ကွီး တို့ရဲ့ ချစ်သူ ကောင်မလေး (သို့) အိမ်သူ သက်ထား မဟေသီ လေးက ကွီးတို့ဆီက ဘာတွေကို မျှော်လင့် နေသလဲဆိုတာ ကွီးတို့ သိပါသလား။ တကယ်တော့ အမျိုးသမီးတွေရဲ့ ဘာသာစကားက အမျိုးသားတွေရဲ့ ဘာသာစကားလိုမျိုး လွယ်ကူမနေပါဘူး။ သူတို့ရဲ့ “ဟင့်အင်း” က “အင်း” လည်း ဖြစ်နိုင်သလို သူတို့ရဲ့ “အင်း” ကလည်း “ဟင့်အင်း” ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ကိုယ့် မဟေသီရဲ့ အကြောင်းကို ဂဃနဏ သိထားမှသာလျှင် သူ့ရဲ့ ဘာသာစကားကို သိနားလည်နိုင်မှာဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ မဟေသီ က ကိုယ့်ဆီကနေ ဘာတွေ မျှော်လင့် နေသလဲဆိုတာ သိချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။ ရှေးက စီနီယာတွေ စစ်တမ်း ကောက်ထားတဲ့ စာရင်းဇယားများကို လှန်လျောကြည့်လိုက်ရုံပါပဲ။ စာရင်းဇယားများကို သပ်သပ်ကြီး လှန်လျောရှာဖို့ အချိန်မရှိဘူးဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ ထိုစစ်တမ်းရဲ့ အဖြေများကို စာရင်းပြုစုထားတာပဲဖြစ်ပါတယ်။

ငွေရေး ကြေးရေးအရှုပ်အရှင်း ကင်းရမယ်

ကွီး မဟေသီ မျှော်လင့်

ငွေရေး ကြေးရေး ရှုပ်ရှုပ်ယှက်ယှဥ် ပြဿနာမျိုးရှိတဲ့ ယောကျာ်းကို အမျိုးသမီးတွေက မလိုချင်ကြပါဘူး။ အိမ်ထောင်တစ်ခုကို ကောင်းစွာ ထူထောင်နိုင်ပြီး ကိုယ့်အိမ်ထောင်ကို ငွေကြေးအရ ကောင်းစွာ ပံ့ပိုးနိုင်တဲ့ ယောကျာ်းသားကိုသာ လိုချင်ကြတာဖြစ်ပါတယ်။ သူ(မ)ကို ငွေကြေးအရ မထောက်ပံ့ပေးနိုင်ရင်တောင်မှ သူ(မ)က ပြန်ထောက်ပံ့နေရတဲ့ အိမ်ထောင်ဖက်ကိုလည်း မလိုချင်ကြပါဘူး။

စိတ်လေလွင့်နေတာမျိုး မရှိဘဲ ဘဝ ရည်မှန်းချက်တစ်ခုခု ရှိရမယ်

ကွီး မဟေသီ မျှော်လင့်

ကိုယ့်ဘဝမှာ ဘာလုပ်ချင်လို့ လုပ်ချင်မှန်းမသိ၊ ဘဝအတွက် ရေရေရာရာမရှိတဲ့ ယောကျာ်းသားမျိုးကိုလည်း အမျိုးသမီးတွေက လင်ယောကျာ်းအဖြစ် မလိုချင်ကြပါဘူး။ ကိုယ့်ဘဝမှာ ဘာဖြစ်ချင်သလဲ၊ ဘာလုပ်ချင်သလဲဆိုတဲ့ တိကျသေချာတဲ့ ရည်မှန်းချက်မျိုးရှိတဲ့ အမျိုးသားကိုသာ လက်ထပ်ချင်ကြတာဖြစ်ပါတယ်။

