မတ်လကတော့ သီချင်းချစ်သူ ကွီး တို့အတွက် တေးသီချင်း အသစ်တွေ အများအပြားထွက်ရှိတဲ့လတစ်လလို့တောင် ပြောရမလားပါပဲ။ လူကြိုက်များတဲ့ သီချင်းတွေ အကုန်လုံးက အသစ်ထွက်ထားတာမကြာသေးပါဘူး။

ကွီး တို့လည်း တစ်ခါနားထောင်လိုက်ရုံနဲ့ နားထဲစွဲသွားစေမယ့် တေးသီချင်း ကောင်းတွေပဲ ဖြစ်ပါတယ်။

(၁၁) Long Drives – BoyWithUke

Source: BoyWithUke

ဒီသီချင်းကတော့ BoyWithUke ရဲ့ New Single သီချင်းလေးပဲဖြစ်ပါတယ်။ သီချင်းလေးက မြူးမြူးလေးနဲ့ နားထောင်လို့ကောင်းပါတယ်။

(၁၀) When I’m Gone – Alesso And Katy Perry

Source: Katy Perry

Katy Perry နဲ့ Alesso ရဲ့ အတွဲညီညီသီဆိုထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လက စတင်ထွက်ရှိထားတာဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲပါပဲ။

(၉) Boys Don’t Cry – Anitta

Source: Anitta

သီချငးလေးက မြူးမြူးကြွကြွလေးနဲ့ သီချင်း MTV ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

(၈) Bam Bam – Camila Cabello Ft. Ed Sheeran

Source: Camila Cabello

ဒီသီချင်းလေးကတော့ မတ်လ ၄ ရက်နေ့ကမှ စတင်ထွက်ရှိထားတာဖြစ်ပါတယ်။ နာမည်ကြီးအဆိုတော်နှစ်ယောက်ရဲ့ သီဆိုဟန်တွေအပြင် အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းစာသားများကြောင့် လူကြိုက်များကာ ပေါ်ပြူလာဖြစ်နေပါတယ်။

(၇) It’ll Be Okay – Shawn Mendes

Source: Shawn Mendes

သီချင်းအေးအေး သီချင်းဆွေးဆွေးလေးတွေကိုမှ ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက်တော့ Shawn Mendes ရဲ့ It’ll Be Okay ဆိုတဲ့ တေးသီချင်း ကောင်းကိုလည်း အကြိုက်တွေ့ကြမှာပါ။

(၆) The Joker And The Queen – Ed Sheeran Feat. Taylor Swift

Source: Ed Sheeran

ဂီတလောမှာ တကယ့်ဒိတ်ဒိတ်ကြဲ Lengendary နှစ်ယောက် တွဲဖက်သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ကို နားထောင်ချင်တယ်ဆိုရင်တော့ ဒီသိချင်းလေးကိုပဲ ညွှန်းလိုက်ပါတယ်။

(၅) Thought About That – Noa Kirel

Source: Noa Kirel

မြူးမြူးကြွကြွသီချင်းတွေကို ကြိုက်နှစ်သက်တဲ့ သီချင်းချစ်သူများအတွက်တော့ ဒီသီချင်းလေးက တမျိုးတမည်နဲ့ နားထောင်လို့ ကောင်းနေစေမှာပါ။

(၄) Sacrifice – The Weeknd

Source: The Weeknd

ဒီသီချင်းလေးကတော့ ဇန်နဝါရီလက ထွက်ရှိခဲ့တာဖြစ်ပြီး ယနေ့ထိတိုင်နာမည်ကြီးနေဆဲပဲဖြစ်ပါတယ်။

(၃) Let Somebody Go – Coldplay X Selena Gomez

Source: Coldplay

ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူရှိနေချိန်မှာ အရာအားလုံးသည် ပိုမိုလှပနေမှာဖြစ်ပြီး ရွှေရောင်နေ့ရက်လေးကို ပိုင်ဆိုင်နေမှာဖြစ်ပြီး ကိုယ်ချစ်ရတဲ့သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် အတူရှိမရေတော့တဲ့အခါ လမ်းပျောက်သလို ခံစားရမှာဖြစ်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။

(၂) Light Switch – Charlie Puth

Source: Charlie Puth

ဒီသီချင်းလေးကတော့ ဇန်နဝါရီလကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး လူကြိုက်အများဆုံး နံပါတ် (၂) နေရာမှာ ရပ်တည်နေတဲ့သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

(၁) Oh My God – Adele

Source: Adele

လူကြိုက်အများဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေတာကတော့ Adele ရဲ့ Oh My God သီချင်းပဲဖြစ်ပါတယ်။

ကွီး တေးသီချင်း

Source: Today

အခုစုစည်းတင်ဆက်ပေးသွားတဲ့ သီချင်းလေးတွေကို ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Featured Image: Mix957gr