ကားမောင်းကျွမ်းကျင်တဲ့ ကွီးအများစုသည် မိုးတွင်းမှာ ဘေးကင်းကင်းနဲ့ ဘယ်လိုကားမောင်းရမလဲဆိုတာကို သိကြပါတယ်။ ဒါ့အပြင် မိုးရာသီ မှာ ကွီး တို့ရဲ့ ကား ကို အကောင်းဆုံး ဂရုစိုက်ရမယ့် နည်းလမ်းကောင်းများကိုလည်း လေ့လာကြပါတယ်။

မိုးရာသီ မှာ ကွီး တို့ရဲ့ ကား ကို ဘယ်လိုဂရုစိုက်ရမလဲ။ ကားကို ဘယ်လိုဂရုတစိုက် မောင်းနှင်ရမလဲဆိုတာ မသိသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ဆက်လက်ဖတ်ရှု့နိုင်ပါတယ်။

မိုးရာသီ ဖြစ်တဲ့အတွက်ကြောင့် ကွီး တို့ ကား မောင်းတဲ့အခါ အရှိန်ဖြည်းဖြည်းလေးနဲ့ မောင်းနှင်ဖို့လိုအပ်ပါတယ်။ မိုးက သည်းကြီး မည်းကြီး ရွာနေတယ်ဆိုရင်တော့ ပိုဆိုးပါတယ်။ ကားမီးများကို သေချာဖွင့်ပြီး အရှိန်အများကြီးနဲ့ မမောင်းမိဖို့ပါပဲ။ ဒါ့အပြင် အခုဖော်ပြပေးမယ့် အချက်များကိုလည်း သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

ကားကို ပုံမှန်အတိုင်း ဆေးကြောပေးဖို့ မမေ့ပါနဲ့

car care tips during rainy season

Photo: Oneshift

မိုးရွာနေတာပဲဆိုပြီး ကိုယ့်ကားကို သန့်ရှင်းရေး ပြုလုပ်ဖို့ မေ့နေတတတ်ကြပါတယ်။ ကားပေါ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးများသည် သေသေချာချာ ပွတ်တိုက်ဆေးကြောဖို့ လိုအပ်ပါတယ်။

ကားဘီးများကို သေချာစစ်ဆေးပါ

car care tips during rainy season

Photo: Caranddriver

ကားမမောင်းခင်မှာ ကိုယ့်ကားရဲ့ ကားဘီးများ တာယာများကို သေသေချာချာ စစ်ဆေးပါ။ ကားအတွက် ထိန်းသိမ်းပြုပြင်မှုကိုလည်း ပုံမှန်အတိုင်း လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ကားမောင်းနှင်စဉ်မှာ မလိုလားအပ်တဲ့ ဘေးအန္တရာယ်များကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ကား ဝှိုက်ပါရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးပါ

မိုးရာသီ ကွီး ကား

Photo: Carnewscafe

ကားတွေရဲ့ ဝှိုက်ပါသည် မိုးတွင်းမှာ အလုပ်အများဆုံး လုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ကားဝှိုက်ပါကိုလည်း သေသေချာချာ ဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကားရဲ့ ရှေ့မီးနှင့် နောက်မီးများကိုလည်း စစ်ဆေးပါ

မိုးရာသီ ကွီး ကား

Photo: Drivinglife

ကားရဲ့ ရှေ့မီးနှင့် နောက်မီးများသည်လည်း မိုး သည်းကြီး မည်းကြီး ရွာနေချိန်မှာ အရေးပါပါတယ်။ မိုးတွင်းမှ မဟုတ်ပါဘူး။ မှောင်နေပြီဆိုတာနဲ့ မီးဖွင့်ပြီး ကားမောင်းမှသာလျှင် ကိုယ့်အတွက်ရော အခြားလမ်းသွား လမ်းလာများအတွက်ပါ ဘေးအန္တရာယ် ကင်းရှင်းမှာဖြစ်ပါတယ်။

ကားအတွင်းခန်းကိုလည်း ညစ်ပတ်မနေအောင် ထားပါ

မိုးရာသီ ကွီး ကား

Photo: Pinterest

မိုးတွင်းဆိုတော့ အပြင်ဘက်မှာလည်း ရွံ့ဗွက်တွေထဲ ကားထဲကို ဝင်လိုက် ထွက်လိုက်နဲ့ဆိုရင် ကားထဲမှာလည်း ညစ်ပေနေပြီး ဗရဗွက်ဖြစ်ကာ ကြည့်ရဆိုးစေပါတယ်။ ကားအတွင်းပိုင်းမှာလည်း အနံ့အသက်များ ဆိုးစေပါလိမ့်မယ်။ ဒါ့ကြောင့် ရေစိုခံတဲ့ အခင်းများ ခင်းထားပါ။ ကားရဲ့ ထိုင်ရှင်များကိုလည်း ရေစိုခံအခင်းများဖြင့် သေသေချာချာ ခင်းထားကာ ကိုယ့်ရဲ့ကားကို သန့်ရှင်းတောင်ပြောင်နေအောင် ဖန်တီးနိုင်ပါတယ်။

Source: Sgcarmart

Featured Image: Toyotaoforlando