အသားအရေအဆီပြန်ရခြင်းသည် အရေပြားအောက်ရှိ အဆီဂလင်းများ အလွန်အကျွံ ထုတ်လုပ်ခြင်းကြောင့် အဆီပြန်ရခြင်းပဲဖြစ်ပါတယ်။ မျိုးရိုးဗီဇ၊ ဟော်မုန်းပြောင်းလဲမှုနှင့် စိတ်ဖိစီးမှုများကြောင့် အဆီဂလင်းများ အလွန်အကျွံ ထွက်လာရခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး မျက်နှာ အသားအရေ အဆီပြန် လို့ စိတ်ညစ်နေရတဲ့ ကွီး တို့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းကုသနည်းအချို့ရှိပါတယ်။

တကယ်တော့ အဆီဂလင်းများသည် အသားအရေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ အဆီဂလင်းများကြောင့်ပဲ အသားအရေက အစိုဓာတ်ရရှိအောင် ကာကွယ်ပေးတာဖြစ်ပြီး ဆံကေသာနဲ့ အသားအရေအလှအပအတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ သို့သော် တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးအတိုင်းပဲ အလွန်အကျွံ ထုတ်လုပ်မိသွားတော့ ချွေးပေါက်ပိတ်သွားကာ ဝက်ခြံတွေ ထွက်လာရခြင်းဖြစ်ပါတယ်။

ဒီလိုမျိုး အသားအရေ အဆီပြန် တတ်တဲ့ ကွီး တို့အနေနဲ့ ကိုယ့်အရေပြားအောက်ရှိ အဆီဂလင်းများ အလွန်အကျွံ ထွက်ရှိမှုကို ဘယ်လိုထိန်းသိမ်းရမလဲ။

မျက်နှာသစ်ပါ

အသားအရေ အဆီပြန် ကွီး 

ကိုယ့် အသားအရေ က အဆီပြန် တတ်တယ်ဆိုရင် ကွီး တို့အနေနဲ့ တစ်ရက်လျှင် နှစ်ကြိမ် မျက်နှာပုံမှန်သစ်ပေးရပါမယ်။ နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်ရပါဘူး။ ဒါ့အပြင် ဆပ်ပြာအပြင်းစားများနှင့် မျက်နှာသစ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ မျက်နှာသစ်ဆေးအပျော့စားနဲ့သာ မျက်နှာသစ်ပေးရပါမယ်။

ဆီစုပ်စက္ကူအသုံးပြုပါ

tips for kwee with oily skin

Photo: Beautyboxkorea

အသားအရေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဆီစုပ်စက္ကူလေးကို အသုံးပြုပါ။ ပါးလွှာတဲ့ ဆီစုပ်စက္ကူများသည် အသားအရေ အဆီပြန် တတ်တဲ့ ကွီး တို့ကို အရှင်းပျောက်သွားအောင်တော့ မပြုလုပ်ပေးနိုင်ပေမယ့် ယာယီအနေနဲ့ တခဏတာ အဆီပြန်ခြင်းကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်သွားစေပါတယ်။

ဒါ့အပြင် ထိုဆီစုပ်စက္ကူများသည် ဈေးမကြီးတဲ့အတွက်ကြောင့် အလှကုန်ပစ္စည်းဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

ပျားရည်အသုံးပြုပါ

အသားအရေ အဆီပြန် ကွီး 

ပျားရည်သည် သဘာဝရဲ့အကောင်းဆုံး ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ သူသည် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးမှာဖြစ်ပြီး အဆီပြန်ခြင်းကို လျော့ချပေးမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ပျားရည်စစ်စစ်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်။

ပျားရည်ကို အသားအရေ အဆီပြန် တဲ့ ကွီး တို့ရဲ့ မျက်နှာပေါ် ခပ်ပါးပါးလေးဖြစ်သွားအောင် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့်စောင့်ကာ အခြောက်ခံထားလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းသည် အသားအရေ အဆီပြန်တတ်တဲ့ ကွီးတို့အတွက်သာမက ဝက်ခြံသမားများအတွက်လည်း စိတ်ချလက်ချပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

အုတ်ဂျုံ အသုံးပြုပါ

အသားအရေ အဆီပြန် ကွီး 

အုတ်ဂျုံသည် အသားအရေရောင်ရမ်းခြင်းကို သက်သာစေပြီး အဆီပိုများကို စုပ်ယူပေးပါတယ်။ ဒါ့အပြင် ဆဲလ်သေများကိုလည်း ဖယ်ရှားပေးပါတယ်။ အုတ်ဂျုံကို မျက်နှာပေါင်းတင်နည်းအဖြစ် အသုံးပြုတဲ့အခါ ဒိန်ချဉ်၊ ပျားရည်၊ ငှက်ပျောသီး၊ ပန်းသီး (သို့) သင်္ဘောသီး အစရှိတဲ့ ပါဝင်ပစ္စည်းများနဲ့လည်း ရောနှောနိုင်သေးတယ်။

