လူတော်တော်များများသည် အခြားသူတွေက သူတို့ကို စိတ်ပျက်သွားကြမှာကို အင်မတန်ကြောက်ကြပါတယ်။ ဒါပေမဲ့ ထို့ထက်ပိုဆိုးတဲ့အခြေအနေကတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်သွားခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ကာ စိတ်ပျက် သွားတဲ့အချိန်မှာ စိတ်ဓာတ်ပြန်လည်မြင့်တင်ဖို့ရန်အတွက် လုပ်ဆောင်သင့်တဲ့ အပြုအမူ များရှိပါတယ်။

မိမိကိုယ်ကိုယ် စိတ်ပျက် သွားခြင်းသည် ကိုယ့်ရဲ့ ယုံကြည်ချက်များ ပျောက်ဆုံးသွားတဲ့ အပြုအမူ တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်ရဲ့စိတ်ဓာတ်ကို သင်ကိုယ်တိုင် ပြန်လည်မြင့်တင်ဖို့လိုအပ်ပါတယ်။ ဒါဆိုရင် ဘယ်လိုနည်းလမ်းများနဲ့ ကိုယ့်ရဲ့စိတ်ဓာတ်ကို မြင့်တက်အောင် လုပ်ဆောင်နိုင်မလဲ။

ဖြစ်ပျက်သွားတဲ့ အရာအားလုံးကို လက်ခံလိုက်ပါ

man depressed at workplace

ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးသွားခဲ့ပါပြီ။ နောင်တရပြီး ထိုင်ငိုနေလို့ ထိုအမှားကို ပြန်ပြင်လို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်အားပြန်တင်းကာ အရှေ့သို့ ဆက်လက်ချီတက်ဖို့လိုအပ်ပါတယ်။

လူတိုင်းအမှားလုပ်မိတတ်ကြတာပါပဲ။ အမှားလုပ်ခြင်းသည် ရှက်စရာမဟုတ်ပါဘူး။ အကြီးအကျယ် ငိုချပစ်လိုက်ချင်တယ်မလား။ ငိုချလိုက်ပါ။ မင်းက ယောကျာ်းကြီး တန်မဲ့နဲ့ ငိုနေပြန်ပြီလားလို့ ပြောလာလည်း ဂရုမစိုက်ပါနဲ့။ ယောကျာ်းဆိုသည်မှာလည်း စက်ရုပ်မဟုတ်ပါဘူး။ အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတာမို့လို့ ဝမ်းနည်းကြေကွဲချိန်မှာလည်း ငိုချချင် ငိုပစ်မှာပါပဲ။ စိတ်အားရအောင် ငိုပြီးသွားတဲ့အခါ ဖြစ်ပျက်သွားတဲ့ အရာအားလုံးကို လက်ခံကာ ရှေ့ဆက်သွားဖို့လိုအပ်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေကောင်းတစ်ယောက်လို ဆက်ဆံပါ

man hugging himself

ဒီလိုအမှားမျိုး ကျူးလွန်ရလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့တော့။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေကောင်းတစ်ယောက်အဖြစ်ဆက်ဆံပါ။ မိတ်ဆွေကောင်းတို့မည်သည် အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရတဲ့အခါ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမကြတာမဟုတ်လား။ စိတ်ခွန်အားပေးပြီး တစ်ယောက်လိုအပ်တဲ့ အကူအညီကို ပံပိုးပေးခြင်းသည် မိတ်ဆွေကောင်းတို့ရဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက် သွားတဲ့အချိန်မှာ မိတ်ဆွေကောင်းတို့ရဲ့ အပြုအမူ အတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆက်ဆံဖို့လိုပါလိမ့်မယ်။

“ငါ မင်းကို အရမ်း စိတ်ပျက်သွားပြီး။ မင်း ဒီ့ထက် ကောင်းအောင် လုပ်နိုင်ရဲ့သားနဲ့ကွာ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထိုးနှက်နေမယ့်အစား “ဒီတစ်ခေါက် မအောင်မြင်လည်း နောက်တစ်ခေါက်ပေါ့ကွာ” ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် အပြစ်မတင်ဘဲ ပြန်လည်အားပေးဖို့လိုအပ်ပါလိမ့်မယ်။

အကောင်းဆုံးကိုလည်း မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ

စိတ်ပျက် အပြုအမူ

မျှော်လင့်ချက်ကြီးလေ အကျနာလေပါပဲ။ သင်သည် ရလာဒ်ကောင်းတွေ လိုချင်လို့ မြင့်မြင့်မှန်းထားပေမယ့် ကိုယ် မှန်းထားသလို မဖြစ်လာတဲ့အခါလည်းရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးကိုလည်း မျှော်လင့်ထားသလို အဆိုးဆုံးအခြေအနေများအတွက်လည်း စိတ်ဓာတ်ကို ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ ဒီလိုပြင်ဆင်ထားခြင်းအားဖြင့် ရှေ့ဆက်မယ့် အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်သွားတဲ့ အခြေအနေမျိုးကလည်း ရှောင်ကြဉ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အာရုံလွှဲပါ

