အောင်မြင်ချင်တဲ့ ကွီး တို့အတွက် အရေးအကြီးဆုံး အဖော်မွန်များကတော့ ဇွဲ၊ လုံ့လ နှင့် ဝီရိယတို့ပဲဖြစ်ပါတယ်။ ကွီး တို့ဘဝမှာ ဇွဲ၊ လုံ့လ ၊ ဝီရိယတို့ စိုက်ထုတ်မှုမရှိတဲ့အခါ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မှာ မဟုတ်ပါဘူး။

ဇွဲ၊ လုံ့လ၊ ဝီရိယရှိသောသူသည် ဘဝမှာ ဘယ်အခက်အခဲကိုမဆို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ရေရှည်ရည်မှန်းချက်ပန်းတိုင်အတွက်လည်း ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ကွီး တို့ရဲ့ ဘဝမှာ အခက်အခဲများနှင့် ကြုံတွေ့ရလည်း လက်မလျော့ဘဲ ဇွဲ၊ လုံ့လ ၊ ဝီရိယတို့ကို အဖော်ပြုကာ ရှေ့ဆက်ချီတက်ရမှာပဲ ဖြစ်ပါတယ်။

ဘဝမှာ ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်းကြောင့် ခံစားရမယ့် အကျိုးကျေးဇူးတွေကလည်း မနည်းမနောပါပဲ။ ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတော့ …

သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နှင့် အိပ်မက်တွေကို ဖြည့်ဆည်းပေးခြင်း

သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နှင့် အိပ်မက်တွေကို ဖြည့်ဆည်းပေးခြင်း

အောင်မြင်မှုပန်းတိုင်ဆီသို့ တက်လှမ်းတဲ့အခါ အတားအဆီး၊ အခက်အခဲများနှင့် မလွဲမသေ ရင်ဆိုင်ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုအတားအဆီးတွေနဲ့ ကြုံတွေ့ရတဲ့အခါ လူအများစုသည် လက်လျော့တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကာ “ငါ လုပ်နိုင်တယ်” လို့ မယုံကြည်ဘဲ အလွယ်လေး လက်လျော့လိုက်တဲ့အခါ ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်တော့မှာ မဟုတ်ပါဘူး။

သို့သော် အတားအဆီး အခက်အခဲများကို ဇွဲမလျော့ဘဲ အားကြိုးမာန်တက်နှင့် ဖြတ်ကျော်တဲ့အခါ ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ ပြည့်မြောက်သွားမှာပဲဖြစ်ပါတယ်။ ဒီအချက်သည် ကွီး တို့ရဲ့ ဇွဲ၊ လုံ့လ ၊ ဝီရိယတို့ကြောင့် ဖြစ်တည်လာတဲ့ သိသာထင်ရှားသော အကျိုးကျေးဇူးတစ်ခုပဲဖြစ်ပါတယ်။

အခက်အခဲများကြား ဖြတ်ကျော်ရခြင်းကြောင့် ပိုမိုသန်မာလာခြင်း

အခက်အခဲများကြား ဖြတ်ကျော်ရခြင်းကြောင့် ပိုမိုသန်မာလာခြင်း

ပြဿနာတစ်ခုခုဆို အားလျော့မသွားဘဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ ဖြေရှင်းကျော်ဖြတ်တဲ့အခါ စိတ်ဓာတ်သည်လည်း အရင်ကထက် ပိုမိုကြံ့ခိုင်လာပြီး ပိုမိုသန်မာလာမှာဖြစ်ပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယတို့သည် ဘဝမှာ မဖြစ်မနေ အရေးကြီးပြီး ကွီးတို့ကို အရင်ကထက် ပိုမိုသန်မာလာစေပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယရှိတဲ့သူနဲ့ မရှိသူ နှစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ စိတ်ဓာတ် သန်မာကြံ့ခိုင်မှု အားနည်းနေတာကို သိသိသာသာမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ အောင်မြင်နေတဲ့ ကမ္ဘာကျော်စာရေးဆရာအချို့သည်လည်း ပန်းခင်းလမ်းကို လျှောက်လှမ်းကာ အောင်မြင်လာကြတာမဟုတ်ပါဘူး။ အခက်အခဲပေါင်းစုံ၊ လူအများရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးမှ အောင်မြင်လာကြတာ ဖြစ်ပါတယ်။ သူတို့သာ ထိုအခက်အခဲကို မကျော်ဖြတ်ဘဲ လက်လျော့လိုက်မယ်ဆိုရင် သူတို့ရဲ့ အောင်မြင်နေတဲ့လက်ရာများကို ယနေ့ခေတ်မှာ ဖတ်ရှုခံစားနိုင်မှာမဟုတ်ပါဘူး။

