ဒီနေ့ရက်သည်လည်း အရင်နေ့ရက်တွေကလိုပဲ ဘာမှထူးမခြားနားတဲ့ သာမန်နေ့ရက်တစ်ရက်လို့ပဲ ထင်မြင်နေတုန်းပဲလား။ ဘယ်နေရာက စမှားသွားလို့ မှားသွားမှန်းမသိဘဲ ကိုယ်ကိုယ်တိုင်တောင် ထိန်းချုပ်လို့ မရတော့တဲ့ အခြေအနေဆိုးတွေကို ကြုံတွေ့နေရပြီလား။ ကွီး တို့ရဲ့ ဘဝ မှာ အောင်မြင် သင့်ပါလျက်နှင့် မအောင်မြင်ဘူး ဆိုတဲ့ ခံစားချက်ကြီကို ခံစားနေရပြီလား။

ထိုကဲ့သို့ ခံစားနေရပြီဆိုရင် ကိုယ့်ဘဝကိုယ် ပြန်လည်ဆန်းစစ်သုံးသပ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရင်းများနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်စစ်ကြည့်လိုက်ပါ။ ဒီအချက်တွေက ကွီးတို့ရဲ့ ဘဝကို မအောင်မြင်အောင် တားဆီးနေတဲ့ အရာတွေပဲဖြစ်ပါတယ်။

ပျင်းရိလို့

ကွီး ဘဝ အောင်မြင်

အဓိကအချက်ကတော့ ပျင်းရိလို့ပဲဖြစ်ပါတယ်။ ပျင်းရိသူသည် အမြဲတစေ အချိန်ဆွဲနေတတ်ပြီး အခုလုပ်ရမယ့်အလုပ်ကို နေ့ရွေ့ ညရွေ့နဲ့ နောက်ဆုံးအချိန်ရောက်မှ ကောက်ကာ ငင်ကာဖြင့် အသည်းအသန်ထလုပ်တတ်ကြပါတယ်။ ဘဝမှာ တန်ဖိုးအရှိဆုံးအရာသည် အချိန်ပဲဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေကို ငွေဘယ်လောက်ပဲ ပုံအောပြီးပေးပေး ပေးဝယ်လို့ မရနိုင်ပါတယ်။

အောင်မြင်တဲ့သူတွေကတော့ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး သူတို့လိုချင်တဲ့နေရာဆီ အရောက်သွားဖို့ရန်အတွက် အသည်းအသန် ခဲမှန်ကာ မပျင်းမရိဖြင့် အလုပ်လုပ်ကြပါတယ်။

သင့်အနေနဲ့ ပျင်းရိမှုကိုပဲ နှစ်သက်တယ်ဆိုလည်း သင့်သဘောအတိုင်းပါပဲ။ ပျင်းရိလို့ရပါတယ်။ ဒါပေမဲ့ မအောင်မြင်ရလေခြင်း၊ မချမ်းသာရလေခြင်းဆိုပြီးတော့ ငြီးငြူမနေနဲ့ပေါ့။

ဘာ့ကြောင့် ငါ့ကျမှ အလုပ်မဖြစ်ရတာလဲဆိုတဲ့ မေးခွန်းကိုပဲထပ်တလဲလဲ မေးနေလို့

ကွီး ဘဝ အောင်မြင်

သူ့ကျတော့ ကံကောင်းလိုက်တာ အခုပဲ ကြိုးစားတယ်၊ အခုချက်ချင်းပဲ သူဌေးဖြစ်သွားပါရောလား။ ငါ့ကျမှ ဘာ့ကြောင့် အရာရာက အဲ့ဒီ့လောက်တောင် ခက်ခဲနေရသလဲဆိုတဲ့ အတွေးမျိုး ဝင်နေပါသလား။

သင် ဒီလို တွေးထင်နေခြင်းသည် သူတို့ရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်မှုကို မမြင်သေးလို့ပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်များ၊ တီထွင်ဖန်တီးသူများရဲ့ အောင်မြင်မှုတွေကို သတင်းစာများ၊ မီဒီယာများက ချီးမွမ်းထောမနာပြုပြီး ရေးဖွဲ့သီကုံးထားပေမယ့် သူတို့ရဲ့ လူမသိ သူမသိ ကျရှုံးမှုတွေကိုတော့ ထိန်ချန်ထားကြပါတယ်။

