ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်အကြာကြီး ကျန်းမာ ပျော်ရွှင်စွာနေထိုင်ချင်တယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အပြုအမူ များကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ သင့်အသက်သည် ၂၀ ကျော်ပဲဖြစ်ဖြစ်၊ ၃၀ ကျော်၊ ၄၀ ကျော်ပဲဖြစ်ဖြစ် ကျန်းမာ ရေးနဲ့ ညီညွှတ်တဲ့ အပြုအမူ များကို ပြုလုပ်ဖို့အတွက် နောက်ကျတဲ့အချိန်ဆိုတာ မရှိပါဘူး။ သင်သာ အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့အသက်ကို ကျန်းမာစွာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ရန်အတွက် ဆွဲဆန့်နိုင်ပါတယ်။

ဒါပေမဲ့ အခုဖော်ပြပေးမယ့် ကျန်းမာ ရေးကို ထိခိုက်စေတဲ့ အပြုအမူ များကိုတော့ ရှောင်ရှားဖို့မမေ့ပါနဲ့။

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ

ကျန်းမာ အပြုအမူ

နေ့စဉ် လှုပ်ရှားရုန်းကန်ကာ အလုပ်များ များမြှောင်လှတဲ့အတွက်ကြောင့် ကိုယ် စားသုံးတဲ့ အစားအစာများရဲ့ အာဟာရဓာတ်ကိုလည်း ထည့်မတွက် ဖြစ်ကြတော့ပါဘူး။ ဗိုက်ပြည့်ရင် ပြီးရောဆိုပြီး စားသုံးလေ့ရှိကြပါတယ်။ အစားအများဆုံးကတော့ ကြာရှည်ခံအောင် ပြုလုပ်ထားကြတဲ့ အသင့်စား အစာအစာများ၊ အငန်ဓာတ် လွန်ကဲသော အစားအစာများပဲဖြစ်ပါတယ်။

ထိုအစားအစာများသည် မည်သည့်အစာ အာဟာရဓာတ်မျှ မရှိတဲ့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် ဆီးချိုရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့ကြောင့် ဘယ်လောက်ပဲအလုပ်များနေပါစေ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရဓာတ်များ မျှတစုံလင်စွာ ပါဝင်တဲ့ အစားအစာများကို ချက်ပြုတ်ပြင်ဆင်ကာ စားသုံးသင့်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ကျန်းမာ အပြုအမူ

သင်သည် ဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုရင်တော့ ဆေးလိပ်ဖြတ်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ သင် အသိဆုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်သုံးခြင်းသည် သင့်အသက် ၁၀ နှစ်စာကို ခိုးယူနေတယ်ဆိုတာ သင် သိပြီးပါပြီလား။

ဒါ့အပြင် သင့်မိသားစုများသည်လည်း သင့်ရဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရတဲ့အတွက်ကြောင့် သူတို့ရဲ့ အဆုတ်ကျန်းမာရေးသည်လည်း သင့်လိုမျိုးပဲ တဖြည်းဖြည်း ယိုယွင်းလာမှာ ဖြစ်ပါတယ်။

အလုပ်စားပွဲမှာပဲ တနေကုန်ထိုင်ခြင်းမှ ရှောင်ကြဉ်ပါ

ကျန်းမာ အပြုအမူ

တနေကုန် အလုပ်စားပွဲမှာပဲ ထိုင်ကာာ အလုပ်လုပ်နေရသူများသည်လည်း ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ သူတို့သည် ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးသည်လည်း တစ်နေ့တခြား ထိခိုက်လာမှာဖြစ်ပါတယ်။ ဗြုန်းခနဲတော့ ကျန်းမာရေးက ချက်ချင်းကြီး ဆိုးရွားလာမှာမဟုတ်ပေမယ့် တစ်စထက် တစ်စ ဆိုးရွားလာကာ အရင်ကထက် ချူချာလာမှာ ဖြစ်ပါတယ်။

အလုပ်များလွန်းလို့ အားကစား ပြုလုပ်ဖို့ အချိန်မရှိဘူးလို့ ဆင်ခြေမပေးလိုက်ပါနဲ့။ ၂၀၁၁ ခုနှစ်က လေ့လာထားတဲ့ သုတေသန လေ့လာချက်အရ ထိုကဲ့သို့ အလုပ်စားပွဲမှာ ထိုင်ကာ အလုပ်လုပ်သူများအနေနဲ့ တစ်နေ့လျှင် ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ရုံမျှဖြင့် ၃ နှစ်ခန့် အသက်ပိုရှည်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ သင့်ရဲ့ ၁၅ မိနစ်စာအချိန်ကို ၃ နှစ်နဲ့ အလဲအလှယ်ပြုလုပ်နိုင်ပါတယ်။

စိတ်ညစ်စရာများကို စိတ်ထဲမှာ သိမ်းမထားပါနဲ့

depressed and sad man

လူတိုင်းမှာ စိတ်ညစ်စရာတွေဆိုတာ ကိုယ်စီ ကိုယ်စီရှိကြပါတယ်။ စိတ်ညစ်လိုက်တာဆိုပြီး ထိုစိတ်ညစ်စရာကြီးကိုပဲ ထိုင်တွေးနေမယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ စိတ်ကျရောဂါ ခံစားလာရတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးများသည် ကြောက်စရာကောင်းတဲ့အတွက်ကြောင့် စိတ်ညစ်စရာများကို ရင်ထဲမှာ သိမ်းမထားပါနဲ့။

သူငယ်ချင်းများထံ ရင်ဖွင့်ပါ။ ဖွင့်ဟတိုင်ပင်ပါ။ ထိုစိတ်ညစ်စရာများရဲ့ အဓိကတရားခံကို ရှာဖွေကာ ထိုပြဿနာများကို ဖြေရှင်းလိုက်ပါ။ သင့် တစ်ယောက်တည်းအားနဲ့ မနိုင်ဘူးဆိုရင်လည်း ယုံကြည်ရသူများထံ အကူအညီ ရယူလိုက်ပါ။

အိပ်ရေးဝဝ မအိပ်စက်ခြင်း

man without enough sleep

ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာများ၊ ဖုန်းများ၊ တီဗွီဇာတ်လမ်းတွဲများသည် လူသားများကို အိပ်ရေးဝဝ မအိပ်စက်အောင် အနှောင့်အယှက်ပေးနေကြတာဖြစ်ပါတယ်။ လူတစ်ယောက်သည် အနည်းဆုံး အိပ်စက်ချိန် ၆ နာရီခန့် ရှိဖို့လိုအပ်ပါတယ်။ သင့်အတွက် အိပ်စက်ချိန် အနည်းဆုံး ၆ နာရီခန့် မရရှိတဲ့အခါ ကျန်းမာရေးသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမှာဖြစ်ပြီး သင် ချစ်ရတဲ့သူတွေနဲ့လည်း စောလျင်စွာ ခွဲခွာရမှာပဲဖြစ်ပါတယ်။

Source: Verywellhealth

Featured Image: Mygnp