အုတ်ဂျုံ မျက်နှာပေါင်းတင်နည်း ပြုလုပ်ဖို့အတွက်ဆိုရင်တော့ အုတ်ဂျုံ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ကို ရေနွေးပူ အနည်းငယ်နှင့် ရောနှောကာ အနှစ်များဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်မံပေါင်းထည့်လိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းကာ ခြောက်သွေ့သွားသည်အထိ ပေါင်းတင်ထားလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကြာရင်တော့ ကြက်သီးနွေး ရေနွေးလေးဖြင့် မျက်နှာသစ်ချလိုက်ပါ။

ကြက်ဥအကာနှင့် သံပုယိုရည် အသုံးပြုပါ

tips for kwee with oily skin

ကြက်ဥအကာနှင့် သံပုယိုရည်သည် ချွေးပေါက်များကို ကျဉ်းသွားစေပြီး အားအရေကို တင်းတင်းရင်းရင်းလေးဖြစ်သွားစေပါတယ်။ သံပုယိုရည်ထဲမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်သည် အဆီပိုများကို စုပ်ယူပေးပြီး ၂၀၀၈ ခုနှစ်က လေ့လာထားတဲ့ တွေ့ရှိချက်အရ သံပုယိုရည်သည် ဘက်တီးရီးယားပိုးမွှားများကို သေစေပါတယ်။ သို့သော် ဒီနည်းလမ်းသည် ကြက်ဥနှင့် ဓာတ်မတည့်သူများအတွက်တော့ အသုံးမပြုသင့်တဲ့ ပေါင်းတင်နည်းတစ်ခုပါ။

ကြက်ဥအကာ၊ သံပုယိုရည်တို့နဲ့ ပေါင်းတင်မယ်ဆိုရင် ကြက်ဥအကာ ၁ လံးကို လတ်လတ်ဆတ်ဆတ်ညှစ်ထားသော သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းကာ ခြောက်သွားသည်အထိ ပေါင်းတင်လိုက်ပါ။

ခြောက်သွားပြီဆိုရင်တော့ ရေနွေးနွေးနဲ့ မျက်နှာသစ်ကာ ခြောက်သွားအောင် ခပ်ဖွဖွကလေး သုတ်ပေးလိုက်ပါ။

ရှားစောင်းလက်ပတ် အသုံးပြုပါ

tips for kwee with oily skin

ရှားစောင်းလက်ပတ်သည် အသားအရေ ဆီပူလောင်ခြင်းကို ကုသရာမှာ နာမည်ကြီးတဲ့ အိမ်တွင်းကုသနည်းတစ်ခုပါ။ ဒါ့အပြင် ရှားစောင်းလက်ပတ်သည် အသားအရေ အဆီပြန် တဲ့ ကွီး တို့အတွက်လည်း သဘာဝကပေးအပ်တဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ကို အိပ်ရာဝင်ခါနီးတွင် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မနက်မိုးလင်းလာမှ မျက်နှာသစ်ပေးလိုက်ပါ။

တကယ်လို့ ကိုယ့်အသားအရေက အဆီလည်းပြန်တဲ့အပြင် Sensitive အသားအရေမျိုးလည်း ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မျက်နှာပေါ် တိုက်ရိုက်မလိမ်းခင်မှာ လက်ကောက်ဝတ်ပေါ်မှာ အရင်ဦးဆုံး လိမ်းကျံပေးလိုက်ပါ။ ၂၄ နာရီကနေ ၄၈ နာရီအတွင်း လက်ကောက်ဝတ်အသားအရေက ယားယံခြင်း မရှိဘူးဆိုမှ မျက်နှာပေါ်မှာ ယုံကြည်စိတ်ချစွာ လိမ်းကျံပေးလိုက်ပါ။

ခရမ်းချဉ်သီး

tips for kwee with oily skin

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Salicylic အက်စစ်ဓာတ်သည် အဆီပိုများကို ဖယ်ရှားပေးပြီး ချွေးပေါက်များကို ပွင့်စေကာ ချွေးပေါက်ကျဉ်းသွားအောင် ကူညီပေးပါတယ်။

ပြုလုပ်နည်းကတော့ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ခရမ်းချဉ်သီး ၁ လုံးနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ ခရမ်းချဉ်သီးအနှစ်အရောအနှောကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ခရမ်းချဉ်သီးအနှစ်ဖြင့် အသုံးမပြုချင်ပါက ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးဖြတ်ကာ မျက်နှာပေါ် ကပ်ထားနိုင်ပါသေးတယ်။

Source: Healthline

Featured Image Source: Qbuzz