ့ အမွေးအမျှင် အရှည်အနေအထားမှာ ရှိတယ်ဆိုရင်တော့ Waxing လုပ်ဖို့အတွက် အသားအရေကို စတင်ပြင်ဆင် သင့်ပါပြီ။ အရေးကြီးကတော့ Waxing မလုပ်ခင် နှစ်ရက်ကနေ ငါးရက်လောက်မှာ သင့်အသားအရေကို စတင်ပြင်ဆင်သင့်ပါတယ်။ အဓိကအားဖြင့် Waxing အရေပြား နေရာတဝိုက်ကို အစိုဓာတ်ပြည့်ပြည့်ဝဝ ထိန်းပေးတာ ၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ ‌Scrub တိုက်တာတွေ လုပ်ရပါမယ်။ ဒါမှသာ အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းရာရောက်မှာ ဖြစ်ပြီး ကျန်းမာတဲ့ အမွှေးအမျှင်အသစ်တွေ ပြန်ထွက်လာစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။

Step (၄)

အထက်ပါ ၃ ဆင့် ပြီးရင်တော့ Waxing စလုပ်ဖို့ Ready ဖြစ်ပါပြီ။ Waxing မလုပ်ခင် ဖယောင်းကိုကောင်းကောင်း အရည်ပျော်အောင် အပူပေးထားပါ။ Waxing လုပ်မယ့် အမွှေးအမျှင် ဧရိယာကို ဖယောင်းမလိမ်းခင် ဖယောင်းအပူချိန်ကို တစ်ချက်စမ်းရပါမယ်။ အရမ်းပူနေရင် အရေပြားလောင်တာတွေ ဖြစ်တက်လို့ပါ။ ဒါကြောင့် လက်လို အရေပြားပေါ် ဖယောင်း အနည်းငယ်တင်လိမ်းကြည့်ပါ။ အပူချိန် အရမ်းမများ နေတော့ဘူးဆိုမှသာ Waxing လုပ်မယ့် အမွှေးအမျှင် ဧရိယာပေါ် ဖယောင်းလိမ်းရပါမယ်။ ဖယောင်းလိမ်းပြီးပြီဆိုရင်တော့ Waxing Strips အမွှေးချွတ်ကပ်ခွာလေး ကပ်ပြီး စက္ကန့်အနည်းငယ်လောက် လိုက်ဖိထားပါ။ ဖယောင်းခဲဖို့ အချိန်လုံလောက်ပြီဆိုရင်တော့ ကပ်ခွာကို တစ်ချက်တည်းနဲ့ ခပ်မြန်မြန် ဆွဲခွာဖို့လိုပါတယ်။ ဖြည်းဖြည်းချင်းခွာတာက ပိုပြီး နာစေလို့ပါ။

Step (၅)

ကွီးတို့ အမွှေးအမျှင်တွေ အားလုံး ဖယ်ရှားပြီးပြီးဆိုရင် မပြီးသေးပါဘူး။ နောက်ဆုံးအဆင့် ကျန်ပါသေးတယ်။ ဖယောင်းရဲ့အပူနဲ့ Waxing လုပ်ထားတဲ့ ဒဏ်ကြောင့် အရေပြားနီမြန်းတာ ၊ ယားယံတာတွေကို သက်သာစေဖို့အတွက် ရှားစောင်းလက်ပတ်ဂျယ်ကို အရေပြားပေါ် လိမ်းပေးရပါမယ်။ ရှားစောင်းလက်ပတ်ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဘတ်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိတာကြောင့် အသားအရေ နီမြန်းရောင်ရမ်းတာတွေကို သက်သာစေပြီး မွေးညင်းပေါက်တွေကိုလည်း အေးမြလန်းဆန်းစေပါတယ်။

Waxing

Photo : Easy Waxing

ဒါဆိုရင်တော့ ကွီးတို့ Waxing လုပ်တဲ့ ခရီးစဉ် အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးပါပြီ။ ကွီးတို့ ရော Waxing လုပ်ဖူးပါသလား ?  မလုပ်ဖူးသေးရင် တစ်ခါလောက်တော့ Try ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source : Tiege Hanley

Featured Photo : Waxing 4 Men