အကောင်းစား စမတ်နာရီလေးတွေ ဝယ်ဝတ်ချင်တဲ့ ကွီး တို့အတွက် ဒီတစ်ခါမှာတော့ အမိုက်စားစွမ်းဆောင်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ စမတ်နာရီ များကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ကွီး တို့အတွက် ဈေးကွက်ထဲမှာ ထွက်ရှိနေတဲ့ အကောင်းစား စမတ်နာရီ ဘရန်းတွေကလည်း အများအပြားရှိတဲ့အတွက်ကြောင့် မိမိစိတ်ကြိုက်ရွေးချယ်နိုင်အောင်လို့ အခုပဲ လေ့လာကြည့်လိုက်ရအောင်။

Samsung Galaxy Watch 4 Classic

smart watch

Samsung ဆိုတာကတော့ စမတ်ဖုန်းနှင့် လျှပ်စစ်ပစ္စည်းလောကမှာ နာမည်ကြီးဘရန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီစမတ်နာရီကတော့ Features မျိုးစုံပါဝင်ပြီး ဈေးနှုန်းအားဖြင့် ၃၇၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Apple Watch Series 7

smart watch

Bezel လေးတွေက သေးသေးလေးပဲ ဖြစ်သွားတဲ့အတွက်ကြောင့် Apple Watch User တွေကတော့ သဘောကျနေကြပါတယ်။ ဒါ့အပြင် Fast Charging လည်း ပါဝင်ပြီး စွမ်းဆောင်ရည်အမိုက်စားကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ဝန်းကျင်ပါ။

Samsung Galaxy Watch 4

smart watch

Galaxy Watch 4 Classic ရဲ့ ဒီဇိုင်းကို မကြိုက်သူတွေကတော့ ဒီမော်ဒယ်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကလည်း Galaxy Watch 4 Classic ထက် ပိုဈေးသက်သာပြီး ဒီဇိုင်းလည်း ပိုမိုက်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၀ ဝန်းကျင်ပါ။

Fitbit Sense

smart watch

ဒီဘရန်းသည်လည်း ကွီး တို့ရဲ့ စမတ်နာရီ ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ ဘရန်းတစ်ခုဖြစ်ပါတယ်။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်ဖြစ်ပါတယ်။ အားကစားလိုက်စားသူများ၊ မိမိကျန်းမာရေးကို အမြဲဆိုသလို စောင့်ကြည့်ချင်သူများအတွက် သင့်တော်ပါတယ်။

Amazfit GTR 3 Pro

ကွီး စမတ်နာရီ

သူ့ရဲ့ဒီဇိုင်းကတော့ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ Luxury ဆန်တဲ့ဘက်ကို သွားပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၃၀၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ Voice Assistant လည်း ထည့်သွင်းနိုင်တာကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။

Mobvoi TicWatch Pro 3 Ultra

ကွီး စမတ်နာရီ

ဘက္ထရီ အကြာကြီး အသုံးခံတဲ့ စမတ်နာရီမျိုးကို ရှာဝယ်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ဝယ်ယူနိုင်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၃၀၀ ပေးဝယ်ရမှာပါ။

Huawei Watch 3

ကွီး စမတ်နာရီ

အကြမ်းခံတဲ့ ဒီဇိုင်းမျိုးကို ကြိုက်နှစ်သက်သူများကတော့ Huawei Watch 3 ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ကျန်းမာရေး လိုက်စားသူများအတွက်သာမက စမတ်နာရီတစ်ခုတည်းမှာပဲ Feature စုံအောင် အသုံးပြုချင်သူများအတွက် သင့်တော်ပါတယ်။

Garmin Venu 2 Plus

ကွီး စမတ်နာရီ

ဒီနာရီလေးကတော့ ဒေါ်လာ ၄၄၀ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။ ဖုန်းပြောလို့လည်းရပြီး GPS Performance ကလည်း အမိုက်စားပဲဆိုတော့ ကွီးတို့အားလုံး သဘောကျကြမှာပါ။

Huawei Watch GT 3 Pro

ကွီး စမတ်နာရီ

ရိုးရိုးနာရီဒီဇိုင်းပုံ ထွင်ထားတဲ့ စမတ်နာရီတစ်လုံးပဲဖြစ်ပါတယ်။ လှပခန့်ညားတဲ့ ဒီဇိုင်းမျိုး ပိုင်ဆိုင်ထားပြီး ဘက္ထရီကလည်း အကြာကြီးခံတာကြောင့် မကြာခဏ အားသွင်းစရာမလိုတာကတော့ သူ့ရဲ့အားသာချက်ပါပဲ။

Source: Techadvisor

Featured Image: Realmenrealstyle