သင်ထံမှာ ငါ့ကျမှ အလုပ်မဖြစ်ရလေခြင်းဆိုတဲ့ အတွေး ဝင်နေခြင်းသည် သင့်ရဲ့ ကြိုးစားမှုက မလုံလောက်သေးတာလည်း ဖြစ်နိုင်သလို သင့်ရဲ့ ကြိုးစားအားထုတ်မှု မှားယွင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ် သွားချင်တဲ့နေရာနဲ့ ကိုယ် လျှောက်နေတဲ့လမ်းက လွဲမှားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်ရဲ့အားထုတ်မှုက ကောင်းပါလျက်နှင့် မအောင်မြင်ရခြင်းသည် နည်းလမ်းမှားနေတာကြောင့် ဖြစ်နိုင်ပါတယ်။ တခါတရံမှာ Slide လုပ်ရမယ့် တံခါးကို သင်က ခွန်အားဘယ်လောက်စိုက်ပြီး အတင်းကြီး တွန်းဖွင့်နေပါစေ တံခါးက ပွင့်လာမှာမဟုတ်ပါဘူး။

ဆိုရှယ်မီဒီယာတွေကိုပဲ ငြိတွယ်နေလို့

ကွီး ဘဝ အောင်မြင်

ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေရဲ့ ဆွဲဆောင်အားက ပြင်းထန်လွန်းတာတော့ အမှန်ပါပဲ။ ၅ မိနစ်လောက်ပဲ သုံးပါမယ်လေ ဆိုပြီး ငါးမိနစ်ကနေ တစ်နာရီဖြစ်သွားတတ်ပါတယ်။ ဆိုရှယ်မီဒီယာတွေဆိုသည်မှာလည်း သုံးတတ်ရင် ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပေမယ့် မသုံးတတ်ဘူးဆိုရင်တော့ ဘေးဖြစ်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာတွေရဲ့ အားသာချက်ကတော့ မိုင်တွေ ကွာဝေးနေတဲ့ မိသားစု၊ ချစ်သူခင်သူများနှင့် အဆက်အသွယ်လုပ်ခြင်း၊ လုပ်ငန်းကြော်ငြာများကို ထိထိရောက်ရောက် ကြော်ငြာနိုင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုအားသာချက်များကို ကောင်းကောင်းအသုံးချတတ်ဖို့လိုအပ်ပါတယ်။ ဆိုရှယ်မီဒီယာများကို ဖြတ်မရအောင် စွဲလမ်းနေတာမျိုး မဖြစ်ရဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းပြီး စည်းကမ်းတကျ ဆောင်ရွက်တတ်ဖို့ လိုအပ်ပါတယ်။

ဆုံးခန်းတိုင်တဲ့အထိ မလုပ်လို့

ကွီး ဘဝ အောင်မြင်

အစခရီးလမ်းကတော့ လွယ်ကူပါတယ်။ သို့သော် ဆုံးခန်းတိုင်အောင် သွားခြင်းကတော့ အခက်ခဲဆုံးအရာပဲဖြစ်ပါတယ်။ အောင်မြင်ခြင်းသည် နေ့ချင်း ညချင်းဆိုသလို ချက်ချင်းထဖြစ်တာမဟုတ်ပါဘူး။ အချိန်ယူရတယ်။ လုံ့လ ဝီရိယတွေ စိုက်ထုတ်ရပါတယ်။ လမ်းတစ်ဝက်မှာပဲ အလျော့ပေးလိုက်မယ်ဆိုရင်တော့ အောင်မြင်မှုသည် သင့်အတွက်မဟုတ်တော့ပါဘူး။ ကိုယ် လုပ်ခဲ့တဲ့ခရီးကို ဆုံးခန်းတိုင်အောင် ဆက်လုပ်ပါ။ လမ်းတစ်ဝက်မှာ အလျော့ပေးတတ်ခြင်းသည် လူညံ့လူဖျင်းတွေရဲ့အကျင့်တစ်ခုဖြစ်ပါတယ်။

