ကွီး တို့ ခြေလှမ်း လှမ်းလိုက်တိုင်းမှာ Confidence အပြည့်ရှိနေချင်ပါသလား။ ဒါဆိုရင်တော့ ကိုယ် ဝတ်ဆင်တဲ့ ဖိနပ်များကို သေချာဂရုတစိုက် ရွေးချယ်ဖို့ လိုအပ်ပါတယ်။​ ကိုယ် ရွေးချယ်လိုက်တဲ့ ဖိနပ်တွေသည် ကိုယ့်ရဲ့ အဝတ်အစားနဲ့ လိုက်ဖက်မှု ရှိရဲ့လား။ ကိုယ် ရွေးချယ်လိုက်တဲ့ ဖိနပ်သည် အရည်အသွေးကောင်းမွန်ရဲ့လား အစရှိတဲ့ အချက်များကို သေချာဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။

ကွီး တို့ရဲ့ ခြေလှမ်း တိုင်းမှာ Confidence အပြည့် ရှိနေချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် ဖိနပ်များက ကူညီပေးပါလိမ့်မယ်။

ရှူးဖိနပ်များ

man shoes

Photo: Thetrendspotter

ရှူးဖိနပ်များသည် ကွီးတို့ ပိုင်ဆိုင်ထားသင့်တဲ့ ဖိနပ်အမျိုးအစားများထဲမှာ ပထမဦးစားပေး အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ မင်္ဂလာဆောင်ပွဲများ၊ ရုံးတွင်းပွဲများ၊ အရေးကြီး မီတင်ပွဲများ တက်ရောက်တဲ့အခါ ကွီးတို့ကို ပွဲလယ်တင့်အောင် ကူညီပေးမယ့် ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။

Sneakers ဖိနပ်များ

man shoes

Photo: The Manual

ဒုတိယ ဦးစားပေးဖိနပ်ကတော့ Sneakers ဖိနပ်ပဲ ဖြစ်ပါတယ်။ ကွီးတို့ ထသွား ထလာ၊ ဟိုနား ဒီနား သွားတဲ့အခါမျိုးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ချိန်းတွေ့တဲ့အခါပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးနဲ့ ပေါ့ပေါ့ပါးပါး ဒိတ်တဲ့အခါမျိုးမှာ Sneakers ဖိနပ်များကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

Chelsea Boots များ

ကွီး ခြေလှမ်း

Photo: Thursdayboots

Chelsea Boots တွေ ဆိုတာကတော့ ဖိနပ်ရဲ့ လည်တိုင်က ခြေမျက်စိ ဖုံးတဲ့အထိ ရှည်လျားတဲ့ ဖိနပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ မော်ဒယ်များသည် ပွဲတက်တဲ့အခါ လူပုံအလယ်မှာ ထင်းထင်းလင်းလင်း ရှိစေဖို့ရန်အတွက် ဒီဘွတ်ဖိနပ် အမျိုးအစားများကို ရွေးချယ် ဝတ်ဆင်လေ့ရှိပါတယ်။ ဒီဖိနပ် ရွေးချယ်မယ်ဆိုရင် အနက်ရောင် (သို့) အညိုရင့်ရောင်များကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဒါမှသာလျှင် ကိုယ့်ရဲ့ အဝတ်အစားဖက်ရှင်နဲ့ လိုက်ဖက်နေမှာဖြစ်ပါတယ်။

Espadrilles ဖိနပ်များ

ကွီး ခြေလှမ်း

Photo: Therake

ဒီဖိနပ်အမျိုးအစားကလည်း ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုးနှင့် လိုက်ဖက်ပါတယ်။ ဖိနပ်အသားကို သားရေအပျော့သားနှင့် အဝတ်စတို့ကို ပေါင်းစပ်ကာ ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့ကို ဝတ်ဆင်တဲ့အခါ လွတ်လပ်ပေါ့ပါးပြီး အင်မတန်မှ ဝတ်လို့ ကောင်းပါတယ်။ အကြမ်းပတမ်းတော့ သိပ်မခံတဲ့အတွက်ကြောင့် အမြဲဆိုသလို ချမဝတ်မိပါစေနဲ့ ကွီးတို့ရေ။

Boat Shoes

ကွီး ခြေလှမ်း

Photo: The Manual

ဒီဖိနပ်လေးကတော့ ရှူးဖိနပ်လိုမျိုးလည်း အမာစား မဟုတ်ဘူး၊ Espadrilles လိုလည်း အပျော့စားမဟုတ် ကြားနေ အမျိုးအစားလေး ဖြစ်ပါတယ်။ ဒါ့ကြောင့် Boat Shoes ကို ကွီးတို့အနေနဲ့ ပွဲနေ ပွဲထိုင် သွားလာတဲ့အခါပဲ ဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုးနဲ့ပဲ ဖြစ်ဖြစ် ကွီးတို့ စိတ်ကြိုက် တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။

ကွီး တို့ရဲ့ ခြေလှမ်း တိုင်းမှာ Confidence အပြည့် ရှိနေချင်တယ်ဆိုရင်တော့ အခုဖော်ပြသွားတဲ့ ဖိနပ်များက ကွီးတို့ အတွက်ပါပဲ။

ကွီးတို့ရဲ့ ဖိနပ်ဘီဒိုထဲမှာရော အခုဖော်ပြသွားတဲ့ ဖိနပ်အမျိုးအစားထဲက ဘယ်နှမျိုးလောက် ထည့်ထားပြီးပြီလဲ။

Source: Realmenrealstyle

Featured Image: Glamour