လူတိုင်း လူတိုင်းက တိုးတက်‌အောင်မြင် ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဒါပေမဲ့ လူတိုင်းကတော့ သူတို့လိုချင်တဲ့ တိုးတက်အောင်မြင်ခြင်းဆီကို အရောက်မသွားနိုင်ကြပါဘူး။ ဘဝမှာ တစစတိုးတက်နေတဲ့ သူတွေ ၊ အောင်မြင်နေတဲ့ သူတွေကို ကြည့်လိုက်ရင် ကြိုစားမှုများနဲ့ အလေ့အကျင့်ကောင်းများ ရှိတာကို တွေ့ရမှာပါ။ ကွီးတို့အနေနဲ့ရော တစ်ခါတစ်လေကျရင် ကိုယ်ကြိုးစားနေသလောက် မတိုးတက်တာမျိုး ဖြစ်ဖူးပါသလား။ ဒါဆိုရင်တော့ ကိုယ်တိုင် သတိမထားမိဘဲ လုပ်မိနေတတ်တဲ့ အချက်တွေ ရှိလို့ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီး တို့ အချိန်မှီ ပြင်ဆင်နိုင်အောင် ကွီးတို့ကိုယ်တိုင် သတိမထားမိဘဲ လုပ်မိနေတတ်တဲ့ ဘဝတိုးတက်ရေးကို နှောင့်ယှက်နေတဲ့ အလေ့အကျင့်ဆိုးတွေ ကို ဖော်ပြပေးချင်ပါတယ်။

တစ်ခုခုကို စလုပ်ဖို့ အချိန်ကို စောင့်ဆိုင်းတတ်ခြင်း

ကွီး ဘဝတိုးတက်ရေးကို

Photo : Vistra Create

အလုပ်တစ်ခုခုကို စတင်လုပ်ဖို့ အကြောင်းဖန်လာရင် ကွီးတို့အနေနဲ့ ချက်ချင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အချိန်မှာ မလုပ်ပဲ စောင့်နေတတ်တဲ့ အကျင့်ရှိပါသလား။ ဥပမာ အားဖြင့် မနက်ဖြန် အခန်းသန့်ရှင်းရေး လုပ်မယ် ၊ နောက်တစ်ပတ်ကျရင် အလုပ်အသစ်စမယ် ၊ မနက်ကျရင်တော့ဖြင့် Workout စလုပ်မယ် ၊ တစ်နေ့ကျရင် ကိုယ်ပိုင် စီးပွားရေးလုပ်မယ် စသည်တို့ပဲ ဖြစ်တတ်ပါတယ်။ လူတော်တော်များများ ကတော့ ဒီလို အခြေအနေမျိုးတွေ လုပ်ဖူးမယ်လို့ ထင်ပါတယ်။ ဒီလို အတိအကျမရှိဘဲ အချိန်တစ်ခုကို စောင့်ဆိုင်းနေတတ်ခြင်း ၊ အချိန်ရွေ့နေခြင်းက ကွီးတို့ လုပ်ဆောင်ရမဲ့ အရာများကို နှောင့်နှေးစေပြီး အချို့သော ကိစ္စများကို မလုပ်ဖြစ်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအချက်က ကွီး တို့ ဘဝတိုးတက်ရေးကို နှောင့်ယှက်နေတဲ့ အကြီးမားဆုံး အလေ့အကျင့်ဆိုးဖြစ်ပြီး အချိန်မှီ ပြုပြင်သင့်တဲ့ အချက်ပါ။

ကိုယ့်ကိုယ်ကို သံသယဝင်ခြင်း

ကွီး ဘဝတိုးတက်ရေးကို

Photo : Inc Magazine

ကိုယ့်ကိုယ်ကို သံသယဝင်ခြင်းဟာ ဘဝအတွက် မလိုအပ်တဲ့ အ‌လေးပင်ဆုံး အရာထဲက တစ်ခုပါ။ တစ်ခုခုကို ငါလုပ်နိုင်ပါ့မလား ၊ ငါ မကျွမ်းကျင်ဘူး ၊ သူ့လောက်တော့ ငါက ဉာဏ်မမီဘူး စသဖြင့် ခံစားချက်တွေက ကိုယ့်ကိုယ်ကို သံသယဝင်ခြင်း တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိခြင်းပါပဲ။ ဒီလို ကိုယ့်ကိုယ်ကို သံသယဝင်ခြင်းက ကွီးတို့ဘဝမှာ ရရှိလာမဲ့ အခွင့်အရေးတွေ ၊ တတ်လမ်းတွေ အများကြီးကို လက်လွှတ်ကျောခိုင်း ရနိုင်ပါတယ်။ ဒီ အချက်ကိုလည်း ကွီးတို့ အချိန်မှီ ပြုပြင်ရပါမယ်။ ကိုယ့်ကိုယ်ကို သံသယဝင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့အခါက ခွန်အားဖြစ်စေတဲ့ အတွေးတွေနဲ့ ညင်သာစွာ အစားထိုးခြင်းဖြင့် စတင်ပါတယ်။ ဥပမာအားဖြင့် “ငါမလုပ်နိုင်ဘူး” လို့ တွေးနေတဲ့မိတဲ့အခါ “ငါလုပ်နိုင်ပါတယ်၊ ငါ အရည်အချင်းရှိတယ်” ဆိုတာမျိုး ကိုယ့်ကိုယ်ကို ကြင်နာစွာ ပြောခြင်းဖြင့် အစားထိုးပါ။

