ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားတွေမှာ တူညီတဲ့အချက်တစ်ချက်တော့ ရှိကြပါတယ်။ ထိုအချက်ကတော့ ချမ်းသာကြွယ်ဝတဲ့ သန်းကြွယ် သူဌေး တစ်ယောက်ဖြစ်ချင်တာပဲ ဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ သန်းကြွယ် သူဌေး တစ်ယောက်ဖြစ်ဖို့ရန်အတွက် ကြိုးစားရလုပ်ဆောင်ရမယ့်အရာတွေ ရှိပါတယ်။

ကွီး တို့အနေနဲ့ သန်းကြွယ် သူဌေး တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိပြီးပါပြီလား။

ရင်းနှီးမြှုပ်နှံတတ်ပါစေ

ကွီး သန်းကြွယ်

သန်းကြွယ်သူဌေးတွေသည် ရင်းနှီးမြှုပ်နှံတတ်ကြပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့အခါမှာလည်း အချိန်ကိုက်ဖြစ်ဖို့၊ ဘယ်အချိန်မှာ ဘယ်လို နောက်ဆုတ်ရမလဲဆိုတာ သိနားလည်ဖို့လည်း လိုအပ်ပါတယ်။ မရင်းနှီးမြှုပ်နှံတတ်ဘူးဆိုရင်တော့ ကွီးတို့ရဲ့စီးပွားရေးသည် ထင်သလောက် ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။

တီထွင်ကြံဆလိုစိတ်ရှိပါစေ

ကွီး သန်းကြွယ်

သင့်ရဲ့လုပ်ငန်းများ အောင်မြင်ချင်တယ်ဆိုရင် သင့်ဆီမှာ အများနဲ့ မတူတဲ့ တီထွင်ကြံဆနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ အခြားသော လုပ်ငန်းများနှင့် မတူတဲ့ အိုင်ဒီယာများရှိမှသာလျှင် သင့်ရဲ့ကာစတန်မာများ၊ အခြားသော တွဲဖက်ပါတနာများက သဘောကျမှာ ဖြစ်ပါတယ်။ တစ်ခုသတိထားသင့်တဲ့အချက်က ကိုယ့်ရဲ့ အစီအစဉ်တွေက အလုပ်မဖြစ်တာနဲ့ပဲ ချက်ချင်း လက်မလျော့လိုက်ဖို့ပါပဲ။ ပထမအစီအစဉ်က အလုပ်မဖြစ်ဘူးဆိုရင် ဒုတိယအစီအစဉ်ကို ပြောင်းလုပ်ပါ။ ထိုအစီအစဉ်က မအောင်မြင်ဘူးဆိုရင်လည်း နောက်တစ်ခုကို ပြောင်းလုပ်လိုက်ပါ။ မအောင်မြင်မချင်း ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

အလုပ်နဲ့ ပတ်သက်လာရင် လာဘ်မြင်တတ်ပါစေ

ကွီး သန်းကြွယ်

ကွီး တို့အနေနဲ့ သန်းကြွယ် သူဌေး တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အကွက်မြင်တတ်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဒီလိုလုပ်လိုက်လို့ ဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ။ ကောင်းကျိုးထက် ဆိုးကျိုးက များနေမှာလား ဆိုတာကို သေချာချင့်ချိန်တွေးတောဖို့ လိုအပ်ပါတယ်။ တကယ်လို့ အကျိုးဆက်တွေက ကောင်းကျိုးတွေ ဆိုးကျိုးများနေတဲ့အခါ နောက်တစ်ကွက်ရွေ့ကာ အိုင်ဒီယာအသစ် ပြောင်းလဲလိုက်ပါ။

ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် မြန်မြန်ဆန်ဆန် ချဲ့ထွင်ပါ

ကွီး သန်းကြွယ်

ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းများကိုလည်း ချဲ့ထွင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ ရုံးခွဲသစ်များ၊ ဆိုင်ခွဲသစ်များ ဖွင့်လှစ်ကာ စီးပွားရေးလုပ်ငန်းကို ကြီးသထက် ကြီးလာအောင် ပြုလုပ်လိုက်ပါ။ သင့်အနေနဲ့ ရုံးခွဲအများကြီးကို ဦးဆောင်နိုင်ဖို့အတွက် အချိန်မလုံလောက်ဘူး၊ သင် တစ်ယောက်တည်း မစီမံနိုင်ဘူးဆိုရင်တော့ လုပ်ရည်ကိုင်ရည်ရှိပြီး သင် ကိုယ်တိုင်လည်း ယုံကြည့်စိတ်ချရတဲ့ လူယုံတစ်ယောက် (သို့) ဝန်ထမ်းတစ်ယောက်ထံ တာဝန်လွဲအပ်ကာ လုပ်ကိုင်နိုင်ပါတယ်။ သို့သော် ထိုလူယုံကိုလည်း အမြဲတစေ ဆိုသလို စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုကလွဲရင် ဘယ်သူ့ကိုမှ မယုံတာ အကောင်းဆုံးပါပဲ။ ထိုလူယုံက ငွေအလွဲသုံးစားလုပ်တာတွေ ကိုယ့်ကို အန္တရာယ်ဖြစ်အောင် မပြုလုပ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူးမဟုတ်လား။

