ကျွန်တော်တို့အားလုံးသည် မဂ္ဂဇင်းများ၊ သတင်းစာများ၊ အင်တာနက်စာမျက်နှာများပေါ်တွင် ဖော်ပြခံရတဲ့ အောင်မြင်တဲ့သူတွေလိုမျိုး အောင်မြင်ချင်ကြပါတယ်။ သူတို့ကို အောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်အောင် ဘယ်လိုအရည်အချင်းတွေက ကူညီပေးသလဲ။ အောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘယ်လိုအရည်အချင်းတွေ ပိုင်ဆိုင်ထားဖို့ လိုအပ်မလဲ။ အခုဖော်ပြပေးမယ့် လက္ခဏာများကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ကွီး တို့သည် မကြာတော့တဲ့ အနာဂတ် မှာ အောင်မြင်တော့မယ်ဆိုတာကို သိနိုင်ပါတယ်။

ပြောင်းလဲမှုများကို လက်ခံနိုင်လာတယ်

ကွီး အနာဂတ်

ကွီး တို့ရဲ့ အနာဂတ် တိုးတက်အောင်မြင်ဖို့အတွက်ဆိုရင် အပြောင်းအလဲများစွာနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ထိုအပြောင်းအလဲများကိုလည်း ရင်ဆိုင်နိုင်ပြီး စိတ်ပါလက်ပါ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ပြောင်းလဲမှုများအားလုံးသည် ကွီး တို့ရဲ့ အနာဂတ် တိုးတက်အောင်မြင်မှုအတွက်ဖြစ်ပါတယ်။

ကွန်ပလိန်းတွေ မတက်တော့ဘူး

successful man

ကွန်ပလိန်းတက်ခြင်းသည် ကြားရတဲ့သူအတွက်လည်း မကောင်းပါဘူး။ ကွန်ပလိန်းတက်တဲ့သူရော၊ အတက်ခံရသူရော စိတ်မသက်မသာ အနေအထားကို ခံစားရတာတော့ အမှန်ပါပဲ။ ထိုဒဏ်ကြောင့် သင့်ရဲ့ စွမ်းအင်များလည်း အလိုအလျောက် ကုန်ခမ်းသွားတတ်ပါတယ်။ ကွန်ပလိန်းတတ်နေမယ့်အစား ပြဿနာရဲ့ အဓိကအရင်းအမြစ်ကို သေချာရှာဖွေကာ ဖြေရှင်းတတ်မယ်ဆိုရင်တော့ ကွီး တို့သည် မကြာတော့တဲ့ အနာဂတ် မှာ အောင်မြင်လာမှာပဲ ဖြစ်ပါတယ်။

အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာတယ်

successful man

သင်သည် မီတင်များ၊ ဟောပြောပွဲများ၊ အရေးကြီးတဲ့ပွဲများ တက်ရောက်ရာမှာလည်း နောက်မကျတော့ဘဲ အချိန်မှီသွားတတ်လာတတ်လာမယ်။ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာပြီး အချိန်ကို လေးစားလာမယ်။ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးတွေ မရှိတော့ဘူးဆိုရင်တော့ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်းကို အမြန်ဆုံးရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။

အမြဲတမ်း စိတ်ဓာတ်တက်ကြွနေတယ်

successful man

စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းဆိုတာ သင့်အဘိဓာန်မှာ မရှိတော့ဘူး။ နေ့ရက်တိုင်းကို စိတ်အားထက်သန်စွာနှင့် ဖြတ်သန်းပြီး အလုပ်ဟူသမျှကိုလည်း အားသွန်ခွန်စိုက်ဖြင့် သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် လုပ်ဆောင်တတ်လာမယ်။ ဒါဆိုရင်တော့ ကွီး တို့သည် မကြာတော့တဲ့ အနာဂတ် မှာ အောင်မြင်မှုကို ပိုင်ဆိုင်တော့မှာ ဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

အလုပ်များများ လုပ်ဖို့ကိုလည်း နောက်တွန့်မနေဘူး

successful man

ကိုယ့်ကို တာဝန်ပေးထားတဲ့အလုပ်ထက် ပိုပြီး လုပ်ချင်နေတယ်။ ဘာ့ကြောင့်လဲဆိုတော့ အလုပ်များများ လုပ်ခြင်းအားဖြင့် အတွေ့အကြုံများ ပိုရပြီး ပိုမိုလေ့ကျင့်နိုင်တယ်ဆိုတာကို သင် သိလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အခွင့်အရေးများကိုလည်း တစ်ချိန်တည်းမှာပဲ ရရှိနိုင်လို့ပဲဖြစ်ပါတယ်။

အခြားသောသူများကိုလည်း ကူညီဖို့ ဝန်မလေးဘူး

successful man

လူတိုင်းသည် တစ်ကွေ့မဟုတ် တစ်ကွေ့တော့ အခြားသူများရဲ့ အကူအညီကို လိုအပ်တယ်ဆိုတာ သင် သိနားလည်ထားပါတယ်။ သင် ကူညီနိုင်တာရှိရင်လည်း သင်သည် ထိုသူများကို ကူညီပေးဖို့ ဝန်မလေးတဲ့သူတစ်ယောက်ပါ။

