ကွီး တို့ ဘဝကို အောင်မြင်ခြင်းနဲ့ ဝေးရာဆီသို့ တွန်းပို့နေပြီး ဘဝကြီးကို လုံးပါးပါးကာ ပျက်စီးသွားစေတဲ့ အရာများကို သတိထားဖို့ လိုအပ်ပါတယ်။ ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ ဘဝ မှာ အောင်မြင်မှုများကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့်အချက်များကို သတိ ထားဖို့ လိုအပ်ပါတယ်။

ပျင်းရိတတ်တဲ့ စိတ်

ပျင်းရိတတ်တဲ့ စိတ်

ပျင်းရိတတ်တဲ့စိတ်က ကွီးတို့ရဲ့ ကြိုးစားချင်စိတ်ကို တဖြည်းဖြည်း ဝါးမြိုပစ်ပြီး နောက်ဆုံးမှာတော့ ကွီးတို့ဘဝကို ရေစုန်မြောသွားစေမှာပဲ ဖြစ်ပါတယ်။ ပျင်းရိတဲ့သူသည် အရည်အချင်း ညံ့ဖျင်းသွားပြီး အရှုံးများနှင့်သာ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ပျင်းခြင်းကနေ ဖျင်းမသွားဖို့အတွက် ကိုယ့်ရဲ့ စိတ်ကို ကိုယ်ကိုယ်တိုင် ထိန်းကျောင်းသင့်ပါတယ်။

အချိန်ဆွဲတတ်တဲ့ စိတ်

အချိန်ဆွဲတတ်တဲ့ စိတ်

အချိန်တွေရှိပါသေးတယ်၊ နောက်နေ့မှ လုပ်မယ်၊ အေးဆေးပေါ့၊ နေမကောင်းသေးလို့၊ ဗိုက်ဆာလို့၊ ပူလို့၊ အိုက်လို့ အစရှိတဲ့ ဆင်ခြေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိပါသလား။ ထိုဆင်ခြေမျိုးကို မကြာခဏ ပေးနေမိမယ်ဆိုရင်တော့ သေချာပါတယ်၊ ကွီးတို့သည် ပျင်းရိပြီး အချိန်ဆွဲတတ်တဲ့သူပဲ ဖြစ်ပါတယ်။ အချိန်တွေသည် သူ့ရဲ့ သဘာဝအတိုင်း တရွေ့ရွေ့ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေကို ဘယ်အရာနဲ့မှ ပြန်ဝယ်လို့ မရပါဘူး။ ကျွန်တော်တို့သည် အချိန်ခဏလေးအတွင်းမှာပဲ တစ်ရက် ကုန်သွားမယ်၊ တစ်ရက်ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လ၊ တစ်လကနေ တစ်နှစ် စသည်ဖြင့် အချိန်ကုန်သွားမှာပါ။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်လို့ ပြောနေချိန်မှာပဲ အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီဆိုတာကို ကွီးတို့ သတိထားဖို့ လိုပါလိမ့်မယ်။

အခြားသူများနှင့် မိမိကိုယ်ကိုယ် လိုက်ယှဥ်တတ်တဲ့စိတ်

ကွီး ဘဝ သတိ

အခြားသူများနှင့် မိမိကိုယ်ကိုယ် လိုက်လံနှိုင်းယှဥ်နေခြင်းသည် ဘယ်တော့မှ နိုင်မှာမဟုတ်တဲ့ ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အခြားသူများနှင့် လိုက်လံနှိုင်းယှဥ်နေခြင်းက ကွီးတို့ရဲ့ စိတ်ကိုသာ ပင်ပန်းစေပြီး ဘာမှလည်း အကျိုးရှိမှာမဟုတ်ပါဘူး။ ထိုကဲ့သို့ သူများနဲ့ လိုက်ပြိုင်နေပြီး မနာလိုစိတ်ထားခြင်းသည် လောကမှာ မလုပ်သင့်ဆုံးအရာပဲ ဖြစ်ပါတယ်။ လောကမှာ စိတ်ကောင်း နှလုံးကောင်းထားနိုင်မှသာလျှင် ကွီးတို့အတွက် စိတ်အေးချမ်းခြင်းနှင့် အကောင်းမြင်တတ်တဲ့စိတ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကွီးတို့က အခြားသူနဲ့ သိပ် ယှဥ်ပြိုင်ချင်သပဆိုရင် ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်ကြည့်ပါ။ မှန်ထဲကလူနဲ့ပဲ လိုက်ပြိုင်ကြည့်ပါ။ ဒါမှမဟုတ် မနေ့က သင်နဲ့ ဒီနေ့ သင်နဲ့ ဘာတွေ တိုးတက်လာသလဲ၊ ဆုတ်ယုတ်သွားသလဲဆိုတာကို နှိုင်းယှဥ်ရပါမယ်။ ဒါမှသာလျှင် အောင်မြင်ခြင်းဆီ တက်လမ်းနိုင်မှာပဲဖြစ်ပါတယ်။

