ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးဖို့ရန်အတွက် မှားတယ်၊ မှန်တယ်ဆိုတာမျိုး မရှိပါဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို ဖန်တီးချင်တယ်ဆိုတဲ့ ကွီး တို့သည် ကိုယ်ပိုင် လမ်းကြောင်းသစ် တစ်ခုကို ဖောက်လုပ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။

သူတစ်ပါးဖောက်ပြီးသား လမ်းကြောင်းပေါ်မှာ အဆင်သင့်လေး လိုက်လျှောက်နေတာထက် ကွီး တို့သည် ကိုယ်ပိုင် လမ်းကြောင်းသစ် တစ်ခုကို ကိုယ်တိုင်ဖောက်လုပ်ခြင်းသည် ပိုမိုထူးခြားတဲ့ ခံစားချက်အတွေ့အကြုံများကို ခံစားရမှာဖြစ်ပါတယ်။

သူတစ်ပါး ဖောက်လုပ်ပြီးသား လမ်းပေါ်မှာ လိုက်လျှောက်ပြီး သူတစ်ပါးရဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်ခြင်းသည် သင့်အတွက် အလုပ်မဖြစ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိုအခြေအနေမျိုးမှာ ကွီး တို့သည် ကိုယ်ပိုင် လမ်းကြောင်းသစ် ဖောက်လုပ်ရမှာပဲဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ အများနဲ့မတူတဲ့ ကိုယ်ပိုင် လမ်းကြောင်းသစ် တစ်ခု ဖောက်လုပ်ချင်တယ်ဆိုရင် ဘယ်လိုအဆင့်တွေကို လုပ်ဆောင်ရမလဲ။

ကိုယ့်ဖြစ်ချင်တဲ့ ဆန္ဒများကို ချရေးပါ

ကိုယ့်ဖြစ်ချင်တဲ့ ဆန္ဒများကို ချရေးပါ

ဒီအချက်ကတော့ အရေးအကြီးဆုံး ပထမအချက်ဖြစ်ပါတယ်။ သင် ဘာလိုချင်သလဲဆိုတာ သိမှ ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ နည်းလမ်းကို သိမှာဖြစ်ပါတယ။်

ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒတွေကို သိရှိဖို့အတွက် အချိန်တစ်ခုယူပါ။ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်ချင်တာလား (သို့) ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးတဲ့အလုပ်တစ်ခုမျိုး ပိုင်ဆိုင်ချင်သလား စသည်ဖြင့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ချရေးထားလိုက်ပါ။

ဘာ့ကြောင့် အချိန်ယူပါလို့ ပြောသလဲဆိုတာ ကွီးတို့ကို ရည်မှန်းချက်မရှိဘဲ ယောင်ချာချာမဖြစ်စေချင်လို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တစ်ခုယူပြီး သေသေချာချာ ဆုံးဖြတ်ခိုင်းတာပါ။ နို့မဟုတ်ရင် ပထမ တစ်ရက်တော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ချင်လိုက် နောက်တစ်ရက်ကျတော့ နောက်အလုပ်တစ်မျိုး ပြောင်းလုပ်ချင်လိုက်ဖြင့် မသေချာမရေရာဖြစ်နေတဲ့အခါ အချိန်ကြာလာရင် ကိုယ့်အတွက်လည်း မကောင်းနိုင်ပါဘူး။

