ပြီးပြည့်စုံတဲ့လူသားဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ ဒါ့ကြောင့် အမှားပြုလုပ်ခြင်းဆိုတာလည်း လူတိုင်း ကြုံတွေ့ရတာ ကိစ္စရပ်တစ်ခုပါပဲ။ အမှား လုပ်လိုက်မိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ဖွဲ့နေမယ်ဆိုပြီး ထိုအမှားထဲကနေ ရုန်းမထွက်နိုင်တော့ဘဲ အရှေ့သို့ ဆက်လက်ချီတက်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ကွီး တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပြီး အတိတ်က အမှားများ ကို သင်ပုန်းချေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များကို အသုံးပြုနိုင်ပါတယ်။

အရှေ့သို့ ဆက်ချီတက်ရမယ့် အချိန်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

tips for kwee to forget their mistakes

အတိတ်ကို သင်ပုန်းချေနိုင်ဖို့အတွက် အခက်ခဲဆုံးအရာကတော့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချကာ အရှေ့သို့ ဆက်လက်ချီတက်ခြင်းပဲဖြစ်ပါတယ်။

အတိတ်က အမှားတွေအတွက် သင် ခံစားရတဲ့ ခံစားချက်တွေ ပေးဆပ်ခဲ့ရတာတွေသည်လည်း ထိုက်သင့်သလောက် လုံလောက်နေပါပြီ။ ဒါ့ကြောင့် မြန်မြန်မေ့ပစ်ကာ မြန်မြန်အရှေ့သို့ ချီတက်ပစ်လိုကပါ။

ပြန်လည်ပြင်ဆင်နိုင်မယ့်အရာများကို ချရေးထားပါ

tips for kwee to forget their mistakes

ကိုယ် အမှားလုပ်ခဲ့တဲ့အရာများကို ချရေးထားနိုင်ပါတယ်။ ထိုအမှားတွေထဲက ဘယ်အရာတွေကိုတော့ ပြန်လည်ပြင်ဆင်နိုင်မလဲဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ ဘဝကြီးက သင့်ကို ဒုတိယအကြိမ်အဖြစ် အခွင့်အရေးတစ်ခု ပြနလည်ပေးအပ်တဲ့အခါ ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ပြန်လည်ကြိုးစားဖို့လိုအပ်ပါတယ်။

သင့်အနေနဲ့ ထိုအမှားကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုလိုအပ်တယ် (သို့) အရည်အချင်းကို တိုးတက်ဖို့ရန်အတွက် အချိန်လိုအပ်တယ်ဆိုရင်လည်း အချိန်တစ်ခုယူူကာ ပြန်လည်ပြင်ဆင်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

tips for kwee to forget their mistakes

ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့အခါ ကောင်းမွန်တဲ့ ခံစားချက်များကို ခံစားရမှာဖြစ်ပြီး အရာအားလုံးသည် လှပနေမှာဖြစ်ပါတယ်။ ဒီလိုယုံကြည်ချက်သည် သင့်ကို အရိပ်မဲထဲကနေ လွတ်မြောက်နိုင်ဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။

နာကျင်မှုတွေ၊ အမှားတွေသည် ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ထိုအမှားတွေကို လက်ခံဖို့လည်း လိုအပ်သလို ကိုယ်သည် ဒီအမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ကြောင်း၊ နာကျင်မှုတွေကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ အကောင်းဆုံး လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့လိုအပ်ပါတယ်။

တရားထိုင်ပါ

tips for kwee to forget their mistakes

အလွန်အမင်း စိတ်ရှုပ်လာပြီ။ စိတ်ဖိစီးလာပြီလို့ ခံစားရတဲ့အခါ တရားထိုင်လိုက်ပါ။ တရားထိုင်ကာ ဝင်သက် ထွက်သေကို သေသေချာချာ ရှုမှတ်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံစားရမှာဖြစ်ပြီး စိတ်ဖိစီးမှုများကနေ ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ အတိတ်က အမှားများ ကြောင့် စိတ်ဖိစီးနေရတယ်ဆိုရင် တရားထိုင်ခြင်းသည် နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ အချိန်အကြာကြီးတရားထိုင်ဖို့မလိုအပ်ပါဘူး။ တစ်နေ့လျှင် ၅ မိနစ်မှ ၁၀ မိနစ်ခန့် လောက်ပဲ အချိန်ပေးရုံနဲ့တင်လုံလောက်ပါတယ်။

ပစ္စုပ္ပန်အချိန်မှာပဲ နေထိုင်ပါ

ကွီး အမှားများ နည်းလမ်းကောင်း

သင် နေထိုင်တဲ့ဘဝကို သင် မနှစ်သက်ဘူးဆိုရင် သင့်အနာဂတ်သည်လည်း မဲမှောင်နေတဲ့ အနာဂတ်ပဲ ရရှိမှာဖြစ်ပါတယ်။ သင့်ရဲ့ အတွေးအမြင်သစ်တွေကို တိုက်စားပြီး ပျော်ရွှင်မှုကို ဖျက်ဆီးနေတဲ့ အတားအဆီးမျိုး မရှိဖို့လိုအပ်ပါတယ်။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီဖြစ်ပါတယ်။ နောက်ပြန်လှည့်လို့မရတော့ဘူးဆိုတာ အသေအချာပါပဲ။ ဒါ့ကြောင့် ပစ္စုပ္ပန်အချိန်မှာပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်လိုက်ပါ။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးပါ။ သီချင်းဆိုကာ ကခုန်လိုက်ပါ။ ကိုယ်ပျော်ရွှင်တဲ့အရာတွေကို ရဲရဲကြီးသား ပြုလုပ်လိုက်ပါ။

