အရောင်တွေအကြောင်း နားလည်ခြင်းသည် စတိုင်လ် များအကြောင်း နားလည်အောင် ပြုလုပ်ခြင်းနှင့် သဘောတရားအတူတူပဲဖြစ်ပါတယ်။ အရောင်များသည် ကိုယ့်ရဲ့စိတ်ခံစားချက်၊ အတွေးအမြင်များကို ပြောင်းလဲသွားစေနိုင်တဲ့အထိ စွမ်းအားကြီးပါတယ်။ ကွီး တို့အနေနဲ့ အမြဲတမ်း စတိုင်လ်ကျပြီး ဆွဲဆောင်မှုရှိချင်တယ်ဆိုရင်တော့ အရောင်အတွဲအစပ် နှင့် သူ့ရဲ့ ဖက်ရှင် တွေအကြောင်းကို သိထားဖို့လိုအပ်ပါတယ်။

အရောင်ပြပုံကားချပ်

colour combination for kwee

ဒီပုံထဲမှာတော့ အရောင် (၁၂) ရောင်ပါဝင်ပြီး ထိုအရောင်များကို Warm Colours နှင့် Cool Colours ဆိုပြီး ထပ်ခွဲထားပြန်ပါတယ်။

ဖက်ရှင်ဂုရုများကတော့ အရောင်အမျိုးအစားကို အဓိကအားဖြင့် (၄) ရောင် ခွဲခြားထားကြပါတယ်။ ထိုအရောင်အမျိုးအစားများကတော့ ဖက်စပ်အရောင်၊ ဆန့်ကျင်ဘက်အရောင်၊ ဖက်စပ်နှင့် ဆန့်ကျင်ဘက်တို့ကို ပေါင်းစပ်ထားသော အရောင်နှင့် မျက်စိပသာဒဖြစ်စေသော အရောင်ဆိုပြီး အမျိုးအစားခွဲထားပါတယ်။

ဖက်စပ်အရောင်ဆိုတာ

colour combination for kwee

ဖက်စပ်အရောင်ဆိုတာကတော့ စောစောက အရောင်ပြပုံကားချပ်ထဲတွင် ကပ်လျက်တည်ရှိတဲ့ (သို့) သူ့အနီးအနားရှိ ကပ်လျက်အရောင်များကို တွဲဖက်ဝတ်ဆင်ထားခြင်းဖြစ်ပါတယ်။ Cool Colours ရွေးမယ်ဆိုရင် သူ့ထဲက အရောင်တွေကို တွဲစပ်ရမှာပါ။

ဆန့်ကျင်ဘက်အရောင်

colour combination for kwee

သူကတော့ Cool Colours နဲ့ Warm Colours နှစ်မျိုးကို ပေါင်းစပ်ကာ ဝတ်ဆင်ထားခြင်းဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အရောင် ကြိုက်နှစ်သက်သူများကတော့ ဒီနည်းလမ်းလေးကို အသုံးပြုကာ ရွေးချယ်နိုင်ပါတယ်။ သူ့အားသာချက်ကတော့ လူအများအလယ်မှာ ကိုယ့်ဖက်ရှင်က ထင်းခနဲ လင်းခနဲဖြစ်သွားစေမှာပါ။

ဖက်စပ်နှင့် ဆန့်ကျင်ဘက်အရောင် ပေါင်းစပ်မှု

colour combination for kwee

ဒီအရောင်ကတော့ Warm Colours ထဲက အရောင်နှစ်ရောင်နှင့် Cool Colours ထဲက အရောင်တစ်ရောင်ကို ရွေးချယ်ကာ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ Warm Colours နှစ်ခုရောင် အရောင်နှစ်ရောင်က လိုက်ဖက်နေချိန်မှာ Cool Colours ထဲက အရောင်တစ်ရောင်ကြောင့် ဆန့်ကျင်ဘက်အရောင်တွေကို ပေါင်းစပ်ထားသယောင်ယောင်ဖြစ်စေပါတယ်။

မျက်စိပသာဒဖြစ်စေသောအရောင်

colour combination for kwee

ဒီအရောင်ကလည်း အရောင် (၃) မျိုးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

colour combination for kwee

သို့သော် ထိုအရောင် (၃) ရောင်သည် တစ်ခုနှစ် တစ်ခုက အကွာအဝေး တူနေသော အရောင်မျိုးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မျက်စိပသားဖြစ်စေတဲ့ အရောင်ကို ဖန်တီးနိုင်ပါပြီ။

ဒီလိုအခြေခံ အရောင် (၄) မျိုးကို သိထားမယ်ဆိုရင် ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ အရောင်အတွဲအစပ် ဖက်ရှင် ကို ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။

ဒါ့အပြင် ကွီး တို့အနေနဲ့ အရောင်အတွဲအစပ် ကို ပိုပြီး ဖက်ရှင် ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင် အခုလိုအတွဲအစပ်များကိုလည်း ထပ်မံဝတ်ဆင်နိုင်ပါသေးတယ်။

နေဗီပြာနှင့် အဖြူရောင်အတွဲအစပ်

colour combination for kwee

အနက်ရောင်နှင့် မီးခိုးရောင် အတွဲအစပ်

colour combination for kwee

အစိမ်းရောင်နှင့် ကာကီရောင်ဖက်ရှင်

colour combination for kwee

အညိုရောင်နှင့် ခရင်မ်အရောင် အတွဲအစပ်

ကွီး အရောင်အတွဲအစပ် ဖက်ရှင် 

အညိုရောင်နှင့် ဝိုင်နီရောင်ကိုလည်း အခုလိုတွဲစပ်ဝတ်ဆင်နိုင်ပါတယ်

 

ပန်းရောင်နှင့် မီးခိုးရောင်ဖက်ရှင်

ကွီး အရောင်အတွဲအစပ် ဖက်ရှင် 

အနက်ရောင်နှင့် အဖြူရောင်အတွဲအစပ်

ကွီး အရောင်အတွဲအစပ် ဖက်ရှင် 

အဝါရောင်ဖက်ရှင်ကို ဒီလိုဝတ်ပါ

ကွီး အရောင်အတွဲအစပ် ဖက်ရှင် 

လိမ္မော်ရောင် ဝတ်မယ်ဆိုရင် ဒီလိုဝတ်ပါ

ကွီး အရောင်အတွဲအစပ် ဖက်ရှင် 

ဒီလိုဖက်ရှင်အတွဲအစပ်တွေကို လေ့လာထားမယ်ဆိုရင် ကွီးတို့ရဲ့ အရောင်အတွဲအစပ်ဖက်ရှင်တွေသည် လူအများအလယ်မှာ ဆွဲဆောင်မှုရှိနေမှာ အမှန်ပါပဲ။

Source: Ties.com

Featured Image: Ties.com