ကိုယ့်ရဲ့ ဆန္ဒတွေကို ထောက်ပံ့ပေးမယ့် ပန်းတိုင်များ ဖန်တီးပါ

ကိုယ့်ရဲ့ ဆန္ဒတွေကို ထောက်ပံ့ပေးမယ့် ပန်းတိုင်များ ဖန်တီးပါ

ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ချရေးထားပြီးပြီဆိုရင် နောက်တစ်ခေါက်လောက် သေသေချာချာ ပြန်ဖတ်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ ဆန္ဒတွေကို ဘယ်လိုပန်းတိုင်မျိုးတွေက အထောက်အပံ့ပေးနိုင်မလဲ။ စောစောက ဥပမာလေးနဲ့ ဥပမာ ပြန်ပေးရမယ်ဆိုရင် … ကွီးတို့သည် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်ဆိုရင် အရင်ဦးဆုံး လုပ်ငန်းထောင်ဖို့အတွက် ငွေအရင်းအနှီး ရှိရပါမယ်။ ဒါသည် သင့်အတွက် ပထမပန်းတိုင်ဖြစ်ရပါမယ်။ ဒုတိယပန်းတိုင်အနေနဲ့ ဝန်ထမ်းများ တစ်ယောက်စ နှစ်ယောက်စနှင့် ခေါ်ယူရမယ်။ ထိုမှတဆင့် လုပ်ငန်းကြီးလာရင် ကြီးလာသလောက် ပန်းတိုင်များသည်လည်း တစ်ခုထက်တစ်ခု ပိုမိုကြီးမားလာမှာပဲဖြစ်ပါတယ်။

အခြားသူတွေရဲ့ ဝေဖန်လေကန်သံများကို နားမထောင်ပါနဲ့

အခြားသူတွေရဲ့ ဝေဖန်လေကန်သံများကို နားမထောင်ပါနဲ့

ကွီး တို့ရဲ့ ကိုယ်ပိုင် လမ်းကြောင်းသစ် တစ်ခုကို ဖောက်လုပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေချိန်မှာ အခြားသူတွေရဲ့ ဝေဖန်ချက်များကို နားထောင်လို့မဖြစ်ပါဘူး။ သူတို့စကားနားထောင်မိရင် သူတို့ရဲ့ အစီအစဉ်အတိုင်း လျှောက်လှမ်းသလိုဖြစ်သွားပါလိမ့်မယ်။ ကိုယ့်လမ်းကိုယ် အသစ်ဖောက်ကာ ကိုယ့်လမ်းကိုယ် လျှောက်နေချိန်မှာ အခြားသူများရဲ့ ဝေဖန်မှုဒဏ်ကိုလည်း ခံရကောင်း ခံရနိုင်ပါတယ်။ သူတို့ပြောသမျှကို နားထောင်မိပြီး ကိုယ့်ကိုယ်ကိုယ် ငါ လုပ်နေတဲ့အလုပ်သည် မှန်ရဲ့လားလို့ ယုံမှားသံသယ ဝင်မိပါက သင့်ရဲ့ အစီအစဉ်သည် ချွတ်ချော်ကာ ခရီးရောက်သင့်သလောက် မရောက်ဘဲနေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ယုံပြီး ကိုယ် သွားနေကျ လမ်းကြောင်းကိုသာ တစ်စိုက်မတ်မတ်ဖြင့် သွားရမှာဖြစ်ပါတယ်။

ခဏတဖြုတ် အနားယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပါ

ကွီး လမ်းကြောင်းသစ်

ကွီး တို့ရဲ့ ကိုယ်ပိုင် လမ်းကြောင်းသစ် တစ်ခုကို ကိုယ်တိုင်ဖောက်လုပ်ပြီး ခရီးသွားရတဲ့အခါ တခါတလေမှာ ခရီးပန်းတဲ့ဒဏ်ကိုလည်း ခံရနိုင်ပါတယ်။ ခရီးပန်းလာပြီး စိတ်ဖိစီးမှုဒဏ်ကို ခံရတဲ့အခါ ခဏတဖြုတ်လောက် အနားယူလိုက်ပါ။ ခဏတဖြုတ်လောက် အနားယူလို့ရပါတယ်။ ခြေကုန်လက်ပန်းကျချိန်မှာ အနားယူပြီး ခွန်အားအသစ်များ ပြန်လည်သွန်းလောင်းလိုက်ပါ။ ဒါဆိုရင် ရှေ့ဆက်ချီတက်ဖို့ ခွန်အားသစ်များ ထွက်လာပြီး ပြန်လည်လန်းဆန်းတက်ကြွလာပါလိမ့်မယ်။

