ကွီး တို့သည် Plank ထောက်ခြင်း လေ့ကျင့်ခန်းကို နေ့စဉ် ပြုလုပ်ပါက ခံစားရမယ့် အကျိုးကျေးဇူး များသည် မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို လိုချင်ပါက နေ့စဉ်မှန်မှန် Plank ထောက်ပေးဖို့လိုအပ်ပါတယ်။

Plank လေ့ကျင့်ခန်းများသည် ပြုလုပ်ရလွယ်ကူပြီး မည်သည့်ပစ္စည်းကိရိယာမှလည်း မလိုအပ်တဲ့အတွက်ကြောင့် ကွီး တို့ရဲ့ နေ့စဉ် Workout Plan ထဲထည့်ကာ ပြုလုပ်နိုင်သလို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးတဲ့ အကျိုးကျေးဇူးအပြင် ခါးနာခြင်း ဝေဒနာကိုလည်း သက် သာပျောက်ကင်းစေပါတယ်။ ထို့ထက်များပြားတဲ့ အကျိုးကျေးဇူးများလည်း ရှိပါသေးတယ်။ ထိုအကျိုးကျေးဇူးများကတော့ …

ကိုယ်အလေးချိန် ကျစေခြင်း

ကွီး နေ့စဉ် အကျိုးကျေးဇူး

Plank လေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေပါတယ်။ ကွီးတို့အနေနဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းများ လုပ်စရာမလိုဘဲ ကိုယ်အလေးချိန် ကျစေချင်တယ်ဆိုရင်တော့ Plank လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

ဝမ်းဗိုက်ကြွက်သားများကို သန်မာစေခြင်း

ကွီး နေ့စဉ် အကျိုးကျေးဇူး

ခန္ဓာကိုယ် အလယ်ပိုင်းရှိ ကြွက်သားများကို သန်မာစေတာကတော့ Plank လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပြီး ဝမ်းဗိုက်လေး ပြားချပ်သွားအောင် ဖန်တီးချင်တယ်ဆိုရင်တော့ တစ်ရက်လျှင် ၃ မိနစ်တန်သည် ၅ မိနစ်တန်သည် Plank ထောက်ပေးဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်ကို ပျော့ပျောင်းစေခြင်း

ကွီး နေ့စဉ် အကျိုးကျေးဇူး

အကြောလျော့ လေ့ကျင့်ခန်းတွေကသာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပျော့ပျောင်းသွားအောင် ကူညီပေးနိုင်တာမဟုတ်ပါဘူး။ Plank လေ့ကျင့်ခန်းများသည်လည်း ကွိးတို့ရဲ့ ခန္ဓာကိုယ်ကို ပျော့ပျောင်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Plank ထောက်နေစဉ်မှာ ထိုအနေအထားတစ်ခုတည်းကိုပဲ စက္ကန့်အနည်းငယ် (သို့) မိနစ်အနည်းငယ်ကြာအောင် တောင့်ထားရတဲ့အခါ သင့် ခန္ဓာကိုယ် နောက်ကျောရှိ ကြွက်သားများ၊ ခြေထောက်ကြွက်သားများရှိ အကြောအချဉ်များကို ပြေလျော့သွားစေပါတယ်။ တစ်နည်းအားဖြင့်တော့ Plank လေ့ကျင့်ခန်းသည် အကြောလျော့လေ့ကျင့်ခန်းတစ်မျိုး လိုပါပဲ။

စိတ်ခံစားချက်များကို ကောင်းမွန်စေခြင်း

ကွီး နေ့စဉ် အကျိုးကျေးဇူး

သင့်ခန္ဓာကိုယ်သည် စိတ်ဖိစီးမှုများကြောင့်သော်လည်းကောင်း၊ ခန္ဓာကိုယ် ပင်ပန်းစေတဲ့ အလုပ်များ လုပ်ကိုင်ရတဲ့အခါမှာသော်လည်းကောင်း ထိုအခြေအနေများသည် စိတ်ကျန်းမာရေးကိုလည်း လျော့ကျသွားစေပါတယ်။ ထိုအချိန်မျိုးမှာ Plank လေ့ကျင့်ခန်းတွေက ကူညီပေးနိုင်ပါတယ်။ ကွီး တို့ရဲ့ စိတ်ခံစားချက်များကို မြှင့်တင်ပြီး စိတ်ပျော်ရွှင်လာချင်တယ်ဆိုရင်တော့ နေ့စဉ် Plank ထောက်ပေးနိုင်ပြီး ပျော်ရွှင်မှုလို့ ခေါ်တဲ့ အကျိုးကျေးဇူး တစ်ခုကို ရယူလိုက်ပါ။

