ကွီး တို့ရဲ့ ဂျင်းဘောင်းဘီ အဟောင်းကို ဂျင်းဘောင်းဘီအသစ်ဖြစ်သွားအောင်လို့ ပြုလုပ်နိုင်မယ့် DIY နည်းလမ်း (၅) မျိုး ရှိပါတယ်။

ကွီး တို့ရဲ့ ဂျင်းဘောင်းဘီ များက ဟောင်းနွမ်းသွားပြီဆိုပြီး မဝတ်ချင်တော့တဲ့အခါ အခုဖော်ပြပေးမယ့် DIY နည်းလမ်းများအသုံးပြုပြီး ဂျင်းအသစ်ဖြစ်သွားအောင် ဖန်တီးကာ ဖက်ရှင်ကျကျ ရှိုးထုတ်လိုက်ပါ။

အစင်းကြောင်းအပေါက်များဖြစ်သွားအောင် ပြုလုပ်ပါ

distress denim

ဒီနည်းလမ်းလေးကတော့ အလွယ်ကူဆုံးနည်းလမ်းလေးပဲဖြစ်ပါတယ်။ အရင်ဦးဆုံး ဘောင်းဘီကို ပြောင်းပြန်လှန်ကာ ဘောင်းဘီအတွင်းသားကို မြင်ရအောင် ပြုလုပ်ပါ။ ထို့နောက် ဘောင်းဘီရဲ့ အနောက်ခြမ်းကို မထိခိုက်ဖို့ရန်အတွက် ဘောင်းဘီကို အပြားလိုက် မခေါက်ဘဲ အရှေ့အနောက်ကို ခေါက်ချိုးညီအောင် ခေါက်လိုက်ပါ။

ထို့နောက် ဘောင်းဘီရဲ့ အရှေ့ခြမ်းကိုပဲ ကတ်ကြေးထက်ထက်လေးနဲ့ အမျှင်လိုက်ဖြစ်သွားအောင် ဖြတ်ပေးလိုက်လို့ရပါပြီ။ ဒီစတိုင်လ်လေးကတော့ Rock & Roll စတိုင်လ်လေးပဲဖြစ်ပါတယ်။

အကွက်ဒီဇိုင်းဖန်တီးလိုက်ပါ

distress denim

ပိတ်စအပျော့စားမဟုတ်ဘဲ ပိတ်စအမာသားတွေအသုံးပြုကာ ပြုလုပ်ရမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။

အရင်ဦးဆုံး ဘောင်းဘီကို မီးပူတိုက်ပေးလိုက်ပါ။ ထို့နောက် အသုံးပြုမယ့် ပိတ်စကို ဘောင်းဘီပေါ် တင်ကာ ထိုနေရာတစ်ဝိုက်ကိုပဲ မီးအပူပေးလိုက်ပါ။ ပြီးရင်တော့ အပ်အမာသားအသုံးပြုကာ ချုပ်လုပ်နိုင်ပါပြီ။ ကိုယ်အသုံးပြုချင်တဲ့ ပိတ်စအကွက်ပေါ် မူတည်ပြီး ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းသည်လည်း လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ဘောင်းဘီအောက်အနားသားများးကို အမွှေးဖွာသွားအောင် ပြုလုပ်လိုက်ပါ

ကွီး ဂျင်းဘောင်းဘီ DIY

ဒီနည်းလမ်းလေးအသုံးပြုမယ်ဆိုရင်တော့ ကတ်ကြေးထက်ထက်တစ်လက် လိုအပ်ပါဦးမယ်။ ဒါမှ ကွီး တို့ရဲ့ ဂျင်းဘောင်းဘီ အနားသားကို ညီညီညာညာဖြတ်နိုင်မှာဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် ဂျင်းဘောင်းဘီအတိုအရှည်ကို မိမိလိုသလောက် ဖြတ်ပြီးနောက် အနားသားများကို ဓားဖြင့် ဖွာပေးလိုက်ပါ။ စိတ်ရှည်လက်ရှည်နဲ့ ဖွာပြီးတဲ့နောက်မှာတော့ အခုလိုပဲ ကြည့်ကောင်းတဲ့ ဘောင်းဘီတစ်ထည်ရသွားပါလိမ့်မယ်။

လွယ်ကူရိုးရှင်းတဲ့နည်းလမ်း

ကွီး ဂျင်းဘောင်းဘီ DIY

ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ သတင်းစာစက္ကူအဟောင်း၊ ရာဘာလက်အိတ်၊ ဆေးအရောင်တစ်မျိုးမျိုးတို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ကြမ်းပြင်မပေဖို့ရန်အတွက် သတင်းစာစက္ကူကို ဖြန့်ကျက်ထားလိုက်ပါ။ ထို့နောက် ဘောင်းဘီကို သတင်းစာပေါ် တင်ထားလိုက်ပါ။ ပြီးရင်တော့ ရာဘာလက်အိတ်ဝတ်ပြီး ဆေးရည်ထဲ လက်နှစ်လိုက်ပါ။ ထို့နောက် ဘောင်းဘီပေါ် တောက်ချလိုက်ပါ။ သင့်ရဲ့ဘောင်းဘီကို ထိုလှဲလျက်သားအနေအထားပဲ ထားထားလိုက်ပါ။ ဆေးခြောက်သွားသည်အထိ နာရီအနည်းငယ်ကြာအောင် စောင့်လိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ သင့်အတွက် ဆေးရောင်စုံ ဂျင်းဘောင်းဘီတစ်ထည်ရသွားပါပြီ။

အရောင်ချွတ်ဆေးဖြင့် အသုံးပြုနည်း

ကွီး ဂျင်းဘောင်းဘီ DIY

ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ သတင်းစာစက္ကူ၊ မိမိကြိုက်နှစ်သက်ရာဆေးအရောင်တစ်မျိုးမျိုးနှင့် ဘရက်ရှ်တစ်ချောင်းတို့ လိုအပ်ပါလိမ့်မယ်။

စောစောနည်းအတိုင်း သတင်းစာစက္ကူပေါ်တွင် ဂျင်းဘောင်းဘီ ဖြန့်ထားပါ။ ဆေးပုံးထဲသို့ ဘရက်ရှ်ကို နှစ်လိုက်ကာ ဘောင်းဘီပေါ်မှာ မိမိကြိုက်နှစ်သက်သလို ခြယ်သပေးလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ ဒီလိုဒီဇိုင်းလေး ထွက်လာပါလိမ့်မယ်။

Source: Fashionbeans

Featured Image: Fashionbeans