ကွီးတို့ထဲမှာ Anime Fan တွေရှိပါသလား။ အခုနောက်ပိုင်း မှာ ဂျပန် Anime ဇာတ်ကားတွေ ခေတ်စားလာတာနဲ့အမျှ Anime မိုဘိုင်းလ်ဂိမ်း တွေကလည်း လူကြိုက်များလာခဲ့ပါတယ်။ ဒါကြောင့် ဒီပိတ်ရက်မှာ အေးဆေးအနားယူရင်း ကွီးတို့ ဖုန်းနဲ့ပဲကစားလို့ရတဲ့ အကောင်းဆုံး Anime မိုဘိုင်းလ်ဂိမ်းများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Dragon Quest: The Adventure of Dai

Source : SQUARE ENIX

ပထမဆုံးဖော်ပြချင်တဲ့ ဖုန်းနဲ့ ကစားလို့ရတဲ့ အကောင်းဆုံး Anime မိုဘိုင်းလ်ဂိမ်းများ ထဲက တစ်ခုကတော့ Dragon Quest: The Adventure of Dai ပဲဖြစ်ပါတယ်။ ဒီ ဂိမ်းဟာ ကောင်းမွန်ပြီး ကြည်လင်ပြတ်သား Graphics တွေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းလ် သီးသန့်ဂိမ်းတစ်ခုဖြစ်ပြီး အင်္ဂလိပ်၊ ဂျပန်၊ ပြင်သစ်နှင့် ရိုးရာတရုတ် စတဲ့ ဘာသာစကားများ ပါဝင်တဲ့အတွက် ကွီးတို့ စိတ်ကြိုက်ရွေးချယ်ပြီး ကစားလို့ရပါတယ်။ iOS ရော Android မှာပါ ကစားလို့ရပါတယ်။

(၂) Saint Seiya Awakening

Source : Saint Seiya Awakening: Knights of the Zodiac

နောက်ထပ်ဖော်ပြချင်တဲ့ Anime ဂိမ်းလေးကတော့ Saint Seiya Awakening ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကို iOS နဲ့ Android မှာ အခမဲ့ ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။ ဒီဂိမ်းလေးကို ကွီးတစ်ယောက်တည်း ဖြစ်စေ၊ ကွီးတို့ဘော်ဒါ အုပ်စုလိုက် ဖြစ်စေ ကစားလို့ရပါတယ်။

(၃) One Piece Bounty Rush

Source : Bandai Namco Entertainment

အခုဖော်ပြပေးမဲ့ ဂိမ်းလေးကတော့ One Piece ပရိတ်သတ်တွေအတွက် တကယ်ကို အကြိုက်တွေ့စေမဲ့ One Pieces ရဲ့ ဇာတ်ကောင်တွေနဲ့ဖန်တီးထားတဲ့ One Piece Bounty Rush ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကို တစ်ယောက်တည်း ကစားလို့ရသလို၊ ကစားသမား ၄ ယောက်အထိ အတူကစားလို့ရပါတယ်။ iOS နဲ့ Android မှာပါ ကစားလို့ရပါတယ်။

(၄) Epic Seven

Anime မိုဘိုင်းလ်ဂိမ်းများ

Photo : Level Editors

နောက်ထပ်ဖော်ပြပေးချင်တဲ့ Anime မိုဘိုင်းလ်ဂိမ်းများ ထဲက တစ်ခုကတော့ Epic Seven ပဲဖြစ်ပါတယ်။ ဒီဂိမ်းကလည်း iOS နဲ့ Android မှာ ကစားလို့ရပြီး Graphics အလန်းစားများပါဝင်ပါတယ်။ ဒီဂိမ်းမှာ ကစားသမားကိုယ်တိုင်က သူရဲ့ အသင်းကို သူရဲကောင်းများစွာနဲ့ဖွဲစည်းပြီး ကစားပွဲကို ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။

ကဲ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဖုန်းနဲ့ ကစားလို့ကောင်းတဲ့ အကောင်းဆုံး Anime မိုဘိုင်းလ်ဂိမ်းများ ပဲဖြစ်ပါတယ်။ Anime ကိုကြိုက်နှစ်သက်တဲ့ ကွီးတို့လည်း ဒီဂိမ်းလေးတွေကို မကစားဖူးသေးရင် အခုပဲ ကစားကြည့်လိုက်ပါ။

Source : Suki Desu

Featured Photo : Youtube