အတားအဆီး၊ အခက်အခဲတွေ မှန်သမျှကို မိမိအတွက် အခွင့်အရေးတစ်ခုအဖြစ် အသုံးချတယ်

successful man

အတားအဆီးများ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရပါကလည်း ငြီးငြူခြင်းမရှိဘဲ ထိုအတားအဆီးများကို လှေကားထစ်များသဖွယ် ချနင်းကာ မိမိအတွက် အခွင့်အရေးတစ်ခုအဖြစ် ဖန်တီးနိုင်စွမ်းရှိနေပြီလား။ ဒါဆိုရင်တော့ အောင်မြင်မှုသည် သင်နဲ့ တဖြည်းဖြည်း နီးစပ်လာပြီပဲဖြစ်ပါတယ်။

အသစ်သော အရာတွေကို သင်ယူလေ့လာချင်စိတ်ရှိတယ်

successful man

နေ့စဉ်နေ့တိုင်းမှာ သင်ယူလေ့လာဖို့ လိုအပ်ပါတယ်။ အသစ်သော အရာများကို သင်ယူလေ့လာခြင်းသည် အောင်မြင်မှုအတွက် အဓိက သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်သိထားတဲ့ ပညာရပ်အတွက် ထပ်ဆင့်ကဲကာ လေ့လာပါက ထိုပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်လာမှာဖြစ်ပြီး မသိသေးသာ ပညာရပ်အသစ်ကို လေ့လာထားမယ်ဆိုရင်လည်း တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့ အနာဂတ်အတွက် အထောက်အကူဖြစ်လာမှာပဲဖြစ်ပါတယ်။

မသိတဲ့ အရာတွေအတွက်လည်း မေးခွန်းထုတ်ဖို့ ကြောက်ရွံ့မနေဘူး

ကွီး အနာဂတ်

အကြောင်းအရာတစ်ခုကို မသိဘူးလား။ ကိုယ် မသိတာကို သိသလိုလို ဟန်ဆောင်နေခြင်းသည် ကိုယ့်တက်လမ်းအတွက် အထောက်အကူမဖြစ်စေပါဘူး။ ကိုယ် မသိတာကို မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ထိုအရာအတွက် မေးခွန်းများ မေးဖို့ကိုလည်း မကြောက်ရွံ့တတ်ဘူးဆိုရင်တော့ တစ်ချိန်ချိန်မှာ အောင်မြင်မှုသည် သင့်ထံသို့ တံခါးခေါက်ကာ ဝင်ရောက်လာမှာပဲဖြစ်ပါတယ်။

အခြားသောသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်တတ်တယ်

ကွီး အနာဂတ်

ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အဖွဲ့အစည်းစိတ်ဓာတ်သည် အင်မတန်အရေးကြီးတဲ့အရာ တစ်ခုဖြစ်ပါတယ်။ လူသားများသည် တစ်ယောက် တည်း ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်မှာရှိတဲ့ အားနည်းချက်ကို အခြားသူရဲ့ အကူအညီယူကာ အားသာချက်အဖြစ် ပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။ ဒီလို လုပ်ဆောင်ဖို့ဆိုရင် အတူတကွပူးပေါင်းကာ လက်တွဲလုပ်ဆောင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကိုယ့်ရဲ့ အားနည်းချက်များ၊ အားသာချက်များကို သိနားလည်တယ်

ကွီး အနာဂတ်

လူတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ အားသာချက်ကို သေသေချာချာ အသုံးချတတ်ပြီး အားနည်ချက်များကိုလည်း သိနားလည်ဖို့ လိုအပ်ပါတယ်။ လူတိုင်းသည် ရာနှုန်းပြည့် ပြည့်စုံတာ မဟုတ်ကြပါဘူး။ ပြစ်ချက်တစ်စုံတစ်ရာတော့ ရှိစမြဲပါပဲ။ ထို့အတူ ကိုယ့်ရဲ့ အားနည်းချက်ကြောင့် စိတ်အားငယ်နေစရာမလိုဘဲ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲကာ အားနည်းချက်ကနေ အားသာချက်အဖြစ် ပြောင်းလဲသွားအောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

သင်သည် ဘယ်တော့မှ အရှုံးမပေးဘူး

ကွီး အနာဂတ်

လမ်းတစ်ဝက်မှာ အရှုံးပေးပြီး အလွယ်လေး လှည့်ပြန်သွားမယ်ဆိုရင်တော့ အောင်မြင်မှုသည် သင့်အတွက် မဟုတ်တော့ပါဘူး။ သင်သည် မဆုတ်မနစ်တဲ့ဇွဲနဲ့ ကြိုးစားအားထုတ်ကာ အရှုံးမပေးတတ်တဲ့ လူသားတစ်ယောက်ဖြစ်လာပြီဆိုရင်တော့ အောင်မြင်မှုက သင့်အတွက်ပါပဲ။

သင်သည် မှန်ထဲမှာ မြင်ရတဲ့သူကို ချစ်တယ်

ကွီး အနာဂတ်

သင့်ကိုယ်သင် မှန်ထဲမှာ ပြန်ကြည့်လိုက်ပါ။ မှန်ထဲမှာ မြင်ရတဲ့သူကို သင် ချစ်ပါသလား။

လူသားတိုင်းသည် မိမိကိုယ်ကိုယ် ချစ်တတ်ဖို့လိုအပ်ပါတယ်။ ဒါမှ မိမိရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်မှာဖြစ်ပါတယ်။ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာမှသာလျှင် မိမိလိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Source: Lifehack

Featured Image: Forbes