တစ်နေ့တာပင်ပန်းသမျှတွေကို ရုပ်ရှင်ကြည့်ရင်း စိတ်အပန်းဖြေချင်တဲ့ ကွီး တို့အတွက် မေလ အတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အက်ရှင်ချစ်သူတွေအတွက်ရော သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက် အခုဖော်ပြပေးမယ့် မေလ ထွက် ဇာတ်ကား ကောင်းများက စိတ်လက်အပန်းပြေအောင် ကူညီပေးပါလိမ့်မယ်။

The Staircase

ဒီရုပ်ရှင်ဇာတ်ကားကနော့ စီးရီးအတိုလေးပဲဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားရဲ့ ဒုတိယစီးရီးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အမျိုးသားတစ်ယောက်သည် သူ့အမျိုးသမီး သေဆုံးမှုကြောင့် ကြေကွဲဝမ်းနည်းနေရသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အမျိုးသမီးသည် လှေကားပေါ်ကနေ ပြုတ်ကျသေဆုံးသွားတဲ့အတွက်ကြောင့် သူ သတ်တယ်လို့လည်း အစွပ်စွဲခံနေရတာဖြစ်ပါတယ်။ တကယ်ပဲ ထိုအမျိုးသားက သူ့အမျိုးသမီးက သတ်ခဲ့တာလား။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တဲ့အတွက်ကြောင့် ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပြီး မထင်မှတ်ထားတဲ့ လှည့်ကွက်တွေကိုလည်း တွေ့မြင်ရမှာပါ။

Source: HBO Max

Doctor Strange In The Multiverse Of Madness

Marvel ပရိသတ် ကွီး တို့အားလုံး မျှော်လင့်စောင့်စားနေကြတဲ့ ဇာတ်ကားလေးကတော့ မေလ ၅ ရက်နေ့မှာ ထွက်ရှီလာမှာဖြစ်ပြီး ပရိသတ်များ တစ်ခနဲ နှစ်သက်ကြမယ့် ဇာတ်ကား သစ်တစ်ကားဖြစ်မှာ အသေအချာပါပဲ။ ဘယ်လိုဇာတ်ကား လှည့်ကွက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း အဖြေရှာနိုင်ပါတယ်။

Source: Marvel Entertainment

Around The World In 80 Days

ကလေးစိတ် မကုန်သေးတဲ့ ကွီး တို့အတွက်တော့ မေလ အတွင်း ထွက်ရှိလာမယ့် Animation ဇာတ်ကား ကောင်းတစ်ကားရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဉာဏ်ကောင်းတဲ့ မျောက်ငယ်လေးတစ်ကောင်သည် ကမ္ဘာအပြင်ဘက်ကို ထွက်ပြီး စူးစမ်းလေ့လာချင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ချုပ်ချယ်လွန်းတဲ့ သူ့အမေကတော့ သူ့ကို အိမ်မှာပဲ လုံလုံခြုံခြုံ ရှိနေစေချင်တာပါ။ တစ်ရက်မှာတော့ ထိုမျှောက်ငယ်လေးသည် Phileas လို့ခေါ်တဲ့ စကားအပြောချိုပေမယ့် လိမ်ညာလှည့်ဖျားရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဖားတစ်ကောင်နဲ့ ဆုံမိတဲ့အခါ မျောက်ငယ်လေးတစ်ယောက် ကမ္ဘာပတ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဆုံးသတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ Around The World In 80 Days ဆိုတဲ့ ဇာတ်ကားလေးကြည့်ရင်း အဖြေရှာနိုင်ပါတယ်။

Source: JoBlo Animated Videos

Anais In Love

Anais လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်သည် စာရေးဆရာမတစ်ယောက်ရဲ့ အမျိုးသားနှင့် ဖောက်ပြန်နေတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ(မ)သည် ထိုစာရေးဆရာမကိုလည်း နှစ်သက်သွားပြီး ချစ်မိသွားပြန်ပါတယ်။ ရိုမန့်စ် ဒရာမာ ပြင်သစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Source: Unifrance