အခြားသူတွေက ကိုယ့်ကို ဘယ်လိုထင်နေကြမလဲဆိုတာကို တွေးပူနေတတ်တဲ့စိတ်

ကွီး ဘဝ သတိ

လူတွေကတော့ သူတို့ရဲ့ ထုံးစံအတိုင်း နှစ်ယောက်ရှိရင် အတင်းပြောမယ်၊ သုံးယောက်ရှိရင် ရန်ဖြစ်မယ်၊ လေးယောက်ရှိရင် နှစ်ဖွဲ့ခွဲ့ပြီး ရန်ပတ်ဖြစ်နေမှာပဲဖြစ်ပါတယ်။ ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်ဆိုတာထက် ကဲ့ရဲ့ဖို့က အရင်ပါပဲ။ ချီးမွမ်းဖို့ဆိုတာကတော့ တော်တော်ကြီးကို သူတို့စိတ်ထဲ ဘဝင်တွေ့နေမှာပါ။ အောင်မြင်မှု လမ်းမထက်မှာ လျှောက်လှမ်းနေတဲ့အခါ သူတို့ရဲ့ ကဲ့ရဲ့စကားများကို လိုက်နားယောင် မနေပါနဲ့။ ကိုယ် လုပ်စရာရှိတာကိုသာ လုပ်ဆောင်ပါ။

ကိုယ့်ကိုယ်ကိုယ် မယုံကြည်တတ်တဲ့စိတ်

ကွီး ဘဝ သတိ

ငါ ဒီအရာကို လုပ်နိုင်ပါ့မလား၊ ငါ လုပ်လိုက်ရင် အောင်မြင်နိုင်ပါ့မလား၊ ရှုံးနိမ့်သွားရင် ဘယ်လိုလုပ်မလဲ စတဲ့ သံသယ မေးခွန်းများနှင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့အဖြစ်ကလည်း ရပ်တန်းက ရပ်ပစ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့စိတ်က ကွီး တို့ရဲ့ ဘဝ ကို တဖြည်းဖြည်းနဲ့ လုံးပါးပါးသွားစေတာကို သတိ ပြုသင့်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ချက်မွေးပါ။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ယူရမှာပဲဖြစ်ပါတယ်။

မာန်မာနတစ်ခွဲသားနှင့် မောက်မာထောင်လွှားနေခြင်း

ကွီး ဘဝ သတိ

မာန်မာန တစ်ခွဲသားနှင့် ထောင်လွှား မောက်မာတတ်တဲ့သူသည် ဘဝမှာ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အောင်မြင်လည်း ခဏတာသာဖြစ်ပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလိုပေါ့။ ပညာရည် မပြည့်ဝသူတွေသည် သူတို့ကပဲ အကုန်သိ အကုန်တတ်ဆိုသလို ဟန်ဆောင်နေပြီး အခြားသူများကို အထင်သေး အမြင်သေးနှင့် ခွဲခြားဆက်ဆံတတ် ကြပါတယ်။ ပညာရည် နှလုံးရည် ပြည့်ဝသူများကတော့ ထိုကဲ့သို့ မဟုတ်ပါဘူး။ လူကို လူလိုပဲ မြင်တတ်ပြီး ကိုယ်ချင်းစာတရား ရှိကြပါတယ်။

ကွီးတို့ရော ဘယ်လိုလူမျိုး ဖြစ်ချင်ပါသလဲ။ ကိုယ်ချင်းစာတရားရှိတဲ့ လူလိုဖြစ်ချင်ပါသလား၊ ဒါမှမဟုတ် မောက်မာထောင်လွှားတတ်သူတစ်ယောက်လို ဖြစ်ချင်ပါသလား။

Source: Lollydaskal

Featured Image: Freepik