ယနေ့ခေတ်သည် နည်းပညာခေတ်ဆိုတဲ့အတိုင်းပဲ လက်တော့ပ်များ၊ ဖုန်း၊ တက်ဘလက်တွေသည် အမျိုးမျိုး ပေါ်ထွက်နေပြီး လူသားတွေရဲ့ Screen Time သည်လည်း တစ်စထက် တစ်စ ပိုပိုများလို့ လာပါတော့တယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့ ကွီး တို့အတွက် မျက်လုံး ကျန်းမာရေး သည်လည်း မသိမသာနဲ့ ယို့ယွင်းလာတတ်ပါတယ်။ ကိုယ် သတိမထားမိတဲ့အချိန်မှာ ကိုယ့်ရဲ့ မျက်လုံးသည် အမြင်အာရုံတော်တော်လေးကို ကျဆင်းနေတတ်ပါတယ်။

မျက်စိပါဝါလျော့အောင်လို့ လေဆာနဲ့ ပါဝါဖျောက်လို့ရတယ်ဆိုပေမယ့်လည်း ထိုအရာသည်လည်း သူ့အကန့်အသတ်နဲ့သူရှိပါသေးတယ်။ ပါဝါအရမ်းများလွန်းရင်လည်း ဖျောက်လို့မရတာမျိုး (သို့) အချို့ကလည်း ကိုယ့်မျက်စိကို ခြစ်ချတာကြီးကို ကြောက်ရွံ့ကြတာမျိုး ရှိနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် မျက်စိအမြင်အာရုံ ကျဆင်းမသွားအောင် အချိန်မလွန်ခင်ကတည်းက ကြိုတင်ကာကွယ်ရမှာဖြစ်ပါတယ်။

ဘယ်လိုနည်းလမ်းမျိုးနဲ့ မျက်စိ အမြင်အာရုံ မထိခိုက်အောင် ကာကွယ်ကြမလဲ။ အခုဖော်ပြပေးမယ့် နည်းလမ်းများဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

အခန်းရဲ့ အလင်းအမှောင်ကို ချိန်ညှိပါ

ကွီး မျက်လုံး ကျန်းမာရေး

Photo: Ceva-dsp

မှောင်လွန်းတဲ့အခန်းမှာ ကွန်ပျူတာ သုံးခြင်းသည် မျက်စိကို ပိုမိုအားစိုက်ရအောင် တွန်းပို့နေတာဖြစ်ပါတယ်။ ဒါ့အပြင် လင်းလွန်းတဲ့အခန်းသည်လည်း မျက်စိ စူးစေပြီး ကြာလာရင် မျက်စိအတွက် မကောင်းပါဘူး။

တီဗွီကြည့်မယ်ဆိုရင်တော့ အခန်းရဲ့ အလင်းကို မှိန်ဖျဖျလေး ဖွင့်ထားခြင်းက မျက်စိကို သက်သာစေပါတယ်။ စာအုပ်၊ စာရွက်တွေ ဖတ်မယ်ဆိုရင်တော့ အလင်းကို စာအုပ်ပေါ်မှာ တိုက်ရိုက်ကျနေအောင် ပြုလုပ်ထားသင့်ပြီး မျက်စိကို အလင်း တိုက်ရိုက်ထိုးခြင်းမှ ရှောင်ကြဉ်ရပါမယ်။

ကွန်ပျူတာဖြင့် အလုပ်လုပ်သူများကတော့ ကွန်ပျူတာကို လက်မောင်းတစ်လှမ်းအကွာစာ ရွေ့ထားရမှာဖြစ်ပါတယ်။ ဒါမှ မျက်စိနဲ့ ကွန်ပျူတာသည် တစ်တန်းတည်းကျနေအောင် ပြုလုပ်ပေးနိုင်မှာပါ။ သင့်ရဲ့ ထိုင်ခုံကိုလည်း သက်သောင့်သက်သာဖြစ်အောင် ညှိပေးဖို့လိုအပ်ပါတယ်။

ကွန်ပျူတာရဲ့ အလင်းရောင်ကိုလည်း မလင်းလွန်း၊ မမှိန်လွန်းအောင် ချိန်ညှိဖို့လိုအပ်ပါတယ်။ လိုအပ်ပါက စာကြည့်မီးအိမ်လေးကို အသုံးပြုနိုင်ပါတယ်။

ကွီး တို့ရဲ့ မျက်လုံး ကျန်းမာရေး အတွက် မျက်စိကို မကြာခဏ အနားပေးပါ

ကွီး မျက်လုံး ကျန်းမာရေး

Photo: Sharp

အလုပ်လုပ်တဲ့အခါမှာလည်း မျက်စိကို Screen ကနေ ခဏတဖြုတ် အနားပေးဖို့လည်း မမေ့ပါနဲ့။ ၄၅ မိနစ်၊ တစ်နာရီခြားတစ်ခါ အနားပေးပါ။ မျက်စိကို အနားပေးတယ်ဆိုတာ ဖုန်းသုံးပြီး အနားယူခိုင်းတာမဟုတ်ပါဘူး။ ကွန်ပျူတာ စခရင်မ်ရော၊ ဖုန်းစခရင်မ်ပါ မကြည့်အောင် အနားပေးရမှာဖြစ်ပါတယ်။

