တကယ်တော့ အားနည်းခြင်း မောပန်းခြင်းနဲ့ ထုံထိုင်းခြင်းတွေက လူတော်တော်များများ တွေ့ကြုံရတဲ့ အဖြစ်များတဲ့ ခန္ဓာကိုယ်ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ကြွက်သားစွမ်းအင် ဒါမှမဟုတ် ခွန်အားဆုံးရှုံးမှုကို သတိမပြုမိတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီ တစ်ခေါက်မှာတော့ ဒီလို အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ် နေခြင်းကို တွန်းလှန်ပေးနိုင်တဲ့ အစားအသောက် များစွာရှိတဲ့အထဲက တချို့ ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) ငှက်ပျောသီး

Photo : Eat This, Not That

ငှက်ပျောသီးဟာ သဘာဝသကြားဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ Sucrose ၊ Fructose နဲ့ ဂလူးကိုစ့်ဓါတ်တွေက ခန္ဓာကိုယ်အတွက် လျင်လျင်မြန်မြန်နဲ့ သိသိသာသာ စွမ်းအင်မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖိ့်အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်စီယမ်လည်း ပါဝင်ပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်က သွေးထဲမှာရှိတဲ့ ဂလူးကို့စ်အဆင့်ကို ထိန်းထားပေးနိုင်ပါတယ်။

(၂) ဗာဒံစေ့

Photo : Lifehack

ဗာဒံစေ့မှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အားနည်းခြင်းရဲ့ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်ပြီး တက်ကြွလန်းဆန်းစေပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ထဲရောက်ရှိသွားတဲ့အခါ ပရိုတင်း၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တို့လို စွမ်းအင်အရင်းအမြစ် အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ မဂ္ဂနီဆီယမ်ဓာတ် အပျော့စားချိုတဲ့တာက တချို့သူတွေမှာဆိုရင် အားနည်းခြင်း အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဗာဒံစေ့လှော်ကို ဆောင်ထားပြီး ပင်ပန်းနွမ်းနယ် တဲ့ အခါတိုင်းမှာ ချက်ခြင်းစွမ်းအင်ပြန်ရဖို့ အနည်းငယ်စားပေးလို့ ရပါတယ်။

(၃) နွားနို့

Photo : DTN/Progressive Farmer

နွားနို့မှာ ကယ်လ်စီယမ်က ဗီတာမင် D ရဲ့ အကောင်းဆုံး အရင်းအမြစ်တွေထဲက တစ်ခုလို ယူဆကြပြီး ဗီတာမင် D က ကျန်းမာတဲ့ကြွက်သားနဲ့ အရိုးတွေရရှိဖို ထောက်ပံ့ပေးနိုင်ပါတယ်။ အားရှိအောင် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ပူပူ တစ်ခွက်ကို သောက်တာ ဒါမှမဟုတ် အသီးနှံဖျော်ရည်နဲ့ ကော်ဖီထဲထည့်သောက်တာတွေ လုပ်လို့ရပါတယ်။ ဒါ့အပြင် နို့တစ်ခွက်ထဲမှာ သဖန်းသီး ၂ လုံး ၃လုံး ခန့်ထည့်ချက်ပြီး ရလာတဲ့အနှစ်ကို စားပေးရင်လည်း အားရှိစေပါတယ်။

(၄) ဂျင်ဆင်းလက်ဖက်ရည်

Photo : Organic Facts

ရာစုနှစ်များစွာကတည်းက ဂျင်ဆင်းကို အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လူသိများခဲ့ပါတယ်။ ဂျင်ဆင်းမှာ စိတ်ကို အေးချမ်းစေတဲ့ သဘာဝရှိတာကြောင့် အာရုံကြောတွေကို ဖြေလျော့ပေးပြီး သက်သာစေပါတယ်။ ဂျင်ဆင်းအမြစ်ကို ပါးပါးလှီးပြီးတော့ ရေနွေးထဲမှာ ၁၅ မိနစ်ခန့် ဆူအောင်တည်ပြီး ပျားရည်အနည်းငယ် ထည့်သောက်လို့ရပါတယ်။

(၅) စတော်ဘယ်ရီ

Photo : Daily Sabah

စတော်ဘယ်ရီသီးမှာ ဗီတာမင် C ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ရုံသာကမ တစ်သျှူးတွေကို ပြုပြင်ပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးကာ Free Radical ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ စတော်ဘယ်ရီသီးတွေမှာ ကင်ဆာရောဂါ ၊ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ ပင်ပန်းနွမ်းနယ် တဲ့အခါတိုင်း စတော်ဘယ်ရီသီးဖျော်ရည် ဖန်ခွက်တစ်ဝက်လောက် သောက်ပေးပါ။ ဒါမှမဟုတ် သစ်သီးသုပ်အနေ့နဲ့ စားနိုင်သလို တခြားအသီးအနှံ ၊ အစေ့အဆန်တွေ ဟင်းသီးဟင်းရွက်တွေနဲ့လည်း တွဲဖက်စားနိုင်ပါတယ်။

Featured Photo : Medical News Today