ကွီး တို့သည် နေ့စဥ် နေ့တိုင်း စောင့်ကြည့်ခံနေရတယ်ဆိုတာကို သိပါသလား။ Maryland တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနစာတမ်းအရ ကျနော်တို့ လူသားတွေသည် ခေတ်မှီ ဒစ်ဂျစ်တယ်ပေါင်း မြောက်မြားစွာရဲ့ စောင့်ကြည့်နေခြင်းကို ခံနေရတာပဲဖြစ်ပါတယ်။

နည်းပညာ အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ကွီး တို့ရဲ့ နေ့စဥ် လှုပ်ရှားမှုများသည် စကင်ဖတ်ခံထားရပြီး ကွီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များသည် ချိုးဖောက်ခံနေရတာပဲဖြစ်ပါတယ်။

စမတ်ဖုန်းပစ္စည်း တော်တော်များများသည် သူတို့ရဲ့ ဖန်ရှင်အတိုင်း ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ဆိုရင် အင်တာနက်နဲ့ ချိတ်ဆက်ထားရမှာဖြစ်ပါတယ်။ အင်တာနက်နဲ့ ချိတ်ဆက်မထားဘူးဆိုရင် ကွီးတို့ တောင်းဆိုတဲ့ ဘာသတင်းအချက်အလက်ကိုမှ ပြန်လည် ဝေမျှပေးနိုင်မှာ မဟုတ်ပါဘူး။ ဥပမာဆိုရသော် ကွီးတို့ရဲ့ အိမ်နံရံမှာ ကပ်ထားတဲ့ အပူချိန်တိုင်း စမတ်သာမိုကိရိယာလေးသည် ဒီနေ့ နေသာမလား၊ အပူချိန် ဘယ်လောက်ရှိမလဲ ဆိုတာကို သိရှိပြီး သတင်းအချက်အလက်များကို တစ်ထပ်တည်းနီးပါး ပြန်လည် ပေးအပ်နိုင်ဖို့ဆိုရင် သူ့ကို စမတ်နည်းပညာများနှင့် ချိတ်ဆက်ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ထိုစမတ်ပစ္စည်းများသည် ကွီးတို့ကို ဘေးအန္တရာယ် ဖြစ်စေနိုင်သလား

စမတ်ပစ္စည်း

ဒီအချက်အလက်ကတော့ စမတ်ပစ္စည်းရဲ့ အလုပ်လုပ်ဆောင်မှုပေါ်မှာ မူတည်နေမှာပဲဖြစ်ပါတယ်။ စမတ်လုံခြုံရေး ကင်မရာကတော့ ကွီးတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို မှတ်တမ်း တင်ထားမှာဖြစ်ပါတယ်။ Alex အသံ ထည့်သွင်းထားတဲ့ စမတ်ပစ္စည်းများသည်လည်း ကွီးတို့ရဲ့ နေ့စဥ် လှုပ်ရှားမှုကို စောင့်ကြည့်ကာ သူ့အချက်အလက်များကို အသုံးချပြီး ဖန်ရှင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီအချက်တွေကတော့ ကွီးတို့ သိပြီးသားပဲဖြစ်ပါတယ်။

ဒါပေမယ့် ထူးဆန်းတာတစ်ခုကတော့ ကွီးတို့ရဲ့ စမတ်တီဗွီသည်လည်း အထက်ဖော်ပြပါ လုပ်ငန်းစဥ်များအတိုင်း လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ စမတ် လျှပ်စစ်မီးသီးသည်လည်း ကွီးတို့ အိပ်ပျော်နေစဥ်မှာ ကွီးတို့ရဲ့ နှလုံးခုန်သံကို မှတ်တမ်း တင်ထားမှာဖြစ်ပါတယ်။​ ဒါ့အပြင် စမတ် ဖုန်စုပ်စက်သည်လည်း ကွီးတို့ အိမ်ရဲ့ အနေအထားကို စကင်ဖတ်ထားမှာဖြစ်ပါတယ်။ ဒါမှသာလျှင် သူက သန့်ရှင်းရေး လုပ်နေစဥ်မှာ ကြီးမားတဲ့ အိမ်သုံးပစ္စည်းများနဲ့ မတိုက်မိမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ကိုယ်ရေး အချက်အလက်များသည် ဒီပုံစံအတိုင်း ဆက်လက်ချိုးဖောက်ခံနေရမှာလား

ကွီး နေ့စဥ်

ကုမ္ပဏီတွေကတော့ ကွီးတို့ရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို မထိခိုက်စေရပါဘူးလို့ ကတိပေးထားပြီး ကွီးတို့ရဲ့ အချက်အလက်တွေသည် လူသား မဟုတ်သူများနှင့် အလိုအလျောက် ဆုံးဖြတ်ချက် ချဖို့ရန်အတွက် လိုအပ်တဲ့ စက်ပစ္စည်းများသည် မြင်တွေ့ပြီး မှတ်တမ်းတင်ထားမှာဖြစ်တယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။ သို့သော် ဒီကတိစကားက အမြဲတမ်းတော့ မမှန်နိုင်ပါဘူး။ ဥပမာဆိုရသော် ကွီးတို့သည် Alexa နဲ့ အပြန်အလှန်စကားပြောတဲ့အခါ Amazon ကုမ္ပဏီက ဝန်ထမ်းများသည် နားထောင်နေမှာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ထိုပစ္စည်းများကို ဒေတာအသုံးပြုခွင့် ကန့်သတ်ထားမယ်ဆိုရင်တော့မှ ကွီးတို့သည် ဟက်ကာများရဲ့ သားကောင်အဖြစ် ပစ်မှတ်အထားခံရမှာပဲဖြစ်ပါတယ်။

နေ့စဥ် စောင့်ကြည့်ခံနေရတဲ့ အဖြစ်ကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲ

ကွီး နေ့စဥ်

ကွီးတို့ရဲ့ စမတ်ပစ္စည်းများသည် Update ပြုလုပ်ဖို့ လိုအပ်ပါက ချက်ချင်း Update ပြုလုပ်ပါ။ ဒါ့အပြင် Setting ထဲသို့ သေချာ ဝင်ရောက်ကာ မလိုအပ်တဲ့အရာများကို တားဆီးပိတ်ပင်ထားလိုက်ပါ။ ဟက်ကာများရဲ့ အန္တရာယ်ကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက်များကို လက်လွတ်စပယ်မထားဘဲနဲ့ သေသချာချာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့လည်း စမတ်ပစ္စည်းများရဲ့  စောင့်ကြည့်ခံနေရတဲ့ အန္တရာယ်ကနေ ကင်းဝေးမှာပဲ ဖြစ်ပါတယ်။

Source: Studyfinds

Featured Image: Cyberghostvpn