မိမိကိုယ်ကို မယုံကြည်လို့

depressed man

Photo: Whydoguys

ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူသည် ဘယ်အလုပ်ပဲ လုပ်လုပ် အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ အရာရာတိုင်းကို ကြောက်ရွံ့ပြီး ရှက်သလိုလို ကြောက်သလိုလို လုပ်နေတဲ့အခါ လက်ရဲဇက်ရဲသမားများက သင့်ကို နင်းခြေသွားပါလိမ့်မယ်။ ဘာကိုမှ တွေးတောပူပန်ကာ ကြောက် ရွံ့မနေပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ယုံကြည်လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့အခါ ခရီးတစ်ဝက်ခန့် အောင်မြင်ပြီးသားဖြစ်သွားပါတယ်။

ကံကိုသာ ယုံကြည်နေလို့

man smiling

Photo: Freepik

တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အောင်မြင်လာမှာပါလေ ဆိုပြီး ထိုင်စောင့်နေခြင်းသည် နွေခေါင်ခေါင်မှာ တစ်နေ့တော့ မိုးရွာလာဦးမှာပါလေဆိုပြီး ထိုင်စောင့်နေတာနဲ့ တူပါတယ်။ မိုးကတော့ သူ့အချိန်တန်က သူ ရွာပါလိမ့်မယ်။ သို့သော် ရေရှိတဲ့ နေရာဆီ မသွားဘဲ မိုးရွာမယ့် အချိန်ကိုသာ ထိုင်စောင့်နေမယ်ဆိုရင်တော့ ထိုအချိန်အထိ သင် အသက်ရှင်နေပါဦးမလား။

လူ့ဘဝသည် တိုတောင်းလှပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ဘာအလုပ်မှ မလုပ်၊ ဘာကြိုးစားအားထုတ်မှုမှ မရှိဘဲ ကံကောင်းလာမယ့်အချိန်ကို ထိုင်စောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ အရည်အချင်းများ၊ အားသာချက်များသည်လည်း အလဟဿဖြစ်သွားမှာဖြစ်ပြီး ထုတ်သုံးရမယ့်အချိန်လည်း ကျရောက်လာမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ရှေးလူကြီးသူမတွေက ကံကို ယုံပြီး ဆူးပုံကို မနင်းမိစေနဲ့လို့ ဆုံးမခဲ့ကြတာဖြစ်ပါတယ်။

ကွီး တို့ရဲ့ ဘဝ ကို အောင်မြင် သင့်သလောက် မအောင်မြင်အောင် တားဆီးနေတဲ့အချက်များ ထပ်ရှိပါသေးတယ်။ ထိုအချက်များကတော့ …

အရေးမကြီးတဲ့ ကိစ္စတွေကိုသာ အချိန်ပေးနေခြင်း၊ Comfort Zone ထဲကနေ မရုန်းထွက်နိုင်ခြင်း၊ မိမိကိုယ်ကိုယ် အင်မတန်အလုပ်များနေသူတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေခြင်း၊ ပိုက်ဆံသည်သာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးလို့ မှတ်ယူနေခြင်း၊ မကောင်းမြင်စိတ်များနှင့်သာ ပြည့်နှက်နေခြင်း၊ ကိုယ့်အလုပ်အပေါ် စိတ်ပါဝင်စားမှု မရှိလို့ အစရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်များအနက် ဘယ်နှချက်လောက်ကို ပြုလုပ်နေမိပါသလဲ။ ကွီး တို့ရဲ့ ဘဝ ထဲမှာ အခုဖော်ပြခဲ့တဲ့ အချက်တွေ ၃ ချက်ထက် ကျော်လွန်နေပြီဆိုရင်တော့ အောင်မြင် မှုအတွက် အလားအလာ နည်းသွားနိုင်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြသွားတဲ့အချက်များကို တတ်နိုင်သလောက် ပြောင်းလဲပစ်ရပါမယ်။ ဒါမှ ကွီး တို့ရဲ့ ဘဝ နဲ့ ထိုက်တန်တဲ့ အောင်မြင် မှု အသီးအပွင့်ကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

Source: Inc

Featured Image: Knowledgeformen