အကြောက်တရားများကို ခေါက်ထားလိုက်ပါ

ကွီး အမှားများ နည်းလမ်းကောင်း

ကွီး တို့အနေနဲ့ အတိတ်မှာ အမှားများ ကျူးလွန်ဖူးတယ်၊ ထိုအမှားများကြောင့် ကျရှုံးဖူးတယ်ဆိုရင် ဒီ နည်းလမ်းကောင်း ကို အသုံးပြုနိုင်ပါတယ်။

ထိုအရာကတော့ အကြောက်တရားကို လျစ်လျူရှုခြင်းပဲဖြစ်ပါတယ်။ အကြောက်တရားကို ခေါင်းထဲ ထည့်ထားမယ်ဆိုရင် ပိုကြောက်လာမှာဖြစ်ပြီး အတိတ်က သံသရာထဲမှာပဲ ပိတ်လှောင်နေမိမှာပါ။ ဒါ့ကြောင့် အကြောက်တရားကို လုံးဝကို လျစ်လျူရှုထားပါ။ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပါ။

တကယ်လို့သင့်အနေနဲ့ ထိုအကြောက်တရားကို မကျော်လွှားနိုင်သေးဘူးဆိုရင်တော့ အတွေ့အကြုံရင့်သန်သူများထံမှ အကြံဉာဏ်များ၊ အကူအညီများ တောင်းခံနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ

ကွီး အမှားများ နည်းလမ်းကောင်း

လူတိုင်းက အမှားပြုလုပ်ပါတယ်။ သိုပသော် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်ဘဲ ထိုအမှားကြောင့် တနုံ့နုံ့ ခံစားနေရမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှလည်း ကောင်းကျိုးမဖြစ်ထွန်းစေပါဘူး။

တကယ်လို့ သင် အမှားလုပ်မိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပါ။ ခွင့်လွှတ်ပါ။ သင့်ကို သင် ချစ်ရတဲ့သူ၊ ရင်းနှီးသူတစ်ယောက်ယောက်က သင့်အပေါ်မှာ အမှားပြုလုပ်မိတယ်ဆိုရင်လည်း ခွင့်လွှတ်ပေးလိုက်ပါ။

အရာအားလုံးကို ခွင့်လွှတ်နိုင်မှသာလျှင် ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့နိုင်မှာဖြစ်ပြီး ကိုယ် အလိုရှိတဲ့အောင်မြင်မှုကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒေါသနှင့် နာကျည်းမှုများကို လွှင့်ပစ်လိုက်ပါ

ကွီး အမှားများ နည်းလမ်းကောင်း

ဒေါသနှင့် နာကျည်းမှုတွေသည် အဆိပ်အတောက်တွေပဲဖြစ်ပါတယ်။ ထိုခံစားချက်များးသည် သင့်ကို အောက်ဆုံးထိ ဆွဲချနေတဲ့အရာဖြစ်ပြီး သင့်ကို ပိုမိုထိခိုက်နာကျင်လာအောင် လုပ်ဆောင်နိုင်တဲ့အရာဖြစ်ပါတယ်။

ဒေါသများကို လွှတ်ချခြင်းသည် သင့်ကို အကောင်းမြင်စိတ်များ ခံစားရအောင် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ သင်သည် နံရံကို ထိုးချင်နေတယ်၊ ခေါင်းအုံးနဲ့ ခပ်ပြင်းပြင်းလေး ရိုက်ချင်နေတယ်၊ အကျယ်ကြီး အောင်ဟစ်ချင်နေတယ်ဆိုရင် စိတ်ရှိလက်ရှိသာ လုပ်လိုက်ပါ။ ဒီလိုမျိုး ဒေါသ ဖြေဖျောက်ခြင်းအားဖြင့် ကိုယ့် စိတ်ထဲမှာ တင်းကြပ်နေတဲ့အရာများအားလုံး ကွယ်ပျောက်သွားမှာဖြစ်ပြီး တစ်ဖန်ပြန်လည် လန်းဆန်းတက်ကြွလာမှာဖြစ်ပါတယ်။

တစ်ခုသတိထားရမှာကတော့ သင့်ရဲ့ ဒေါသဖြေဖျောက်နည်းသည် ကိုယ့်ကိုယ်ကိုယ်နဲ့ အခြားသူများကို မထိခိုက်မိစေဖို့တော့လိုအပ်ပါတယ်။

ကွီး တို့အနေနဲ့ ကိုယ့် အတိတ်က အမှားများ ထံမှ သင်ခန်းစာယူကာ အရှေ့သို့ ဆက်လက်ချီတက်နိုင်မယ့် နည်းလမ်းကောင်း များ ရရှိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Source: Lifehack

Featured Image: Linkeresources