ယခုလို ကမ္ဘာ့ကပ်ရောဂါတွေ တစ်ခုပြီးတစ်ခု ကျရောက်လာချိန်မှာ ကွီး တို့ရဲ့ ကိုယ်ခံအား စနစ်သည် မြင့်မားနေဖို့လိုအပ်ပါတယ်။

ကွီး တို့ရဲ့ ကိုယ်ခံအား စနစ် ကောင်းမွန်နေမှသာလျှင် ပြင်ပမှ ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်မှာဖြစ်ပြီး ဖျားနာခြင်း ကင်းဝေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ဖော်ပြပေးမယ့် လက္ခဏာများ ခံစားနေရပြီဆိုရင်တော့ မိမိကိုယ်ကိုယ် ပြန်လည်ဂရုစိုက်သင့်ပြီဖြစ်ပါတယ်။

စိတ်ဖိစီးမှုများ မြင့်မားနေခြင်း

ကွီး ကိုယ်ခံအား

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုအရေး၊ ငွေရေးကြေးရေးကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများ ခံစားနေရပါသလား။ သင့်ရဲ့ စိတ်ဖိစီးမှုများသည် မြင့်မားလာသည်နှင့်အမျှ သင့်ရဲ့ ကိုယ်ခံအားစနစ်သည်လည်း တဖြည်းဖြည်း နိမ့်ကျသွားတာဖြစ်ပါတယ်။ ထိုအချက်ကိုတော့ အမေရိကန် စိတ်ရောဂါသုတေသနအဖွဲ့အစည်းရဲ့ မှတ်တမ်းများအရ သိရှိရတာဖြစ်ပါတယ်။

မကြာခဏ ဖျားနာနေခြင်း

ကွီး ကိုယ်ခံအား

အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်နှစ်လျှင် နှစ်ကြိမ် (သို့) သုံးကြိမ်ခန့် အအေးမိဖျားနာခြင်းသည် သာမန်ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ သို့သော် သုံးကြိမ်ထက် ကျော်လွန်ကာ မကြာခဏ ဖျားနာနေမယ်ဆိုရင်တော့ သင့်ရဲ့ ကိုယ်ခံအားစနစ် လျော့ကျနေပြီဖြစ်ကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

အစာအိမ်ကျန်းမာရေး အားနည်းနေခြင်း

ကွီး ကိုယ်ခံအား

သင်သည် မကြာခဏ ဝမ်းလျှော ဝမ်းပျက်နေခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားလွန်းခြင်း စတဲ့ အခြေအနေမျိုးထဲမှ တစ်မျိုးမျိုးကို ကြုံတွေ့နေရပါသလား။

သုတေသန လေ့လာချက်အရ ကျနော်တို့ရဲ့ ကိုယ်ခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်သည် အစာခြေလမ်းကြောင်းပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။ ကောင်းသော ဘက်တီးရီးယားများနှင့် မိုက်ခရိုအော်ဂမ်နင်ဆမ်များသည် ထိုအူလမ်းကြောင်းပေါ်တွင် နေထိုင်ကာ အခြားသော ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးပြီး ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးတာဖြစ်ပါတယ်။

တကယ်လို့ သင့်ရဲ့ ကိုယ်ခံစွမ်းအားသည် တဖြည်းဖြည်း လျော့ကျလာတဲ့အခါ အစာအိမ်နှင့် ပတ်သက်တဲ့ ပြဿနာများကို ခံစားရလာမှာပဲဖြစ်ပါတယ်။

အနာကျက် နှေးနေခြင်း

man get cut

Photo: Healthline

ဒဏ်ရာ အနာတရဖြစ်ပါကလည်း အနာကျက် နှေးနေပြီလို့ ခံစားနေရပါသလား။ ဒီအချက်သည်လည်း ကွီး တို့ရဲ့ ကိုယ်ခံအား စနစ် လျော့ကျနေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။

အမြဲတစေ ပင်ပန်းနွမ်းနယ်နေခြင်း

tired man

အချို့က အိပ်ရေးမဝလို့ ပင်ပန်းနွမ်းနယ်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အိပ်ရေးဝဝ အိပ်စက်အနားယူပေမယ့် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတုန်းပဲ။ အားအင်ကုန်ခမ်းနေသလို ခံစားနေရတုန်းပဲ ဆိုရင်တော့ သေချာပါတယ်။ သင့် ကိုယ်ခံစွမ်းအား လျော့ကျနေပြီပဲဖြစ်ပါတယ်။

ဒါဆိုရင် ကွီး တို့ရဲ့ ကိုယ်ခံအား စနစ် မြင့်မားအောင် ဘယ်လိုနေထိုင်ပြုမူရမလဲ။

man with healthy food

ကွီးတို့အနေနဲ့ စောစောကဖော်ပြခဲ့တဲ့ လက္ခဏာများထဲမှ တစ်ခုခုကို ကြုံတွေ့ခံစားနေရပြီဆိုရင်တော့ အခုဖော်ပြပေးမယ့်အရာများကို ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

ကျန်းမာရေးနှင့် ညီညွှတ်ပြီး အာဟာရမျှတစွာပါဝင်တဲ့ အစားအစာများ စားသုံးပါ။ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ လက်များကို စင်ကြယ်အောင် ဆေးကြောပါ။ စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျော့ချပါ။ မိမိကိုယ်အလေးချိန်ကို တက်မလာအောင် ထိန်းပါ။ လိုအပ်ပါက ကာကွယ်ဆေးများ ထိုးပါ။ ဆေးလိပ်ဖြတ်ပါ။

အထက်ဖော်ပြပါ အချက်များ ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်သည် တစ်ဖန်ပြန်လည် မြင့်တက်လာမှာဖြစ်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Source: Pennmedicine

Featured Image: Ampfloracel