လူသားများသည် သူတို့ရဲ့ကားတွေထဲမှာ အချိန်များစွာ ကုန်ဆုံးလေ့ရှိကြပါတယ်။ ပျမ်းမျှအားဖြင့် ကျွန်တော်တို့သည် တစ်နှစ်လျှင် နာရီပေါင်း ၃၄ နာရီခန့် ကားဖြင့် သွားလာနေကြရပါတယ်။ ကိုယ်ပိုင်ကားရှိသူများကလည်း ကိုယ်ပိုင်ကားဖြင့် သွားလာကြပြီး အကုန်အကျသက်သာချင်သူများကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးဖြင့် သွားလာကြပါတယ်။ ကိုယ်ပိုင်ကားပိုင်ဆိုင်ထားတဲ့ ကွီး တို့အနေနဲ့ အလုပ်တစ်ခုပိုတာကတော့ ကိုယ့်ရဲ့ ကား အတွင်းခန်းကို အမြဲသန့်ရှင်းသပ်ရပ်နေအောင် ထားရခြင်းဖြစ်ပြီး ထို့အတွက်ဆိုရင်တော့ DIY နည်းလမ်းကောင်းများကို အသုံးချနိုင်ပါတယ်။

များသောအားဖြင့် ကွီး တို့ရဲ့ ကား အတွင်းခန်းကို မွှေးပျံ့အောင် လုပ်ပေးတဲ့ Air Fresheners တွေသည် ကြာရှည် မခံပါဘူး၊ ဒါ့ကြောင့် အခုပြောပြပေးမယ့် DIY နည်းလမ်းများကို အသုံးပြုသင့်တာဖြစ်ပါတယ်။

နည်းလမ်း (၁)

ကွီး ကား DIY

Photo: Craftingagreenworld

အရင်ဦးဆုံး အိတ်သေးသေးလေးတစ်လုံးရသွားအောင်လို့ ချုပ်လုပ်ရပါမယ်။ အိတ်အတွက် ဘယ်လိုအဝတ်စမျိုးကို ရွေးချယ်သင့်သလဲဆိုရင်တော့ သိုးမွှေးအဝတ်စကို ရွေးချယ်တာအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ သိုးမွှေးသည် အလွယ်တကူ စုပ်ယူမြန်ပြီး အချိန်ကြာကြာအထားခံလို့ပဲဖြစ်ပါတယ်။ အရောင်ကတော့ သင် ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပါတယ်။

ထို့နောက် ထိုအိတ်ကလေးရဲ့ ထိပ်ပိုင်းကို ကြိုးဖြင့် အတင်းအလျော့ပြုလုပ်ဖို့ရန်အတွက် ကြိုးတစ်ချောင်းချောင်း (သို့) သိုးမွှေးကြိုးတစ်ချောင်း ထပ်လိုအပ်ပါလိမ့်မယ်။ အားလုံး ချုပ်လုပ်ပြီးသွားပြီဆိုရင်တော့ အတင်းအလျော့လုပ်လို့ရတဲ့ သိုးမွှေးအိတ်တစ်လုံး ရသွားပါမယ်။

ထို့နောက် ထိုအိတ်ပေါ်သို့ မိမိကြိုက်နှစ်သက်ရာ Essential Oil တစ်ခုခု အသုံးပြုပြီး အစက် ၁၀ စက်ခန့် ချလိုက်ပါ။ ၁ မိနစ်ခန့် ကြာအောင် စောင့်ပါ။ ၁ မိနစ်ကြာပြီးတဲ့နောက်မှာတော့ ထိုအိတ်ကို ကားအတွင်းခန်းတစ်နေရာရာမှာ ချိတ်ပေးထားလိုက်လို့ရပါပြီ။ ကွီး တို့ရဲ့ ကား အတွင်းခန်းကို မွှေးပျံ့လာအောင် ကူညီပေးမယ့် DIY နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

နည်းလမ်း (၂)

ကွီး ကား DIY

Photo: Etsy

ဒီနည်းလမ်းလေး အသုံးပြုမယ်ဆိုရင်တော့ စောစောကလိုပဲ အိတ်အသေးတစ်လုံး ဖန်တီးလိုက်ပါ။ ထိုအိတ်သည် ဆေးဖက်ဝင်အပင်များအားလုံး ထည့်လို့ဆန့်မယ့်အရွယ်အစား ရှိရပါမယ်။ ဘယ်လိုဆေးဖက်ဝင်အရွက်တွေလဲဆိုတော့ … Rosemary ၊ လာဗန်ဒါ၊ Mint နှင့် Chamomile တို့ပဲ ဖြစ်ပါတယ်။

အိတ်ကို မိမိလိုသလို ချုပ်လုပ်ပြီးနောက် အိတ်ရဲ့ အလယ်တည့်တည့်မှာ အပေါက်ငယ်လေး တစ်ပေါက် ဖောက်လိုက်ပါ။ ထို့နောက် အိတ်အတွင်းသို့ စောစောတုန်းက ဖော်ပြခဲ့တဲ့ ဆေးဖက်ဝင်အရွက်များ ထည့်ကာ အိတ်ကို တင်းတင်းကြပ်ကြပ်လေး ပိတ်ထားပြီးနောက် ကားအတွင်းခန်းတစ်နေရာမှာ ချိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ကားအတွင်းခန်းက မွှေးပျံ့လာမှာပဲ ဖြစ်ပါတယ်။

နည်းလမ်း (၃)

car air refreshener

Photo: Etsy

ဒီနည်းလမ်း အသုံးပြုမယ်ဆိုရင်တော့ ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ဆပ်ပြာဆီ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် စပရေးဘူးတို့ လိုအပ်ပါလိမ့်မယ်။

ရေနှင့် ဆပ်ပြာဆီတို့ကို စပရေးဘူးထဲထည့်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ အရည်ကို ကားအတွင်းခန်းရှိ ထိုင်ခုံများ၊ အခင်းများပေါ်တွင် ပတ်ဖြန်းပေးလိုက်ပါ။ ထို့နောက် မိနစ်အနည်းငယ်ခန့် သဘာဝအတိုင်း အခြောက်ခံပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ကားအတွင်းခန်းလေး အနံ့အသက်ဆိုးနေမှာ ပူစရာမလိုတော့ပါဘူး။ ထိုစပရေးဘူးကို ကုန်သွားတဲ့အထိ အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းများသည် ကွီး တို့ရဲ့ ကား အတွင်းခန်းကို မွှေးပျံ့နေအောင် ကူညီပေးမယ့် လွယ်ကူရိုးရှင်းတဲ့ DIY နည်းလမ်းတွေပဲဖြစ်ပါတယ်။

Source: Tipsbulletin

Featured Image: Dealerrise