လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းကအချိန်နဲ့ ယခုအချိန်ကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အပြောင်းလဲကြီး ပြောင်းလဲသွားတာကို တွေ့မြင်ရမှာဖြစ်ပြီး အချို့အရာတွေဆိုရင် လုံးဝ ပျောက်ကွယ် သွားတာကို တွေ့မြင်ရပါလိမ့်မယ်။ ဥပမာဆိုရင် လူတိုင်း စမတ်ဖုန်း မသုံးနိုင်ခင်တုန်းက အရေးကြီးကိစ္စ ဆက်သွယ်ရတော့မယ်ဆိုရင် ဆက်သွယ်ရေးရုံးတွေက ချပေးထားတဲ့ ကြိုးဖုန်းဆိုင်တွေကို ပြေးရင် ပြေး၊ ဒါမှမဟုတ် အိမ်ဆိုင်တွေက ကြိုးဖုန်းတွေနဲ့ သွားရောက်ဆက်သွယ်ရပါတယ်။

ဒါပေမဲ့ ယခုအချိန်မှာတော့ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ အဆင့်မြင့် အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ခေတ်စားခဲ့တဲ့အရာတွေသည် ယခုအချိန်မှာ လုံးဝ ပျောက်ကွယ် သွားသလိုမျိုးပဲ နောက်လာမယ့် အနာဂတ်မှာရော ဘယ်လိုပစ္စည်းတွေက ပျောက်ကွယ်လို့ ထင်ပါသလဲ။

အိမ်သော့နှင့် ကားသော့များ

၁၀ ပျောက်ကွယ်

ယခုအခါတွင် အိမ်သော့များ၊ ကားသော့များကို လက်ဗွေဖြင့် ပြုလုပ်ထားသည့်စနစ်၊ လျှို့ဝှက်နံပါတ်များဖြင့် သတ်မှတ်ထားတဲ့ စနစ်ဖြင့် လုံခြုံအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ နောက်လာမယ့် အနာဂတ်မှာ အိမ်သော့များ၊ ကားသော့များ ဘယ်နား ထားလို့ ထားမိမှန်းမသိ၊ လိုက်ရှာနေရတဲ့ ဒုက္ခကနေ ကင်းဝေးနိုင်မှာပဲဖြစ်ပါတယ်။

USB Drive များ

၁၀ ပျောက်ကွယ်

အရင်ကဆိုရင် သီချင်းတစ်ပုဒ်ပုဒ် ကူးချင်တဲ့အခါ CD ချပ်များ၊ DVD ချပ်များ အသုံးပြုခဲ့ရပါတယ်။ တဖြည်းဖြည်း ခေတ်မှီလာတဲ့အခါမှာတော့ USB Drive များကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ အွန်လိုင်းကတဆင့် Share လာကြရာမှ USB Drive များကို များများစားစား အသုံးမပြုကြတော့တာကို တွေ့မြင်ကြရမှာပါ။ နောက်လာမယ့် ၁၀ နှစ်ခန့်မှာလည်း ထိုအရာများ ပျောက်ကွယ်သွားနိုင်ပါတယ်။

အကြွေးဝယ်ကတ်များ၊ ဘဏ်ကတ်များ

၁၀ ပျောက်ကွယ်

ယခုအခါမှာ ဈေးဝယ်ထွက်ကြတဲ့အခါ မိုဘိုင်းလ်ဖုန်းဖြင့် အွန်လိုင်းကနေတဆင့် ငွေပေးချေလာကြပါတယ်။ ယခင်ကဆိုရင် ငွေသားချည်းပဲ အသုံးပြုလာခဲ့ကြရာမှတဆင့် အကြွေးဝယ်ကတ်များ၊ ဘဏ်ကတ်များဖြင့် ငွေပေးချလာကြပါတယ်။ ယနေ့ခေတ်မှာတော့ မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေခြင်းက ပိုမိုမြန်ဆန်လာတာကြောင့် ထိုနည်းလမ်းကို ရွေးချယ်လာကြတာပဲ ဖြစ်ပါတယ်။

ဖုန်းပေါ်ရှိ ခလုတ်များ

၁၀ ပျောက်ကွယ်

စမတ်ဖုန်း ကုမ္ပဏီများသည် သူတို့ရဲ့ နည်းပညာများကို တစ်စထက်တစ်စ အဆင့်မြင့်လာအောင် ပြုလုပ်လာကြပါတယ်။ နောက်လာမယ့် ၁၀ နှစ်ခန့်မှာတော့ ဖုန်းပေါ်ရှိ ပါဝါခလုတ်များ၊ အသံ အတိုးအကျယ် ခလုတ်များသည် ပျောက်ကွယ်သွားမှာဖြစ်ပြီး ထိုခလုတ်များအစား Touchscreen များပေါ်တွင် အစားထိုးလာနိုင်ဖွယ်ရှိပါတယ်။

အားသွင်းကြိုးများ

အားသွင်းကြိုးများ

ယခုအခါမှာ Wireless စနစ်ဖြင့် ဖုန်းအားသွင်းခြင်းနည်းပညာကို စတင်မိတ်ဆက်ပေးနေပြီပဲ ဖြစ်ပါတယ်။ လာမယ့်အနာဂတ်မှာတော့ Wireless စနစ်ဖြင့် အားသွင်းခြင်းကို တဖြည်းဖြည်း တွင်ကျယ်စွာ အသုံးပြုလာကြမှာဖြစ်ပြီး အားသွင်းကြိုးများသည်လည်း ခေတ်နောက်ကျသွားကာ တဖြည်းဖြည်း အသုံးပြုမှု နည်းပါးသွားမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော နောင်လာမယ့်အနာဂတ်မှာ ဘယ်လိုအရာတွေသည် ပျောက်ကွယ်သွားမယ်လို့ ထင်ပါသလဲ။

Source: Insider

Featured Image: Bestlifeonline