ထိုနည်းတူစွာပဲ သိပ္ပံပညာရှင်များ၊ တီထွင်ဖန်တီးသူများသည်လည်း သူတို့ရဲ့အကြံဉာဏ်များ၊ အိုင်ဒီယာများကို ချပြတဲ့အခါ လူအများရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ သို့သော် သူတို့သည် သူတို့ယုံကြည်ရာအိပ်မက်ကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ရှေ့ဆက်လျှောက်လှမ်းကြတဲ့အတွက်ကြောင့် ယခုလိုအောင်မြင်လာရခြင်းဖြစ်ပါတယ်။

သင့်ကို ပိုမိုတိုးတက်လာအောင် ကူညီပေးခြင်း

ကွီး လုံ့လ

အခက်အခဲ ကြုံတွေ့ရချိန်မှာ ထိုင်ငြီးမနေဘဲ လုပ်စရာရှိတာကို ဇွဲနပဲနှင့် လုပ်ဆောင်ခြင်းသည်လည်း ကွီးတို့ရဲ့ ဘဝကို ပိုမိုတိုးတက်လာစေတယ်ဆိုတာကို သိပါသလား။

အရည်အချင်း မပြည့်မှီသေးလို့ လမ်းခရီးမှာ ရှေ့ဆက်သွားမရဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့အရည်အချင်း တိုးတက်အောင် ကြိုးစားရမယ်မဟုတ်လား။ ကွီးတို့အနေနဲ့ ဇွဲ၊ လုံ့လ ၊ ဝီရိယတို့ စိုက်ထုတ်ကာ လေ့လာသင်ယူစရာရှိတာတွေကို လေ့လာသင်ယူရင်း မိမိရဲ့ဝမ်းစာကို ဖြည့်တင်းကာ အရှေ့သို့ ဆက်လက်ချီတက်ရမှာဖြစ်ပါတယ်။

သင့်ဘေးနားက သူတွေကတော့ “ဒီအရာက သင်နဲ့ မကိုက်လို့ဖြစ်မှာပါ။ အခြားအရာပြောင်းလုပ်လိုက်ပါလား” “သင့်မှာ ပါရမီမပါလို့ ဖြစ်မယ်၊ အခြား ထူးချွန်တဲ့တစ်ခု ပြောင်းလုပ်ကြည့်ပါလား” လို့ အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။ ထိုကဲ့သို့သော စကားမျိုး ကြားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ “မဖြစ် ဖြစ်အောင် ထပ်ကြိုးစားချင်ပါသလား” သို့မဟုတ် “သူတို့ ပြောတာကို နားထောင်ပြီး လက်လျော့လိုက်ရတော့မလား”  ဆိုတဲ့ မေးခွန်းပါပဲ။

သင့်အနေနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ မစိုက်ထုတ်ဘဲ အားလျော့ချင်တယ်ဆိုရင်တော့ အရှေ့က ကြိုးစားထားသမျှသည်လည်း သဲထဲရေသွန်ဖြစ်သွားမယ်ဆိုတာကို အမှတ်ရလိုက်ပါ။

မိမိကိုယ်ကိုယ် ယုံကြည်ချက် ပိုရှိလာခြင်း

ကွီး လုံ့လ

ကွီး တို့ဘဝမှာ အတားအဆီး အခက်အခဲတစ်ခုကို ဇွဲ၊ လုံ့လ ၊ ဝီရိယနှင့် ကျော်ဖြတ်နိုင်လေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုမိုမြင့်မားလာလေပါပဲ။ ဒါ့ကြောင့်လည်း မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့သူတွေကို ကြည့်တဲ့အခါ သူတို့မှာ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ စိုက်ထုတ်ထားတာကို မြင်တွေ့ရမှာပဲဖစ်ပါတယ်။

အခွင့်အရေးများ အမိအရဖမ်းဆုပ်နိုင်အောင် ကူညီပေးခြင်း

ကွီး လုံ့လ

အခွင့်အရေးများကို အမိအရ ဖမ်းဆုပ်လာနိုင်မယ့်အပြင် အောင်မြင်မှုရာခိုင်နှုန်းလည်း ပိုမိုများပြားလာပါတယ်။ လူအများရဲ့ လေးစားအားကျရခြင်းကို ခံရပြီး ဘဝမှာ လူအများရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံရတတ်ပါတယ်။

လူအများရဲ့ ယုံကြည်မှုကို ရရှိခြင်း

ကွီး လုံ့လ

သင်သည် လမ်းတစ်ဝက်မှာ လွယ်လွယ်နဲ့ လက်မလျော့တတ်တဲ့အတွက်ကြောင့် သင့်ကို မြင်တာနဲ့ အခြားသူတွေက “သူက ဘယ်ကိစ္စမဆို ဆုံးခန်းတိုင်အောင် လုပ်ဆောင်တတ်တဲ့သူပါလား” ဆိုတဲ့အမြင်မျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။ လူအများရဲ့ ယုံကြည်မှုကို အလွယ်တကူရရှိခြင်းသည် ကွီးတို့ရဲ့ လုံ့လ ဝီရိယကြောင့်ပါပဲ။

Source: Eightysixfourhundred

Featured Image: Glide Design