ကွီး တို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အလှအပ ဂရုစိုက်ခြင်းသည်လည်း ဖက်ရှင်ရေးရာကဲ့သို့ပင် အရေးပါပါတယ်။ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်က စမတ်ကျနေဖို့ဆိုရင် ကွီး တို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အလှအပ ရေးရာကိုလည်း သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကိုယ့်ရဲ့ ချိုင်းချွေးနံ့နဲ့ ကိုယ်နံ့က ပြင်းထန်နေမယ်၊ ခြေထောက်နံ့က အနံ့ပြင်းနေမယ်ဆိုရင် သင့်ရဲ့ဖက်ရှင်က ဘယ်လောက်ပဲ အထာကျနေပါစေ သင့်အနားမှာ ဘယ်သူမှ နေချင်ကြမှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ခြင်းသည်လည်း ကျန်းမာရေး၊ လူမှုရေးအတွက် အရေးကြီးတာကြောင့် တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ်ခန့် ရေမိုးချိုးကာ သန့်သန့်ပြန့်ပြန့်နေခြင်း၊ ကိုယ့်ရဲ့ဝတ်ပြီးသားအဝတ်အစားများကို ထပ်တလဲလဲပြန်လည်ဝတ်ဆင်ခြင်းမျိုး မလုပ်ဘဲ သေသေချာချာ လျှော်ဖွပ်ကာ မီးပူတိုက်ပြီးမှ ပြန်ဝတ်ခြင်းသည် အကောင်းဆုံးပါပဲ၊ နို့မဟုတ်ရင် ကိုယ်နံ့ ပိုနံမှာပဲဖြစ်ပါတယ်။

နောက်ထပ် ဥပမာတစ်ခုကတော့ တစ်နေ့လျှင် သွားနှစ်ကြိမ် တိုက်ခြင်းပါပဲ။ ဒီလိုပြုလုပ်ခြင်းသည် ကွီး တို့ရဲ့ တစ်ကိုယ်ရည် ကျန်းမာရေးနှင့် သွား အလှအပ ကို ထိန်းသိမ်းရာ ရောက်တယ်မဟုတ်လား။ အခြားသော ဘယ်လိုနည်းလမ်းတွေကိုရော ကွီး တို့ မဖြစ်မနေ သိထားသင့်ပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရည် နှင့် အလှအပ ကို အဆင့်မြင့်လာအောင် ဖန်တီးနိုင်မလဲဆိုတော့

ကိုယ့်ရဲ့ ကိုယ်ပိုင်မွှေးရနံ့လေးကို ဖန်တီးပါ

grooming tips for kwee

ကိုယ်က အနံ့ အရမ်းပြင်းတဲ့သူတစ်ယောက်ဆိုရင် ရေမွှေးအစား Roll-On အသုံးပြုခြင်းက ပိုသင့်တော်ပါတယ်။ နို့မဟုတ်ရင် ရေမွှေးနံ့က တစ်နံ့၊ ခန္ဓာကိုယ် ချွေးနံ့က သပ်သပ်စီ ဖြစ်သွားပြီး ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကို ကိုယ်က တစ်ကိုယ်ရည်သန့်ရှင်းရေး မရှိတဲ့သူတစ်ယောက်လို့ ကြေညာမောင်းထုတာနဲ့ အတူတူပါပဲ။

ဆံပင်ညှပ်ဆိုင်ဆီသို့ ပုံမှန်သွားပါ

grooming tips for kwee

ကွီးတို့ရဲ့ဆံကေသာကို ၃ လလျှင် တစ်ကြိမ်ခန့် ပုံမှန်ညှပ်ပေးဖို့လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ ဆံပင်အရှည်ထားမယ်ဆိုရင်တောင်မှ အဖျားလေးတွေ ပုံမှန်ညှပ်ပေးဖို့လိုအပ်ပါတယ်။ ၃ လလျှင် တစ်ကြိမ်ခန့် သွားပေးမှ တော်ရာကျမှာပါ။ စိတ်ပါဝင်စားတယ်ဆိုရင်တော့ ဆံပင်ညှပ်ခြင်းအပြင် နှုတ်ခမ်းမွှေး ရိတ်ခြင်း၊ မျက်ခုံးမွှေး ရိတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသေးတယ်။

ကိုယ် အသုံးပြုရမယ့် ထုတ်ကုန်ပစ္စည်းများကို သေချာသိဖို့လိုအပ်ပါတယ်

grooming tips for kwee

ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲမှာ ပါသလဲ။ အသားအရေခြောက်သူလား၊ အသားအရေ အဆီပြန်သူလား။ Sensitive အသားအရေပိုင်ရှင်လား စတာတွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ ထုတ်ကုန်ပစ္စည်းများကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဆံကေသာအတွက်ဆိုလည်း ထိုနည်းအတိုင်းပါပဲ။ ကိုယ့်ဆံပင်က ဗောက်ထတတ်တယ်ဆိုရင် ဗောက်ပျောက်စေမယ့် ခေါင်းလျှောက်ရည်သုံးပါ။ ဆံပင်အကျွတ်များတယ်ဆိုရင် ဆံပင်ပျော့စေမယ့် ခေါင်းလျှော်ရည်များကို ရွေးချယ်ပါ။ မုတ်ဆိတ်ရိတ် ခရင်မ်တွေဆိုလည်း ထိုနည်းအတိုင်းပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။