Screen Time ကို အချိန်အကန့်အသတ်ထားပါ

ကွီး မျက်လုံး ကျန်းမာရေး

Screen Time ကိုလည်း တတ်နိုင်သမျှ လျော့ချဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာများသည် ဖြတ်မရအောင် တမ်းတမ်းစွဲဖြစ်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကို နိုင်အောင်ထိန်းကာ Screen Time များကို တတ်နိုင်သလောက် လျော့ချဖို့လိုအပ်ပါတယ်။ အလုပ်ချိန်အတွင်းမှာတော့ Screen Time လျော့ဖို့ဆိုတာ မဖြစ်နိုင်သော်လည်းပဲ တတ်နိုင်သလောက် မိမိမျက်စိကို အနားပေးဖို့လိုအပ်ပါတယ်။

မျက်စဉ်းဆေး အသုံးပြုပါ

ကွီး မျက်လုံး ကျန်းမာရေး

Photo: Pharmaceutical

မျက်စဉ်းဆေးများ အသုံးပြုခြင်းသည် မျက်စိခြောက်ခြင်း၊ မျက်စိယားယံခြင်းမှ ကာကွယ်ပေးပါတယ်။ မျက်စဉ်းဆေးကို မျက်စိ ဘာမှမဖြစ်တဲ့အချိန်မှာတောင် အသုံးပြုပေးရမှာဖြစ်ပါတယ်။ မျက်စဉ်းဆေး အသုံးပြုတဲ့အခါမှာလည်း တစ်နေ့လျှင် လေးကြိမ်ထက်ပိုပြီး အသုံးမပြုမိဖို့လိုအပ်ပါတယ်။

အလုပ်လုပ်တဲ့နေရာတစ်ဝိုက်တွင် လေထုပတ်ဝန်းကျင် သန့်ရှင်းအောင် ပြုလုပ်ပါ

ကွီး မျက်လုံး ကျန်းမာရေး

Photo: Cielowigle

သင် အလုပ်လုပ်တဲ့နေရာတစ်ဝိုက်သည် လေဝင်လေထွက်ကောင်းတဲ့နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ ထိုအခန်းသည် လေဝင်လေထွက် မကောင်းဘူးဆိုရင်တော့ Humidifier လေး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ် သောက်တတ်သူများအနေနဲ့လည်း ကိုယ့်ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ကိုယ့်မျက်စိအတွက် သင့်တော်မယ့် မျက်မှန်တစ်လက် ဝတ်ဆင်ပါ

glasses

သင်သည် မျက်မှန်တပ်ရသူတစ်ယောက်၊ မျက်ကပ်မှန်တပ်ရသူတစ်ယောက်ဆိုရင်တော့ သင့်မျက်စိနဲ့ ကိုက်ညီမယ့် မျက်မှန်၊ မျက်ကပ်မှန်များကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါမှ ဇက်ကြောတက်တခြင်း၊ မျက်ရိုးကိုက်ခြင်း ဝေဒနာတို့မှ ကင်းဝေးမှာဖြစ်ပါတယ်။

မကြာခဏ မျက်တောင်ခတ်ပါ

man eye health

လူအများစုသည် ကွန်ပျူတာဖြင့် အလုပ်လုပ်တဲ့အခါ မျက်တောင်ခတ်ဖို့ မေ့နေတတ်ပြီး ကွန်ပျူတာစခရင်မ်ကြီးကိုသာ စိုက်ကြည့်နေတတ်ပါတယ်။ ဒီလို စိုက်ကြည့်ပါများလာတဲ့အခါ မျက်လုံးထဲမှာ အရည်တွေ ခမ်းခြောက်လာပြီး မျက်စိခြောက်လာတတ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ မကြာခဏ မျက်တောင်ခတ်ပေးမယ်ဆိုရင်တော့ မျက်လုံးထဲမှာ အရည်လေးများဖြင့် စိုစွတ်နေပြီး မျက်လုံးကို အကြောလျော့ပေးပါတယ်။

၂၀-၂၀-၂၀ စည်းမျဉ်းကို အသုံးပြုပါ

man eye health

Photo: Juststand

ကွန်ပျတာနဲ့ အလုပ်လုပ်လို့ မိနစ် ၂၀ ကြာတိုင်းမှာ အကွာအဝေး ၂၀ ပေခန့်ရှိသော နေရာတစ်ခုသို့ စက္ကန့် ၂၀ ကြာ မျက်တောင်မခတ်တမ်းကြည့်ပေးလိုက်ပါ။ ဒီစည်းမျဉ်းကို မိနစ် ၂၀ ကြာတိုင်း အသုံးပြုပေးမယ်ဆိုရင်တော့ မျက်စိညောင်းညာခြင်းမှ ကင်းဝေးပြီး မျက်စိကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

ကွီး တို့ရဲ့ မျက်လုံး ကျန်းမာရေး အတွက် စားသုံးရမယ့် အစားအစာများ

man eye health

ငါးအမျိုးမျိုး၊ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်သော အခွံမာသီးများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ မုန်လာဥနီ၊ အမဲသား၊ ကန်စွန်းဥ၊ အချဉ်ဓာတ် ကြွယ်ဝသော သစ်သီးဝလံများ စသည်တို့ စားသုံးပေးနိုင်ပါတယ်။ ထိုအစားအစာများသည် အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်စိကျန်းမာရေးကို မထိခိုက်အောင် တိုးမြှင့်ပေးနိုင်ပါတယ်။

ဒီအချက်လေးများကတော့ ကွန်ပျူတာဖြင့် တစ်ချိန်လုံး အလုပ်လုပ်နေရသူများအတွက် လိုက်နာသင့်တဲ့ အချက်များပဲဖြစ်ပါတယ်။

Source: Mayoclinic

Featured Image: Unsplash