ကွီးတို့ရေ Action မိုဘိုင်းလ်ဂိမ်းတွေ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း တွေ ကစားရတာ ငြီးငွေ့နေပြီလား။ ဒါဆိုရင်တော့ ဒီတစ်ပတ် ပိတ်ရက်မှာ ကွီး တို့အတွက် အသစ်အဆန်းလေးလည်းဖြစ်အောင် တစ်ပတ်တာ အမောတွေလည်း ပြေအောင် စိတ်ဝင်စားစရာကောင်းပြီး ရယ်မောပျော်ရွှင်စေမဲ့ မိုဘိုင်းလ်ဂိမ်းများ ကို ဖော်ပြပေးချင်ပါတယ်။
(၁) The Battle Cats
Source : TouchGamePlay
ကွီး တို့ကို ရယ်မောပျော်ရွှင်စေမဲ့ မိုဘိုင်းလ်ဂိမ်းများ ထဲက ပထမဆုံးတစ်ခုကတော့ The Battle Cats ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို Android ရော iOS မှာပါ ကစားလို့ ရပါတယ်။ ဒီဂိမ်းလေး တကယ်ကို အဆန်းလေးပါ။ ဒီဂိမ်းက ထွက်ရှိခဲ့တာ နည်းနည်းကြာနေပေမဲ့လည်း မကြာခဏ အဆင်မြှင့်နေတာကြောင့် ကွီးတို့အတွက် စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်စေမှာပါ။
(၂) Call of Doodie – Run to the Office Toilet in Time
Source : Tapps Games
ကွီးတို့ကို ဖော်ပြပေးချင်တဲ့ ရယ်မောရစေမဲ့ မိုဘိုင်းဂိမ်းလေးကတော့ Call of Duty မဟုတ်တဲ့ Call of Doddie မိုဘိုင်းလ်ဂိမ်းလေးပါ။ ဂိမ်းထဲမှာ ဘယ်လိုရယ်မောစရာတွေနဲ့ အဆင့် တစ်ခုချင်းစီအလိုက် ဘယ်လိုအရာတွေကို ဖြတ်ကျော်ရမလဲဆိုတာ ကွီးတို့အခုပဲ ကစားကြည့်လိုက်ပါ။
(၃) Tofu Hunter
Source : Adult Hunter
Tofu Hunter ဆိုတဲ့ ဂိမ်းလေးကလည်း ကွီး တို့ကို ရယ်မောပျော်ရွှင်စေတဲ့ မိုဘိုင်းလ်ဂိမ်းများ ထဲမှ ဂိမ်းတစ်ခုပါ။ ဒီမိုဘိုင်းလ် ဂိမ်းထဲမှာ သားကောင်တွေကို အမဲလိုက်ရမှာမဟုတ်ဘဲ တို့ဖူးနဲ့ လုပ်ထားတဲ့ တိရစ္ဆာန်လေးများကို အမဲလိုက်ရမှာပါ။ အခြားသော သေနတ်ပစ် ဂိမ်းအများစုနှင့်အညီ ဖန်တီးထားပြီး ဒီဂိမ်းလေးထဲမှာ စနိုက်ပါ၊ ရိုင်ဖယ်မှစပြီး စက်သေနတ်များနှင့်အတူ ပေါက်ကွဲစေတတ်သော ဒုံးကျည်များအထိ လက်နက်မျိုးစုံကို Level အလိုက် လော့ခ်ဖွင့်နိုင်ပါတယ်။ ဒီဂိမ်းကိုလည်း Android နဲ့ iOS နှစ်ခုစလုံးမှာ ကစားလို့ ရပါတယ်။
(၄) Zombie Catchers by Two Men and a Dog

Photo : Youtube
Zombie Catchers by Two Men and a Dog ဆိုတဲ့ မိုဘိုင်းလ်ဂိမ်းလေးက ရယ်စရာကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းများထဲက တစ်ခု အပါအဝင်ပါပဲ။ ဒီဂိမ်းရဲ့ ဇာတ်ကွက်တွေက ရယ်မောပျော်ရွှင်စရာကောင်းတဲ့အပြင် ကွီးတို့ကို စွဲလန်းစေမှာပါ။ ဒီဂိမ်းထဲမှာ ဇွန်ဘီးတွေကို နှိမ်နင်းရင်း ဘယ်လို ရီမောပျော်ရွှင်ရမလဲဆိုတာ သိရအောင် အခုပဲ ကစားကြည့်လိုက်ရအောင်။
ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ ကွီး တို့ကို ရယ်မောပျော်ရွှင်စေမဲ့ မိုဘိုင်းလ်ဂိမ်းများ ပဲဖြစ်ပါတယ်။ အားလပ်ရက် မှာ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ကွီး တစ်ယောက်တည်းပဲ ဖြစ်ဖြစ် ကစားကြည့်လို့ ရပါတယ်။
Featured Photo : Mobile Game Evolution
