ကွီးတို့ရေ လူတွေမှာ မကောင်းတဲ့အလေ့အကျင့်တွေကို မကောင်းမှန်းသိပေမဲ့ မပြင်ကြတာ တွေ့ရပါတယ်။ ဥပမာ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိပေမဲ့ ဆေးလိပ် မဖြတ်နိုင်ကြ သလိုပေါ့။ ဘဝ တိုးတတ်ရေး အတွက် အောင်မြင်ကြီးပွား နေသူတွေနဲ့ ပညာရှင်တွေက ထောက်ပြထားတဲ့ ကွီးတို့ ချက်ချင်း ရပ်တန့်ပစ်ရမဲ့ အရာများကို တင်ပြပေးလိုက်ပါတယ်။

(၁) တိုးတက်မှုကို အထောက်အကူမပြုသူတွေနဲ့ အချိန်ဖြုန်းတာကို ရပ်လိုက်ပါ

ဘဝ တိုးတတ်ရေး

Photo : CNBC

ဘဝက တိုတောင်းလွန်းတဲ့ အပြင် အချိန်တွေဟာ တန်ဖိုးရှိလှပါတယ်။ တိုးတတ်အောင်မြင်ချင်တဲ့ လူတိုင်းက အချိန်ကို တန်ဖိုးထားပြီး အလဟာသ အကုန်မခံကြပါဘူး။ ဒါကြောင့် ကွီးတို့လည်း ဘဝ တိုးတက်မှုအတွက် အထောက်အကူ မပြုတဲ့သူတွေနဲ့ အချိန်ကုန်ခံမနေပါနဲ့။ ကွီး အခက်အခဲရှိနေချိန်မှာ အနားက ဖေးမကူညီနေသူတွေကို သတိရပါ။ သူတို့က ကွီးတို့ ဘဝ တိုးတတ်ရေး ကို ကူညီနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ ပတ်ဝန်းကျင်မှာ ပညာယူနိုင်မဲ့လူတွေ၊ ကြိုးစားနေသူ‌တွေ နဲ့ပေါင်းသင်းပါ။

(၂) ပြဿနာတွေနဲ့ လုံထွေးရပ်ပတ်နေတာကို ရပ်လိုက်ပါ

ဘဝ တိုးတတ်ရေး

Photo : Happier Human

ကွီးတို့ရေ လူတိုင်းလူတိုင်း ဟာ ဘဝမှာ တစ်ဖက်ဖက်ကနေ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ကြုံတွေ့ရစမြဲပါ။ ထိုသို့ ကြုံတွေ့ရမှ ရှောင်ပြေးတာက အဖြေတော့ မဟုတ်ပါဘူး။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပါ။ သင်ယူပါ။ လိုက်လျော ညီထွေဖြစ်အောင် လုပ်ပါ။ နေ့စဉ်ဘဝမှာ လူတိုင်းဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို လက်ခံထားပါ။ ဒါဆိုရင် ကွီးတို့ရဲ့ ဘဝ တိုးတတ်ရေးမှာ ကြုံတွေ့ လာနိုင်တဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းလာနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုကိုယ် လိမ်တာကို ရပ်လိုက်ပါ

ဘဝ တိုးတတ်ရေး

Photo : PBS

ဘဝမှာတိုးတက်အောင်မြင်ဖို့ အခွင့်အရေးတွေထဲမှာ ရိုးသားမှုဘဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မလိမ်ခဲ့ရင် အခြားသူတွေအပေါ်လည်း လိမ်ညာမှာ မဟုတ်ပါဘူး။ ရိုးသားမှုကနေ အခြားသူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ ဒါဟာ ကွီးတို့ဘဝ တိုးတတ်အောင်မြင်ဖို့အတွက် ပထမဆုံးခြေလှမ်းပါပဲ။

(၄) ကိုယ့်ကိုယ်ကို အမှန်အတိုင်း သိပါ။ လက်ခံပါ

ဘဝ တိုးတတ်ရေး

Photo : Medium

ကမ္ဘာပေါ်မှာ လူတွေက အခြားလူတွေနဲ့ တူအောင် လိုက်လုပ်တတ်ကြပါတယ်။ အခြားသူတွေလို အောင်မြင်အောင်၊ ချမ်းသာအောင်၊ နုပျိုအောင် အထင်ကြီးလုပ်နေကြပါတယ်။ တကယ်တော့ ကွီးအနေနဲ့ ကိုယ့်ဘဝ အမှန်ပေါ်မှာ ရပ်သင့်ပါတယ်။ အဲဒီအပေါ်မှာဘဲ လူတွေမြင်အောင် လုပ်ပါ။ ဒါ့အပြင် လူတိုင်းက ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒါကို လက်ခံပြီး ကိုယ့်ရဲ့ အရှိအတိုင်း ကနေ အောက်မြင်တိုးတတ်အောင် ကြိုးစားပါ။