ငွေရေးကြေးရေးနှင့် ပတ်သက်လာရင်လည်း အရဲစွန့်ဖို့ ဝန်မလေးပါနှင့်

man calculating

သန်းကြွယ်သူဌေးတိုင်းသည် လက်ရှိနေရာကို ဘေးကင်းကင်းနဲ့ ရောက်ရှိလာတာ မဟုတ်ပါဘူး။ စွန့်စားတတ်တဲ့စိတ်ကြောင့်သာ ရောက်ရှိလာကြတာဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ စွန့်စားရမှာကို ကြောက်တယ်ဆိုရင်တော့ သန်းကြွယ် သူဌေး တစ်ယောက်မဖြစ်နိုင်ပါဘူး။ ငွေရေး ကြေးရေးနှင့် ပတ်သက်လာလျှင်လည်း အရဲစွန့်သင့်ပါက အရဲစွန့်ပါ။ သေရင် မြေကြီး၊ ရှင်ရင် ရွှေထီးပါပဲ။ သို့သော် အလုံးစုံ အရဲစွန့်တာမျိုးထက် မအောင်မြင်ခဲ့ပါက ဘယ်လို Backup Plan တွေ ရှိမလဲဆိုတာကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။

အရဲစွန့်တယ်ဆိုတဲ့ နေရာမှာလည်း ငွေရေးကြေးရေးတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်ကုမ္ပဏီနဲ့ လုပ်ငန်းတူတူ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာလည်း ကိုယ့်ဘက်ကို ဘာတွေ ပေးဆပ်ရမလဲ။ ဘာတွေ ပြန်ရမလဲ။ ဘယ်လိုစွန့်စားရမလဲ အစရှိတာတွေကို သိထားဖို့လည်း လိုအပ်ပါတယ်။

သင့်မှာ အရာအားလုံး ပိုင်ဆိုင်ထားတယ်လို့ မှတ်ယူပါ

happy business man

ကွီး တို့အနေနဲ့ သန်းကြွယ် သူဌေး တစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့အခါ ကိုယ့်မှာ ဘယ်လို ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ပေါ်လာ ပေါ်လာ ကိုယ်တိုင်သိမ်းထားဖို့ လိုအပ်ပါတယ်။ ထိုအိုင်ဒီယာသည် အခြားသူများနှင့် သူမတူတဲ့ အိုင်ဒီယာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အခြားသူတွေ တစ်ခါမှာ မစဉ်းစားဖူးတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အကြံဉာဏ် (သို့) အခြားသူတွေ တစ်ခါမှာ မပေးဖူးတဲ့ ကိုယ်ပိုင်ဝန်ဆောင်မှုတွေကို သင်ကိုယ်တိုင် ကာကွယ်ဖို့ လိုအပ်ပါတယ်။ လိုအပ်ပါက သင့်ရဲ့ ပြိုင်ဘက်ကုမ္ပဏီများက သင့်ရဲ့ အိုင်ဒီယာများ၊ ဝန်ဆောင်မှုများအတိုင်း ပုံတူမပွားနိုင်အောင်လို့ မူပိုင်ခွင့်များ ရယူလိုက်ပါ။

ဒါ့ကြောင့်မို့လို့ ကိုယ်သည် ဘယ်လိုကုန်ပစ္စည်းအသစ်မျိုးကိုမဆို ဈေးကွက်ထဲမှာ မဖြန့်ချီခင်မှာ မူပိုင်ခွင့်များ သေချာအောင် ရယူလိုက်ပါ။ အချို့သော ကုမ္ပဏီကြီးတွေသည် သူတို့ရဲ့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဈေးကွက်ထဲသို့ မရောင်းချခင်မှာ အချိန်တစ်ခုစောင့်ပါတယ်။ သူတို့ရဲ့မူပိုင်ခွင့်တွေ ရရှိတာ သေချာပြီဆိုမှ ဟေ့ာဟေ့ာ ဒိုင်းဒိုင်းဆိုပြီး သူတို့ရဲ့ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ချပြတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ပါ

man meeting

သန်းကြွယ်သူဌေးများသည် ဘယ်တော့မှ စီးပွားရေးလုပ်ငန်းတစ်ခုတည်းကို မလုပ်ကိုင်ကြပါဘူး။ သူတို့ရဲ့ပထမဦးဆုံး လုပ်ငန်းကြီး အောင်မြင်သွားတဲ့အခါ နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကိုပါ ထပ်ပေါင်းလုပ်ဆောင်ကြပါတယ်။ ဥပမာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအနေနဲ့ အကြီးအကျယ်အောင်မြင်သွားတဲ့အခါ Luxury ဆန်ဆန် ခရီးသွား အေဂျင်စီမျိုး ထောင်ကာ မတူညီတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်လိုက်ပါတယ်။ အိမ်ခြံမြေနှင့် ခရီးသွားလုပ်ငန်းသည် မတူညီတဲ့ စီးပွားရေးတစ်ခုပေမယ့် နယ်ပယ်ချင်း ဆင်ပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ ပထမစီးပွားရေးက ကိုယ် လိုချင်တဲ့ အနေအထားတစ်ခုအထိ အောင်မြင်သွားတဲ့အခါမှာတော့ ထိုစီးပွားရေး နယ်ပယ်ထဲက အခြားသော ခေါင်းစဉ်ခွဲတစ်ခုမှာ ပါဝင်နေတဲ့ နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုကို ချဲ့ထွင်လိုက်ပါ။ ဒီလိုနည်းလမ်းဖြင့်ပဲ သန်းကြွယ်သူဌေးတွေသည် ပိုက်ဆံပေါင်း မီလီယံနှင့်ချီကာ ချမ်းသာကြွယ်ဝလာတာပဲဖြစ်ပါတယ်။

Source: Successstory

Featured Image: Chivmen