တစ်နေ့နှစ်ကြိမ် သွားပုံမှန်တိုက်ပါ

grooming tips for kwee

စောစောက ပြောခဲ့သလိုပဲ သွားကျန်းမာရေးသည်လည်း ကွီး တို့ရဲ့ တစ်ကိုယ်ရည် ကျန်းမာရေးအတွက်သာမက အလှအပ ရေးရာအတွက်လည်း အရေးပါပါတယ်။ တစ်နေ့လျှင် နှစ်ကြိမ် ပုံမှန်သွားတိုက်ခြင်းအားဖြင့် သွားနှင့် သွားဖုံးရောဂါများမှ ကာကွယ်နိုင်ပြီး ကွီးတို့ ပြုံးရယ်လိုက်တိုငမှာ လှပနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အစား စားပြီးတိုင်းမှာ ပုံမှန်ပလုတ်ကျင်းပေးသင့်ပါတယ်။ တကယ်လို့ ကိုယ့်သွားဖုံးက သွားတိုက်တိုင်းမှာ သွေးအနည်းငယ် ထွက်တတ်တယ်ဆိုရင်တော့ သွားဖုံးရောင်နေတာဖြစ်ပါတယ်။ သွားတိုက်ပြီးတိုင်းမှာ ဆားရည်လေးနဲ့ ပလုတ်ကျင်းပါ။ ဒီ့ထက်ပိုဆိုးလာတယ်ဆိုရင်တော့ သွားဆရာဝန်ထံမှာ ကုသမှု ခံယူရမှာဖြစ်ပါတယ်။

မျက်နှာပေါင်းတင်ပါ

grooming tips for kwee

ကိုယ့်မျက်နှာပေါ်ရှိ အရေးအကြောင်းများနှင့် ပါးရေတွန့်ခြင်းတို့ကို ဖုံးကွယ်ချင်ပါသလား။ ဒါဆိုရင်တော့ မျက်နှာပေါင်းတင်ခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပုံမှန်ပေါင်းတင်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်ပါ။ အိပ်ရေးဝဝ အိပ်စက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အသားအရေများ ညစ်ထေးခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို တင်းရင်းလှပကာ အရေးအကြောင်းများရန်မှ ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ် ကြေးချွတ်ပါ

ကွီး တစ်ကိုယ်ရည် အလှအပ

Scrub တိုက်ခြင်းသည်လည်း ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ အလှကုန်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ အရင်ကဆို ရယ်ဒီမိတ်ဘူးလေးတွေ မဝင်သေးတော့ Scrub တိုက်ချင်တဲ့ပစ္စည်းကို ကိုယ့်ဘာသာကိုယ် အိမ်မှာ လုပ်ယူရတာပဲဖြစ်ပါတယ်။ သို့သော် ယန့ခေတ်မှာတော့ Scrub များကို အလွယ်တကူ ဝယ်ယူလာနိုင်ပြီဖြစ်တာကြောင့် ရေချိုးတိုင်းမှာ အဆင်သင့်လေး အသုံးပြုလိုက်ရုံပါပဲ။

ခြေထောက်ရနံ့ကို ဂရုစိုက်ပါ

ကွီး တစ်ကိုယ်ရည် အလှအပ

ရှူးဖိနပ် ဝတ်သူများ၊ Sneakers စီးသူများ၊ ခြေအိတ်ဝတ်ရသူများအနေနဲ့ ကိုယ့်ခြေထောက်ကို အနံ့မပြင်းအောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ ခြေအိတ်ကို တနေကုန်ဝတ်ဆင်ထားရတဲ့အခါ လေဝင်လေထွက်မရှိတော့ဘဲ စိုစွတ်ပြီး မှိုစွဲကာ ကြာလာရင်တော့ အနံ့ ထွက်လာမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရေချိုးနေစဉ်နဲ့ ရေချိုးပြီးချိန်မှာ ကိုယ့်ခြေထောက်ကို သေချာပွတ်တိုက်ကာ ဆေးကြောပေးရမှာဖြစ်ပါတယ်။

ခြေသည်း လက်သည်းများကို တစ်ပတ်တစ်ခါ ညှပ်ပါ

ကွီး တစ်ကိုယ်ရည် အလှအပ

ခြေသည်း လက်သည်းများကို ရေချိုးပြီးတိုင်းမှာ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပုံမှန်ညှပ်ပေးခြင်းသည်လည်း ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအလုပ်တစ်ခုပါပဲ။ လက်သည်းညှပ်ပြီးတဲ့အခါ Hand Cream လေး အသုံးပြုပြီး ကိုယ့်ရဲ့လက်အသားအရေတစ်ဝိုက်မှာ အရေးအကြောင်း ပေါ်ခြင်းကို နှေးကွေးအောင် ပြုလုပ်နိုင်ပါတယ်။

နေလောင်ကာခရင်မ်ကို အပြင်ထွက်ခါနီးတိုင်း လိမ်းပါ

ကွီး တစ်ကိုယ်ရည် အလှအပ

နေပူပူ မိုးရွာရွာ အပြင် ထွက်တော့မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ်ကို မဖြစ်မနေ လိမ်းကျံပေးရမှာဖြစ်ပါတယ်။ နေလောင်ကာခရင်မ် မလိမ်းတဲ့အခါ အသားအရေက ညိုမဲပြီး နေလောင်ကာ ပျက်စီးမှာပါ။ အဆိုးဆုံးကတော့ အရေပြားကင်ဆာရောဂါပဲဖြစ်ပါတယ်။

Source: Esquire

Featured Image: Opportunityindia.franchiseindia