ပြင်ဆင်ရတာ မြန်ဆန်ပြီး အကုန်အကျလည်း သက်သာစေမယ့် ဆံပင် စတိုင် မျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ ကွီး တို့ကို အထာကျကျနဲ့ မိမိုက်နေစေမယ့် ဆံပင် စတိုင် တစ်ခုရှိပါတယ်။ ထို ဆံပင် စတိုင် ကတော့ ကျစ်ဆံမြီးပုံ ဆံပင် စတိုင် ပဲဖြစ်ပါတယ်။

ကျစ်ဆံမြီးပုံ ဆံပင်သည် အမျိုးသမီးတွေ အတွက်ပဲမဟုတ်ပါဘူး။ ကွီး တို့လို ဖက်ရှင်ကျချင်တဲ့ အမျိုးသားတို့အတွက်လည်း ကျစ်ဆံမြီးပုံ ဆံပင် စတိုင် သည် အလွယ်တကူ ပြုလုပ်ပြင်ဆင်နိုင်တဲ့ ဆံပင် စတိုင် တစ်ခုပဲဖြစ်ပါတယ်။

ကွီး တို့အတွက် ကျစ်ဆံမြီး ဆံပင် စတိုင် နဲ့ ဘယ်လိုရှိုးထုတ်လို့ရမလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဆံပင်တိုတဲ့ ကွီး တို့အတွက်

Stylish Braided Hairstyles For Men In 2022Stylish Braided Hairstyles For Men In 2022

ဆံပင်တိုတဲ့ ကွီးတို့ကလည်း စိတ်မပူပါနဲ့။ ကျွမ်းကျင် ဆံသဆရာနဲ့ဆိုရင် အမိုက်စား ကျစ်ဆံမြီး ဆံပင်စတိုင်လေး ဖန်တီးနိုင်ပါတယ်။

ဆံပင်ရှည်တဲ့ ကွီး တို့အတွက်

Stylish Braided Hairstyles For Men In 2022

ဆံပင်ရှည်တဲ့ ကွီးတို့ကတော့ ကိုယ် ကြိုက်နှစ်သက်တဲ့ ကျစ်ဆံမြီး စတိုင်လ်အမျိုးမျိုးကို ပြင်ဆင်နိုင်တာကတော့ အားသာချက်တစ်ခုပါပဲ။

အပေါ်မှာ ထုံးထားတဲ့ ကျစ်ဆံမြီးအထုံး

Stylish Braided Hairstyles For Men In 2022

ကွီးတို့အနေနဲ့ ထိန်းသိမ်းမှု အနည်းဆုံးနဲ့ အလှပဆုံး ကျစ်ဆံမြီး ဆံပင်စတိုင်ကို လိုချင်တယ်ဆိုရင်တော့ ဒီ ဆံပင် စတိုင် က အကောင်းဆုံးပါပဲ။

တစ်မြောင်းချင်းစီ ကျစ်ထားတဲ့ ဆံပင် စတိုင်

Stylish Braided Hairstyles For Men In 2022

ဘေးနှစ်ဖက်ကို အပြောင်ရိတ်ထားပြီး အလယ်တည့်တည့်မှာ တစ်မြောင်းချင်းစီ ကျစ်ထားတဲ့ ကျစ်ဆံမြီး ဆံပင်စတိုင် သည်လည်း ကွီးတို့အကြား ရေပန်းစားပါတယ်။

အရှည်လိုက် တစ်ချောင်းချင်းစီ ကျစ်ထားတဲ့ ဆံပင် စတိုင်

ကွီး ဆံပင် စတိုင်

ဒီ စတိုင် ကတော့ အရှည်လိုက် ချထားချင်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။

ဆံပင် အပေါ်ပိုင်းနားသာ ကျစ်ထားတဲ့ ကျစ်ဆံမြီး

ကွီး ဆံပင် စတိုင်

ဆံပင်တစ်ခေါင်းလုံးကို ကျစ်ဆံမြီး မကျစ်ချင်တဲ့ ကွီးတို့ကတော့ ဒီ ဆံပင်စတိုင် ကို ရွေးချယ်လိုက်ပါ။

ကွီးတို့ကို အထာကျ မိမိုက်နေစေမယ့် ဆံပင်စတိုင်

ကွီး ဆံပင် စတိုင်

ဆံပင် ထိပ်ပိုင်းနားမှာ အမောက်ပုံသဏ္ဍာန် ထောင်ထားပြီး ဘေးတစ်ဖက် တစ်ချက်စီမှာ ကျစ်ဆံမြီး သေးသေးလေး ကျစ်ထားတဲ့ စတိုင် သည်လည်း လူကြိုက်များတဲ့ ဆံပင် စတိုင် တစ်ခုပဲဖြစ်ပါတယ်။

ပြင်သစ်စတိုင်လ် ကျစ်ဆံမြီး

ကွီး ဆံပင် စတိုင်

ဒီဆံပင်စတိုင်လ်ကတော့ ကွီး တို့ရဲ့ မျက်နှာကို ရှင်းရှင်းလေးနဲ့ ကြည့်ကောင်းနေအောင် ကူညီပေးပါလိမ့်မယ်။

ကွီးတို့သည် အခုဖော်ပြသွားတဲ့ ကျစ်ဆံမြီး ဆံပင်စတိုင်များဖြင့် အနည်းဆုံး ရက်သတ္တပတ် ၆ ပတ်ခန့် ခေါင်းမလျော်ဘဲနေလို့ရပါတယ်။ ရက်သတ္တပတ် ၆ ပတ် ကျော်သွားရင်တော့ ခေါင်းလျှော်ရည်၊ Conditioner တို့ဖြင့် သေသေချာချာပြန်လည် ခေါင်းလျှော်ကာ ဆံကေသာကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

Source: Fashionhombre.com