အခုခေတ်မှာ ဘောင်းဘီတို ကို Shoes နဲ့ တွဲဝတ်တာ Casual ဖက်ရှင် ဖြစ်လာပါပြီ။ ဘောင်းဘီတို ကလည်း တွေ့ရာ Shoes တွေနဲ့ ဝတ်လို့ မဖြစ်ပါဘူး။ များသောအားဖြင့် ဘောင်းဘီတိုနဲ့ စီးမယ့် ဖိနပ်ဟာ အပြေးဖိနပ်လိုမျိုး Sports Sneaker ၊ Logo အကြီးစားနဲ့ Colorways ဆန်းပြားတဲ့ Fashion Sneaker နဲ့ စမတ်ကျကျ Classic Style စီးရတဲ့ Dress Sneaker တို့ ဖြစ်သင့်ပါတယ်။

Suede-colored

Photo : Real Men Real Style

အမျိုးအစားအနေနဲ့ Plain White Sneaker တွေက ဘောင်းဘီတို ဖက်ရှင်တိုင်းလိုလိုနဲ့ အဆင်ပြေပါတယ်။ အထူးသဖြင့် Classic Style နဲ့ Minimalist ဆန်ချင်သူတွေအတွက် အဖြူရောင် Plain Dress Sneaker တွေက အကောင်းဆုံးပါပဲ။ ပိုပြီး စမတ်ကျကျဘက် သွားချင်ရင်တော့ Branding ရှိတဲ့ ဖက်ရှင်တွေ ရွေးချယ်သင့်ပါတယ်။ မိသားစုနဲ့ ပေါ့ပေါ့ပါးပါး Sunday Walk လမ်းလျှောက်ထွက်မယ်ဆိုရင် Pastel Suede Loafers မျိုး ရွေးချယ်နိုင်ပါတယ်။

ရာသီဥတု ပူပြင်းတဲ့ အချိန်မျိုးမှာ ညနေစောင်း လမ်းလျှောက်မယ်ဆိုရင် အဖြူရောင် ကော်လာရှပ် ၊ နက်ပြာရောင် Bermuda ဘောင်းဘီတို နဲ့ အရောင်ရင့် Dark Suede Loafer တစ်ရံက အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ပိုလိုရှပ် ၊ သဲရောင် Bermuda ဘောင်းဘီတို နဲ့ အရောင်ဖျော့တဲ့ Light Suede Loafers ဖက်ရှင်က အဆင်ပြေပါတယ်။ Loafer တွေဟာ Sneaker စီးရမှာ မကြိုက်ဘဲ Formal လည်း ကျချင်သလို Comfort ဖြစ်ချင်သူတွေအတွက် ဦးစားပေးစဉ်းစားသင့်တဲ့ Footwear လည်း ဖြစ်ပါတယ်။

နောက်ထပ် Classic Shoe တွေ စီးရတာ ကြိုက်ရင် Derby Shoes စီးဖို့ အကြံပြုချင်ပါတယ်။ ပုံမှန်အားဖြင့် Derby တွေက Formal ဘက် ရောက်လွန်းလို့ အတော်များများက ဘောင်းဘီတိုနဲ့ ဝတ်ဖို့ တွန့်ကြပါတယ်။ တကယ်တော့ Derby Shoes က ဘောင်းဘီတိုနဲ့ တွဲဝတ်မယ်ဆိုရင် Shoe ကို အနက်မဖြစ်ဖို့ဘဲ လိုပါတယ်။ အရောင်ဖျော့ဖျော့ Light Suede Derby Shoes လေး ရွေးချယ်သင့်ပါတယ်။

shoes

Photo : Real Men Real Style

Derby Shoes နဲ့ ဆို ကြောင်ကြောင်ကြားကြား ဘောင်းဘီတိုတွေအစား ပိုပြီး Formal ကျတဲ့ Bermuda Short ၊ Chino Short တွေနဲ့ တွဲဝတ်သင့်ပါတယ်။ လယ်သာသား ဖိနပ်တွေ သဘောကျရင် Leather Boat Shoes ၊ Plain Leather Sandals ခြေညှပ်တွေကလည်း ပေါ့ပေါ့ပါးပါး ဘောင်းဘီတို ဖက်ရှင်နဲ့ အလိုက်ဖက်ဆုံးပါပဲ။

Featured Photo : Top Trends Guide