(၅) အတိတ်က ကျရှုံးမှုတွေထဲမှာ နစ်မွန်းနေတာ ရပ်လိုက်ပါ

life progress

Photo : JBM Smart Start

ကွီးတို့ရေ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ နောင်တတွေ၊ အမှားတွေ၊ ကျရှုံးမှုတွေ ကြုံတွေ့ဖူးမှာပါ။ ထိုသို့ ကြုံတွေ့ခဲ့ရတဲ့ ကျရှုံးမှုတွေထဲမှာ ရုန်းမထွက်နိုင်ဘဲ စိတ်ဓာတ်ကျနေရင် ကွီးတို့ ဘဝ တိုးတတ်ရေး မှာ ကြီးမားတဲ့ အနှောင့်အယှက်ပါ။ ဒါကြောင့် အတိတ်က ကျရှုံးမှုတွေကို သင်ခန်းစာ ယူပါ၊ သင်ယူပြီး တိုးတတ်အောင်မြင်ရေးအတွက် လှေကားထစ် အဖြစ်ဖန်တီးလိုက်ပါ။

(၆) အမှားလုပ်မိမှာ ကြောက်တာကို ရပ်လိုက်ပါ

life progress

Photo : Sales Strategy Blog

တစ်ခုခုလုပ်ပြီး အမှားလုပ်မိရင် ဘာမှမလုပ်တာထက် အနည်းဆုံးဆယ်ဆ ပိုအကျိုးရှိပါတယ်။ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာကျရှုံးမှုတွေရှိပြီး နောက်ပိုင်း မှာ အောင်မြင်မှုဆီ ဦးတည်နေပါတယ်။ ကွီးလုပ်ခဲ့တဲ့အမှားအတွက် နောင်တမရဘဲ သင်ခန်းစာတော့ ရယူပါ။ ဆက်လက်ကြိုးစား လုပ်ဆောင်ပါ။

(၇) အခက်အခဲအတွက် အခြားသူများကို အပြစ်မတင်ပါနှင့်

life progress

Photo : Psycholohy Today

ကွီးရဲ့အိပ်မက်တွေ ဘယ်လောက်အောင်မြင်မယ်ဆိုတာ ကွီးတာဝန်ယူတဲ့ အတိုင်းအတာပေါ် မူတည်ပါတယ်။ ကွီးကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး အခြားသူများကို အပြစ်တင်ခြင်းက ကွီးလုပ်ရမဲ့ တာဝန်ကို ငြင်းပယ်ခြင်းနဲ့ အတူတူပါဘဲ။ ကွီးရဲ့ အိမ်မက်အတွက် အခြားသူတွေကို တာဝန်မပေးပါနဲ့။

(၈) စိုးရိမ်ပူပန်မှု မလွန်ကဲပါစေနဲ့

life progress

Photo : Verywell Mind

ကွီးတို့ရဲ့ စိုးရိမ်ပူပန်မှုက မနက်ဖြန်လုပ်ရမဲ့ ဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး။ စိုးရိမ်မှု သိပ်များနေရင် ယနေ့ပျော်ရွှင်မှုကို ဖယ်ရှားသွားပါလိမ့်မယ်။ ဒါကြောင့် စိုးရိမ်ပူပန်နေခြင်းက တကယ်ဖြစ်သင့်သလား ကွီးကိုယ်တိုင် မေးကြည့်ပါ။ အလုပ်အတွက် စိတ်ပူပန်မှုက ချက်ချင်းကြီး အကျိုးသက်ရောက်လာမှာလား။ မဟုတ်ဘူးဆိုရင် စိတ်မပူပါနဲ့။ အချိန်က ကုစားသွားနိုင်ပါလိမ့်မယ်။

ကွီးတို့ရေ အခုတင်ပြလိုက်တာက ကွီးတို့ ဘဝ တိုးတတ်ရေး အတွက် ချက်ချင်းရပ်တန့်ပစ်ရမဲ့ အရာများအနက် အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ဘဝ တိုးတက်ရေး ကို နှောင့်အယှက် ဖြစ်စေတဲ့ ချက်ချင်း ရပ်တန့်ပစ်ရမဲ့ အရာများ ကို လိုက်နာလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Marc and Angel

Featured Photo : Virtual