အနားယူနေချိန်အတောအတွင်းမှာလည်း ကိုယ့်ရဲ့ တိုးတက်မှုဖြစ်စဉ်ကို ကိုယ်ကိုယ်တိုင် ပြန်လည်ဆန်းစစ်သုံးသပ်ကြည့်လိုက်ပါ။ တိုးတက်မှုအတိုင်းအတားတစ်ခုကို မြင်တွေ့ရတဲ့အခါ သင့်အတွက် ခွန်အားအသစ်တွေလည်း ရရှိလာမှာပဲဖြစ်ပါတယ်။

နေ့ရက်တိုင်းမှာ ရည်မှန်းချက်နှင့်အညီ အသက်ရှင်ပါ

ကွီး လမ်းကြောင်းသစ်

သင် ဘာလုပ်နေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတဲ့အခါ တစ်နေ့စာတစ်နေ့သည် ရည်မှန်းချက်နှင့် အညီ အသက်ရှင်နေတာနဲ့အတူတူပါပဲ။ အရာအားလုံးသည် သူ့ဦးတည်ချက်နှင့်သူ အံဝင်ခွင်ကျဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် သင်သည် ဘဝကြီးမှာ ရှင်သန် ကြိုးစားရတာသည် အဓိပ္ပာယ်ရှိနေပါလိမ့်မယ်။

ဒီလိုမှမဟုတ်ဘဲနဲ့ ဦးတည်ချက်လည်းမရှိ ဘာရည်မှန်းချက်မှလည်းမရှိသလို ခံစားနေရမယ်။ ဘယ်သွားလို့သွားရမယ်မှန်းမသိဖြစ်နေမယ်ဆိုရင် နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ပြီး စိတ်ကျရောဂါ ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် အသေးအဖွဲအလုပ်တစ်ခုကအစ ကိုယ် ဘာ့ကြောင့်လုပ်နေရသလဲဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။

အာရုံစူးစိုက်ပါ

ကွီး လမ်းကြောင်းသစ်

သင့်ရဲ့ ဆန္ဒများ၊ ရည်မှန်းချက် ပန်းတိုင်များကို ပြည့်ဝအောင် ဆောင်ရွက်တဲ့အခါ အာရုံစူးစိုက်ထားဖို့လိုအပ်ပါလိမ့်မယ်။ အာရုံစူးစိုက်ကာ ကိုယ် ဖြစ်ချင်တဲ့အရာကို အကောင်းဆုံး လုပ်ဆောင်ပါ။ စိတ်အာရုံထွေပြားတာမျိုး မဖြစ်ပါစေနဲ့။ တစ်စုံတစ်ရာကိုသာ အာရုံစူးစိုက်ထားတဲ့အခါ သင့်ရဲ့ပန်းတိုင်ခရီးလမ်းသည်လည်း လှမ်းလျှောက်ရတာ အလွယ်ကူဆုံးဖြစ်ပါလိမ့်မယ်။

အမြဲတမ်း ပျော်ရွှင်ဖို့အတွက် ရွေးချယ်ပါ

ကွီး လမ်းကြောင်းသစ်

ပျော်ရွှင်မှုသည် ဘဝအတွက် အရေးအကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ကိုယ် လုပ်နေရတဲ့အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နိုင်မှသာလျှင် လုပ်ငန်းကိုင်ငန်းသည်လည်း အောင်မြင်မှာဖြစ်ပါတယ်။ သင်သည်လည်း ပျော်ရွှင်မှ သင့်ပတ်ဝန်းကျင်တွင် အလုပ်လုပ်ကိုင်နေရသူများသည်လည်း ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာပဲလုပ်လုပ် ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် အမြဲတမ်းရွေးချယ်သင့်ပါတယ်။

Source: Huffpost

Featured Image: Entrepreneur