ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့ ကွီး တစ်ယောက်ဖြစ်ဖို့ရန်အတွက် အသားအရေ ကို ဂရုစိုက်ရမယ့်အပြင် သွားကျန်းမာရေး၊ ဆံကေသာအလှအပတို့ကိုလည်း ဂရုစိုက်ရမှာဖြစ်ပြီး အိမ်တွင်း နည်းလမ်းကောင်းများဖြင့် ထိုအရာများကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးနိုင်ပါတယ်။

သွားကျန်းမာရေးကို သဘာဝအတိုင်း ကောင်းမွန်ချင်တယ်ဆိုရင်

man smiling

သွားတိုက်ပြီးတဲ့နောက်မှာ ရေတစ်ဖန်ခွက် အဝသောက်သုံးလိုက်ပါ။ မနက် မိုးလင်းတာနဲ့ ရေ တစ်ခွက် အဝသောက်လိုက်ပါ။ ထို့နောက် မျက်နှာသစ် သွားတိုက်ပြီးတဲ့အခါ နောက်ထပ် ရေတစ်ဖန်ခွက် အဝသောက်လိုက်ပါ။ ဒီလို ပြုလုပ်ပေးခြင်းအားဖြင့် သင့် သွားနဲ့ ခံတွင်း ကျန်းမာရေးသည် ပိုမိုကျန်းမာပြီး ခံတွင်းရနံ့လည်း သင်းပျံ့နေမှာဖြစ်ပါတယ်။

သင်သည် အိပ်ပျော်နေစဉ်အတောအတွင်း သင့်ခန္ဓာကိုယ်က ရေဓာတ်များ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ ထိုဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ဆိုရင် ရေ အဝ ပြန်လည်သောက်သုံးဖို့လိုအပ်ပါတယ်။

ဆံကေသာ ကျန်းမာရေးအတွက် Mayonnaise အသုံးပြုနိုင်ပါတယ်

man hair

Mayonnaise ကို ဆင်းဒဝှဒ်ချ်တွေ လုပ်စားတဲ့အချိန်မှာပဲ အသုံးပြုနိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့ ဆံကေသာ အလှအပ ကျန်းမာရေးအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

ပြုလုပ်ရမယ့် နည်းလမ်းကတော့ ခေါင်းလျှော်ခါါနီး နာရီဝက်အလိုမှာ Mayonnaise ကို အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးရမှာဖြစ်ပါတယ်။ ပြီးမှ ခေါင်းလျှော်ချရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ဆံကေသာသည် အရှည်မြန်လာပြီး ပိုမိုသန်စွမ်း တောက်ပြောင်လာမှာဖြစ်ပါတယ်။

အသားအရေ ကြည်လင်ဖို့ရန်အတွက် ပျားရည် အသုံးပြုနိုင်ပါတယ်

ကွီး အိမ်တွင်း

ပျားရည်ကို မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့် သုတ်လိမ်းထားပြီးနောက် ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးမယ်ဆိုရင်တော့ မျက်နှာပေါ်ရှိ အညစ်အကြေးနှင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး အသားအရေကို ပိုမိုကြည်လင်လာစေပါတယ်။ ကွီး တို့အတွက် ရေရှည်အသုံးပြုဖို့ရန်အတွက်လည်း ကောင်းမွန်တဲ့ သဘာဝ အိမ်တွင်း နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Vaseline ကလည်း မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ

ကွီး အိမ်တွင်း

ကွီး တို့ကို ဆွဲဆောင်မှုရှိနေစေပြီး ကြည့်ကောင်းဖို့အတွက် ကူညီပေးမယ့် နောက်ထပ် အိမ်တွင်း နည်းလမ်းကောင်းတစ်ခုကတော့ Vaseline အသုံးပြုခြင်းပဲဖြစ်ပါတယ်။

ခြေဖနောင့် အက်ကွဲချိန်မှာ Vaseline ကို ခြေဖဝါးတစ်လျှောက် လိမ်းကျံပေးပြီးနောက် ခြေစွပ် ဝတ်အိပ်လိုက်မယ်ဆိုရင် ခြေဖနောင့်အသားအရေ အက်ကွဲခြင်းမှ သက်သာပျောက်ကင်းစေပြီး ခြေဖဝါးအသားအရေကို နူးညံ့စေပါတယ်။

ဒါတင်မကသေးပါဘူး။ သင့်ရဲ့ မျက်ခုံးမွှေးက ပိုမိုကြည့်ကောင်းနေစေပြီး မျက်ခုံးမွှေး ပိုသန်ချင်တယ်ဆိုရင်လည်း Vaseline ကို အသုံးပြုနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ မျက်ခုံးမွှေးပေါ်တွင် Vaseline များ လိမ်းကျံပေးလိုက်ရုံပါပဲ။

Source: Marieclaire

Featured Image: Today