လူမှု ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်

ကွီး မဟေသီ မျှော်လင့်

အေးတိ အေးစက်နဲ့ စကားမပြော၊ မလှုပ်မယှက် ယောကျာ်းမျိုးကိုလည်း အမျိုးသမီးတွေက သဘောမကျကြပါဘူး။ ချစ်လို့ တွဲကြတယ်ဆိုရင်တောင်မှ သူတို့ ရေရှည် လက်တွဲကြမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အိမ်ထောင်ဦးစီးသည် ကိုယ့်ရဲ့ အိမ်ထောင်ကို ဦးဆောင်ရမှာဖြစ်ပြီး အမျိုးသမီးတွေက သူတို့ အိမ်ထောင်ဦးစီးကို မှီခိုချင်ကြတဲ့စိတ်မျိုး ရှိကြပါတယ်။ အေးတိ အေးစက်နဲ့ ဦးဆောင်နိုင်စွမ်းမရှိတဲ့ ယောကျာ်းမျိုးကိုတော့ တွဲလိုက်တယ်ဆိုရင်တောင်မှ ရေရှည်မှာ အဆင်မပြေဘူးဆိုရင် လက်တွဲဖြုတ်လိုက်မှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အေးတိအေးစက် ဖြစ်နေလို့ မရပါဘူး။ လူမှု ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ရမှာဖြစ်ပြီး သူ(မ)ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးများနှင့်လည်း သဟဇာတဖြစ်ဖို့ မျှော်လင့်ကြပါတယ်။

အရည်အချင်းကလည်း သူ(မ)ထက် မမြင့်ရင်တောင်မှ မနိမ့်ရဘူး

couple

အမျိုးသမီးအများစုသည် သူတို့ အထင်ကြီးကြတဲ့ ယောကျာ်းသားကိုသာ လက်တွဲဖော်အဖြစ် သတ်မှတ်ချင်ကြတာပါ။ သူတို့ကို ယောကျာ်းလေးတစ်ယောက်ယောက်ကို ချစ်ရေး ဆိုလာခဲ့တဲ့အခါ သူတို့ အထင်မကြီးတဲ့လူဆိုရင် လှည့်တောင် ကြည့်မှာမဟုတ်ပါဘူး။ အရည်အချင်းဆိုတဲ့နေရာမှာ ပညာအရည်အချင်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ အသိဥာဏ်အားဖြင့်လည်း သူတို့ထက် ပိုတော် ပိုထက်ပြီး စဥ်းစားတွေးခေါ်နိုင်စွမ်း ရှိတဲ့သူကိုသာ အထင်ကြီးကြတာဖြစ်ပါတယ်။ အလုပ်အကိုင်မရှိ၊ အလုပ်လုပ်ချင်စိတ်လည်းမရှိ၊ ဘဝ ရည်မှန်းချက်အတွက် မသေချာ မရေရာဖြစ်နေတဲ့လူနဲ့ အလုပ်အကိုင် အတည်တကျရှိပြီး၊ ကိုယ့်ရည်မှန်းချက်အတွက် ကြိုးစားနေတဲ့သူနဲ့ ယှဥ်လာတဲ့အခါ ဘယ်သူ့ကို ရွေးချယ်မယ်လို့ ထင်ပါသလဲ။

နောက်ဆုံး အရေးကြီးဆုံး အချက်တစ်ချက်ရှိပါတယ်။

ချစ်ခြင်းတရားနှင့် ကြင်နာမှုရှိရမယ်

couple

သူ(မ) လက်တွဲဖော်အဖြစ် ရွေးချယ်မယ့် အမျိုးသားသည် သူ(မ)ကို အချိန်ပေးရမယ်၊ မွေးလာတဲ့ ကလေးတွေအတွက်လည်း ဖခင်ကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ကွီးတို့ရဲ့ မဟေသီက မျှော်လင့်ထားကြပါတယ်။ သူ(မ)ကို အချိန်ပေးပြီး သူ(မ)ကို ချစ်ခင်ကြင်နာတဲ့သူမျိုးကို လိုချင်ကြတာဖြစ်ပါတယ်။

ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ အရည်အချင်းမျိုး ရှိကြရဲ့လား။

Source: Forbes

Featured Image: Freepik