စိတ်ပျက် အပြုအမူ

ကိုယ့်ကိုယ်ကိုယ် စိတ်ပျက် သွားတဲ့အခါ အလုပ်သင့်တဲ့ အပြုအမူ တစ်ခုကတော့ စိတ်အာရုံလွှဲခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ကို စိတ်ညစ်စေမယ့် ထိုအရာတစ်ခုအပေါ်မှာပဲ အာရုံစိုက်ထားမယ့်အစား ဟာသကားတွေ ကြည့်ရင်း စိတ်အပန်းဖြေလိုက်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်ကာ အချိန်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းပစ်လိုက်ပါ။ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်သွားတဲ့အခါမှာတော့ စိတ်ပျက်အားငယ်တဲ့ ခံစားချက်များ အလိုလိုလွှင့်စင်သွားပါလိမ့်မယ်။

သတိထားရမယ့်အချက်ကတော့ သင့်ရဲ့အာရုံလွှဲတဲ့ နည်းလမ်းသည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့နည်းလမ်းဖြစ်ဖို့လိုအပ်ပါတယ်။ ဥပမာ စိတ်ဖိစီးလွန်းလို့၊ စိတ်ညစ်လွန်းလို့ဆိုပြီး အစားများ တဝတပြဲစားသောက်ခြင်း (သို့မဟုတ်) ဘာအစာမျှ မစားဘဲ နေ့ရော ညပါ အိပ်စက်နေခြင်း အစရှိတဲ့ အချက်များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အာရုံလွှဲနည်းဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်မေးပါ

စိတ်ပျက် အပြုအမူ

ကွီးတို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်စိတ် ဝင်လာတဲ့အခါ အခုဖော်ပြပေးမယ့် မေးခွန်းများဖြင့် ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်နိုင်ပါတယ်။

(၁) မိမိကိုယ်ကိုယ် လုံလောက်တဲ့ အချိန်ပေးလိုက်ရဲ့လား။

(၂) ကြိုတင်ပြင်ဆင်ချိန်ရော ရှိလိုက်ရဲ့လား။

(၃) ကိုယ့်မှာ လုံလောက်တဲ့ လေ့ကျင့်မှုတွေရော လုပ်လိုက်ရဲ့လား။

(၄) လိုအပ်တဲ့ အကူအညီများရော ရယူလိုက်ရဲ့လား။

ထိုမေးခွန်းများကို ပြန်မေးကြည့်လိုက်ပါ။ တကယ်လို့ ထိုမေးခွန်းတွေရဲ့ အဖြေက “No” ဆိုရင်တော့ သင့်ကိုယ်သင် အပြစ်တင်နေတာကို ရပ်တန့်ပစ်လိုက်ပါ။

နောက်တစ်ကြိမ် ပြန်လည်ကြိုးစားလိုက်ပါ။ ဒီတစ်ခါ ကြိုးစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လုံလောက်တဲ့ အချိန်ပေးပါ။ ကြိုတင်ပြင်ဆင်ချိန် လုံလောက်အောင် ရယူပါ။ လေ့ကျင့်မှုများများ ပြုလုပ်ပါ။ ကျွမ်းကျင်သူများထံ အကူအညီရယူပါ။

သင်ခန်းစာယူကာ တူညီတဲ့ အမှားမျိုး နောက်ထပ် မကျူးလွန်မိအောင် ကြိုးစားပါ

စိတ်ပျက် အပြုအမူ

လူတိုင်းသည် ရာနှုန်းပြည့် မပြည့်စုံနိုင်ကြပါဘူး။ အောင်မြင်ဖို့ရန်အတွက် အရှုံးနဲ့လည်း ရင်ဆိုင်နိုင်ရပါမယ်။ သမိုင်းတစ်လျှောက်မှာ အောင်မြင်ခဲ့တဲ့သူတွေရော လက်ရှိအချိန်မှာ အောင်မြင်နေတဲ့သူတွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့မှာ ကျရှုံးမှုသည် တစ်ခုထက်မက ရှိကြပါတယ်။ သူတို့သည် ကျရှုံးသွားလို့ဆိုပြီး ထိုနေရာမှာပဲ ရပ်မနေကြပါဘူး။ လဲနေရာကနေ အသည်းအသန်ပြန်ထပြီး နောက်တစ်ဖန် ကြိုးစားအားထုတ်ကြပါတယ်။

ကွီးတို့သည် ထိုသူများကဲ့သို့ပင် ကိုယ့်ရဲ့ ပထမသင်ခန်းစာက အမှားများထံမှ သင်ခန်းစာယူရင်း တူညီတဲ့အမှားမျိုးကို နောက်ထပ်မကျူးလွန်မိအောင် ကြိုးစားနိုင်ပါတယ်။ သင် လဲကျသွားချိန်သည် သင့်ရဲ့ရှုံးနိမ့်ချိန်မဟုတ်ပါဘူး။ သင် လက်မြှောက်အရှုံးပေးလိုက်မှသာ တကယ့်အရှုံးဖြစ်သွားမှာပါ။

ဒီအချက်များကတော့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ပြီး စိတ်ပျက် သွားချိန်မှာ လုပ်ဆောင်သင့်တဲ့ အပြုအမူ များပဲဖြစ်ပါတယ်။

Source: Advice.theshineapp

Featured Image: Lifehack