သူတစ်ပါးနဲ့ နှိုင်းယှဉ်ခြင်း

ကွီး ဘဝတိုးတက်ရေးကို

Photo : Shockwave Innovations

ကိုယ့်ကိုယ်တိုင်က သတိထားမိဘဲ သူတစ်ပါးရဲ့ အခြေအနေနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်မိတတ်ပါတယ်။ ဒါဟာ ကွီးတို့ ဘဝရဲ့ ပျော်ရွှင်ခြင်းကို ခိုးယူနေတဲ့ အလေ့အကျင့်ဆိုး တစ်ခုပါပဲ။ ဒီနေ့ကစပြီး မိမိဘာသာ သူများနဲ့ နှိုင်းယှဉ်မိနေတဲ့ အချက်ကို စွန့်လွှတ်လိုက်ပါ။ မည်သူမျှ ပြီးပြည့်စုံသော အသားအရေ ၊ အိမ်ထောင်ဖက် ၊ အလုပ် ၊ သားသမီး ၊ အစားအသောက် ၊ ခန္ဓာကိုယ် စသည်တို့ မရှိကြပါဘူး။ ကျွန်ုပ်တို့အားလုံးက ကျွန်ုပ်တို့ ဘဝမှာ ရရှိသမျှကို အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဆောင်ကြရမဲ့ တာဝန်သာရှိပါတယ်။ သူတစ်ပါးနဲ့ မိမိကိုယ်ကို မနှိုင်းယှဉ်ပဲ ကိုယ့်ဘဝ တိုးတက်အောင်မြင်ရေးကိုသာ ရှေးရှုပြီး ကွီးတို့အမှန်တကယ် လိုချင်တဲ့ ဘဝပုံစံကို ဖန်တီးပါ။ ဘဝမှာ မပြည့်စုံရင်တောင် ကွီးတို့မှာရှိတာတွေကို တန်ဖိုးထားပေးပါ။ ထိုနည်းဖြင့် ကွီးတို့အတွက် ပျော်ရွှင်မှုကို ပိုပြီးခံစားရပါလိမ့်မယ်။

သူတစ်ပါးရဲ့ ထင်မြင်ချက်ကို ဂရုစိုက်ခြင်း

life progress

Photo : Happiness

ကွီး တို့ကိုယ်တိုင် သတိမထားမိဘဲ လုပ်မိနေတတ်တဲ့ ဘဝတိုးတက်ရေးကို နှောင့်ယှက်နေတဲ့ အချက်တွေထဲမှာ သူတစ်ပါးရဲ့ ထင်မြင်ချက်ကို ဂရုစိုက်ခြင်းလည်း ပါဝင်ပါတယ်။ ကွီးတို့ အနေနဲ့ သူတစ်ပါးဆီက အကြံကောင်း ရယူတာက ကိစ္စမရှိပေမဲ့ တစ်ခါတစ်လေ ကိုယ်တိုင် လုပ်နိုင်စွမ်းရှိပါလျက်နဲ့ သူတစ်ပါးရဲ့ အပျက်သဘောဆောင်သော ထင်မြင်ယူဆချက်များကို ဂရုစိုက်မိပြီး လုပ်ဖို့ တွန့်ဆုတ်နေတဲ့ အရာတွေ ၊ မလုပ်ဖြစ်လိုက်တဲ့ အရာတွေ ရှိမှာပါ။ ဒါကို ဂရုမစိုက်ဖို့ လိုပါတယ်။ ကွီးတို့ ယုံကြည်ချက်အတိုင်း ကိုယ့် ဘဝတိုးတက်ရေးကို သာ အာရုံစိုက်ပြီး လျှောက်လှမ်းပါ။

တစ်ချိန်တည်းမှာ အလုပ်များစွာလုပ်ခြင်း

life progress

Photo : Every

တစ်ခါတစ်လေကျရင် ကျွန်တော်တို့ဟာ အလုပ်တွေ အများကြီး တစ်ပြိုက်နက်တည်း လုပ်ခြင်းက တိုးတက်အောင်မြင်ဖို့ အတွက် အထောက်အကူပြုတယ်လို့ ထင်တတ်ကြပါတယ်။ ဒါက လုံးဝကို မှားယွင်းတဲ့ အချက်ပါ။ လေ့လာမှုများအရ တစ်ကြိမ်မှာ အလုပ်တစ်ခုကိုသာ အာရုံစူးစိုက်လုပ်တာ အလုပ်ပြီးမြောက်အောင်မြင်နိုင်စွမ်း ပိုများပြီး တစ်ပြိုင်နက် အလုပ်အများကြီးလုပ်သူတွေထက် အကျိုးများတယ်လို့ ဆိုပါတယ်။ အလုပ်အများကြီးကို တစ်ပြိုင်နက်လုပ်ရင် အမှားအယွင်းလည်း ပိုများနိုင်ပါတယ်။ ဒီအလေ့အကျင့်ဆိုးကို ချိုးဖျက်လိုက်တဲ့ အခါမှာ ကွီးတို့ရဲ့ အလုပ်အရည်အသွေး ပိုမိုကောင်းမွန်လာမည် ဖြစ်ပြီး ဘဝတိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ ကွီးတို့ဘဝ တိုးတက်ရေးကို နှောင့်ယှက်နေတဲ့ အရာတွေကို အချိန်မှီ ပြင်ဆင်ပြီး အရောက်လှမ်းချင်တဲ့ ပန်းတိုင်ကို နှောင့်နှေးခြင်းမရှိ ရောက်နိုင်အောင် ဆန္ဒပြုလိုက်ပါတယ်။

Source : A Point of Light

Featured Photo : Inc. Magazine