ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲ လန့်လန့်နိုးတတ်လို့ စိတ်ညစ်နေပါသလား။ ကွီး တို့ကို ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးမယ့် အကြောလျော့ လေ့ကျင့်ခန်း များရှိပါတယ်။
လေ့ကျင့်ခန်း (၁)

အဆင့် (၁) မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ကားထုတ်လိုက်ပါ။ ထိုအချိန်မှာ အသက်ပြင်းပြင်းရှူပေးလိုက်ပါ။
အဆင့် (၂) လက်နှစ်ဖက်ကို ပုံပါအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်သိုင်းဖက်လိုက်တဲ့အချိန်မှာ အသက်ပြင်းပြင်းရှူထုတ်လိုက်ပါ။
အဆင့် (၃) ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် နေနေပါ။
ပြီးရင်တော့ အဆင့် (၁) ကအတိုင်း လက်နှစ်ဖက် ပြန်လည်ဆန့်ထုတ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။
စုစုပေါင်း ၅ ကြိမ်ခန့် ပြုလုပ်ရပါမယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ ကွီး တို့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများကို အကြောအချဉ်များ ပြေလျော့စေမယ့် အကြောလျော့ လေ့ကျင့်ခန်း ပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်းကတော့ လည်ပင်း၊ ဦးခေါင်းနှင့် ပုခုံးပေါ်မှာ သက်ရောက်နေတဲ့ တင်းကြပ်မှုကို မြန်မြန်ပြေလျော့စေမှာဖြစ်ပါတယ်။
အဆင့် (၁) ခုံတစ်လုံးပေးမှာ သက်သောင့်သက်သာ ထိုင်နေပါ။ ထို့နောက် မေးစေ့ကို တဖြည်းဖြည်းချင်းစီ ရင်ဘတ်နှင့် နီးကပ်ပေးလိုက်ပါ။
အဆင့် (၂) ထို့နောက် တဖြည်းဖြည်းစီ အနောက်သို့ ပြန်လှန်ပေးလိုက်ပါ။ အသက်ကိုလည်း ပုံမှန်အတိုင်း ဖြည်းဖြည်းချင်းစီရှူသွင်းရှူထုတ်ပြုလုပ်ရပါမယ်။ စုစုပေါင်း (၅) ကြိမ်ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်းကတော့ ပုခုံးနှင့် ခါးရှိ နာကျင်မှုကို သက်သောင့်သက်သာဖြစ်သွားအောင် ကူညီပေးပါလိမ့်မယ်။
အဆင့် (၁) ထိုင်ခုံတစ်လုံး (သို့) ဆိုဖာရှေ့တွင် ပုံပါအတိုင်း ဒူးထောက်လိုက်ပါ။
အဆင့် (၂) ဒူးခေါင်းအောက်တွင် စောင် (သို့) ကူရှင်လေးတစ်ခု ခံထားနိုင်ပါတယ်။
ထို့နောက် လက်နှစ်ဖက်က ခုံပေါ်တွင် တင်ထားကာ အကြောဆန့်နိုင်သလို ဆန့်လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ နေရပါမယ်။ စုစုပေါင်း ၃ ကြိမ် ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၄)

Photo: sralab
အဆင့် (၁) ဒူးနှစ်ဖက်ပေါ်တွင် ထိုင်နေပါ။
အဆင့် (၂) ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့ဘက်သို့ တဖြည်းဖြည်းကွေးချလိုက်ကာ လက်နှစ်ဖက်က ကြမ်းပြင်နှင့် ထိကပ်ပေးလိုက်ပါ။
အဆင့် (၃) ပုံပါအနေအထားအတိုင်းဖြစ်သွားရင်တော့ အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်ပြုလုပ်ရပါမယ်။
ထိုအနေအထားအတိုင်း ၅ မိနစ်ပြည့်အောင် နေပါ။
လေ့ကျင့်ခန်း (၅)

Photo: Freepik
အဆင့် (၁) ကြမ်းပြင်ပေါ်တွင် ခြေထောက်နှစ်ဖက် စဉ်းကာ ထိုင်နေပါ။
အဆင့် (၂) လက်နှစ်ဖက်က ခြေဖဝါးနှစ်ဖက်ကို ဆွဲကိုင်ပြီးနောက် မျက်နှာနဲ့ ဒူးခေါင်းနဲ့ကို ထိကပ်ပေးရမှာဖြစ်ပါတယ်။
ပုံပါအနေအထားအတိုင်း ရသွားပြီဆိုရင်တော့ ၅ မိနစ်ခန့် ပြည့်အောင်နေရမှာဖြစ်ပါတယ်။
Source: Healthline
Featured Image Source: Sleepymattress.in