Plank ထောက်နေစဉ်မှာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကနေ Endorphins လို့ခေါ်တဲ့ ကောင်းတဲ့ ဓာတုဓာတ်တစ်မျိုး ထုတ်လုပ်ပေးပြီး ထိုအရာက ကွီးတို့ရဲ့ စိတ်ဖိစီးမှုများအားလုံးကို အဝေးသို့ လွှင့်စင်သွားအောင် ကူညီပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ကို အနေအထားမှန်ကန်စေခြင်း

ကွီး နေ့စဉ် အကျိုးကျေးဇူး

ခါးကုန်းခြင်း၊ လက်ပျဉ်ကုန်းခြင်းတို့သည် ခန္ဓာကိုယ်ရဲ့ အနေအထား မမှန်လို့ပဲဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ကို အနေအထားမှန်ပြီး စမတ်ကျကျပုံသဏ္ဍာန်မျိုး လိုချင်တယ်ဆိုရင်တော့ Plank လေ့ကျင့်ခန်းများရဲ့ အကူအညီကို ရယူလိုက်ပါ။

အရိုးအဆစ်များကို သန်မာစေပြီး ခန္ဓာကိုယ်ရှိ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း

ကွီး နေ့စဉ် အကျိုးကျေးဇူး

Photo: Gulfnews

ခန္ဓာကိုယ်ရှိ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အရိုးအဆစ်များကို သန်မာစေတဲ့ လေ့ကျင့်ခန်းကတော့ Plank လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ အရိုးတစ်သျှူးများကို အသစ်ဖြစ်ပေါ်စေပြီး ကွီးတို့ရဲ့ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

နေ့စဉ်ပြုလုပ်သင့်တဲ့ Plank လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း (၁)

plank exercise

Photo: Pinterest

ဒီလေ့ကျင့်ခန်းလေးကတော့ Standard Plank လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီစေချင်တဲ့အခါ လက်နှစ်ဖက်ကို ထိကပ်ကာ အားယူထားနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

plank exercise

Photo: Menshealth

ဒုတိယအမျိုးအစားကတော့ Side Plank ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ပုံပါအတိုင်း ဘေးတစောင်းအနေအထား ပြုလုပ်ရမှာဖြစ်ပါတယ်။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ Plank ထောက်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

plank exercise

Photo: Flab Fix

အရင်ဦးဆုံး ခန္ဓာကိုယ်က Plank ထောက်တဲ့ အနေအထားပြင်ပါ။ ထို့နောက် ဘယ်လက် မြှောက်လိုက်တဲ့အချိန်မှာ ညာခြေကိုပါ တစ်ပါတည်း မြှောက်လိုက်ပါ။

မူလအနေအထားအတိုင်း ပြန်နေပြီး ညာလက်နှင့် ဘယ်ခြေကို တစ်ချိန်တည်းမှာ မြှောက်ပါ။ ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

plank exercise

Photo: Giphy

ဒီ Plank အမျိုးအစားကတော့ ခန္ဓာကိုယ်ကို အပေါ်သို့လှန်ကာ လက်နှစ်ဖက်ကို အောက်မှာထားကာ Plank ထောက်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ Reverse Plank လို့ အမည်ပေးထားတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

လေ့ကျင့်ခန်း (၅)

plank exercise

Photo: Consent.yahoo

ဒီတစ်ခါမှာတော့ လက်နှစ်ဖက်က အရှေ့သို့ ဆန့်တန်းထားကာ Plank ထောက်ရမှာဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ မှ ၁ မိနစ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ကွီး တို့အနေနဲ့ အခုဖော်ပြသွားတဲ့ Plank လေ့ကျင့်ခန်းများကို နေ့စဉ် ပြုလုပ်ပေးပါက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး များစွာ ရရှိမှာဖြစ်တဲ့အတွက်ကြောင့် မပျက်မကွက် ပြုလုပ်သွားဖို့လိုအပ်ပါတယ်။

Source: Femina

Featured Image: Generationiron