The Ravine

စုံထောက်ဇာတ်ကား ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက် မေလ အတွင်း ထွက်ရှိလာမယ့် စုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သာယာအေးချမ်းတဲ့ အသိုင်းအဝိုင်းတစ်ခုသည် လူသေမှုတစ်ခုကြောင့် လူအများ တုန်လှုပ်သွားကြရပါတယ်။ ထိုလူသေမှုကို ဘယ်သူက ကျူးလွန်ထားတာဖြစ်မလဲဆိုတာကိုတော့ The Ravine ဇာတ်ကားမှာ ကြည့်ရှုရင်း အဖြေရှာလိုက်ပါ။

Source: Cinedigm

Escape The Field

လူစိမ်း ၆ ယောက်သည် ပြောင်းဖူးခင်းကြီးထဲတွင် ပိတ်မိပြီး ထိုပြောင်းဖူးခင်းကြီးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြရတာဖြစ်ပါတယ်။ သူတို့ဆီမှာ ကျည်ဆံတစ်တောင့်တည်းသာ ပါတဲ့ သေနတ်တစ်လက်၊ မီးခြစ်ဆံများ၊ မီးအိမ်၊ ဓားတစ်ချောင်း၊ သံလိုက်အိမ်မြှောင်တစ်ခုနှင့် ရေဘူး စတဲ့ ပစ္စည်း ၆ မျိုးသာရှိကြပါတယ်။ သူတို့သည် ထိုပြောင်းဖူးခင်းကြီးထဲမှ ဘယ်လောက်ပဲ ရုန်းထွက်နေပါစေ မလွတ်မြောက်နိုင်ဖြစ်တာကြောင့် နောက်ပိုင်းမှာတော့ သူတို့ကို မကောင်းဆိုးဝါးတစ်ခုခုက ပိတ်လှောင်ထားတယ်လို့ ခံစားရလာကြပါတယ်။ အဆုံးသတ်မှတ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Escape The Field ထဲမှာ အဖြေရှာကြည့်လိုက်ပါ။

Source: Movie Trailers Source

Happening

Annie ဆိုတဲ့ မိန်းမပျိုလေးသည် ကိုယ်ဝန်ရလာတဲ့အခါမှာတော့ နည်းအမျိုးမျိုးနဲ့ ဖျက်ချဖို့ ကြိုးစားပါတော့တယ်။ ၁၉၆၀ ပြည့်နှစ်တုန်းက ပြင်သစ်မှာ ကိုယ်ဝန်ဖျက်ချခြင်းသည် တရားမဝင်တဲ့အတွက်ကြောင့် Annie တစ်ယောက် အခက်တွေ့နေရတာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတာဖြစ်တဲ့ ပြင်သစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ထွေလာလေး အမြည်းစမ်းကြည့်ရင်း စိတ်ဝင်စားဖို့ကောင်း မကောင်းကို ကိုယ်တိုင် ဆုံးဖြတ်ကြည့်လိုက်ပါ။

Source: IFC Films

The Twin

သည်းထိတ်ရင်ဖို ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဒီဇာတ်ကားက အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။

Rachel နဲ့ Anthony ဆိုတဲ့ လင်မယားနှစ်ယောက်မှာ အမြွှာသားလေးနှစ်ယောက်ရှိပါတယ်။ ကံကြမ္မာအကြောင်းဖန်လာတော့ အမြွှာနှစ်ယောက်မှာ တစ်ယောက်သာ အသက်ရှင်ခွင့်ရမှာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အသက်ဆုံးရှုံးရမှာဖြစ်ပါတယ်။ ထိုဖြစ်ရပ်ဆိုးပြီးသွားတဲ့နောက်မှာတော့ သူတို့ မိသားစုသုံးယောက်သည် နယ်မြို့လေးတစ်မြို့မှာ အခြေချကာ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူတို့ရဲ့သားသည် ထူးဆန်းသော အပြုအမူများကို ပြုလုပ်နေတာကို သိရှိသွားခဲ့ပါတယ်။ နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ The Twin ဇာတ်ကား ကြည့်ရင်း အဖြေရှာနိုင်ပါတယ်။

Source: Movie Coverage

အခုဖော်ပြသွားတာကတော့ ကွီး တို့အတွက် မေလ အတွင်း ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းတွေပဲဖြစ်ပါတယ်။ အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Source: Movieinsider