ကွီးတို့အတွက် ဦးထုပ် သည်လည်း မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ နေပူနေတဲ့အချိန်မှာ အပူဒဏ်မှာ သက်သာစေသလို မိုးရာသီမှာရော ဆောင်းရာသီမှာပါ စတိုင်လ်ကျအောင် ကူညီပေးပါတယ်။

ပုရိသတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုပြီး စမတ်ကျလှပအောင် ဘယ်လိုဝတ်ဆင်ကြရမလဲ။

ကွီး တို့ဝတ်ဆင်တဲ့ ဦးထုပ် တွေသည် အမျိုးအစားပေါ်လိုက်ပြီး ဖက်ရှင် များကိုလည်း အမျိုးမျိုး ပြောင်းလဲကာ ဝတ်ဆင်နိုင်ပါတယ်။

Fedora ဦးထုပ်

ကွီး ဦးထုပ် ဖက်ရှင်

ဘေးပတ်ပတ်လည်မှာ လျှာထိုးအဝိုင်းဖြင့် ပြုလုပ်ထားတဲ့ ဦးထုပ်တစ်လုံး ဖြစ်ပါတယ်။ သူ့အတွက်ကတော့ ရှပ်အင်္ကျီ၊ ဂျက်ကတ်အင်္ကျီ၊ ပေါ့ပေါ့ပါးပါး ဖြစ်အောင်လို့ အပွင့်အဆင်များဖြင့် ပြုလုပ်ထားသော အင်္ကျီများနှင့် တွဲဖက်ကာ ဝတ်ဆင်နိုင်ပါတယ်။

ဘေ့စ်ဘောဦးထုပ်

baseball hat

ဒီဦးထုပ်ကတော့ လူငယ်တွေရော လူကြီးတွေပါ ဝတ်ဆင်ကြတဲ့ ဦးထုပ်အမျိုးအစားတစ်ခုပါ။ ကွီးတို့သည် ဘေ့စ်ဘော ဦးထုပ် ဆောင်းကာ ပေါ့ပေါ့ပါးပါး ဖက်ရှင် မျိုးဖြင့် ရှိုးထုတ်ချင်တယ်ဆိုရင်တော့ တီရှပ်နဲ့ပဲဖြစ်ဖြစ်၊ ဟူဒီနဲ့ပဲဖြစ်ဖြစ် ရှိုးထုတ်နိုင်ပါတယ်။

ကွီးတို့အတွက် ဦးထုပ် အပျော့ ဖက်ရှင်

ကွီး ဦးထုပ် ဖက်ရှင်

ဒီဦးထုပ်လေးတွေကိုတော့ Bucket Hat လို့ ခေါ်ဆိုကြပါတယ်။ ၁၉၀၀ ပြည့်နှစ်တွေတုန်းက ငါးဖမ်းသမားတွေ ဝတ်ဆင်လေ့ရှိကြပြီး ၁၉၄၀ ပြည့်နှစ်တွေတုန်းကတော့ ဗီယက်နမ်စစ်ပွဲတွင် စစ်သားများ ဝတ်ဆင်ကြတဲ့ ဦးထုပ်အမျိုးအစားတစ်ခုပါ။ တဖြည်းဖြည်း ဖက်ရှင်ရေစီးကြောင်း ပြောင်းလဲလာသည်နှင့်အမျှ ထိုဦးထုပ်သည်လည်း လူငယ်များအကြား ရေပန်းစားလာပါတယ်။

ဦးထုပ်အပြား

ကွီး ဦးထုပ် ဖက်ရှင်

ဒီဦးထုပ်လေးကတော့ လူငယ်တွေ အဝတ်နည်းပြီး များသောအားဖြင့် သတ်လတ်ပိုင်း အမျိုးသားတွေ ဝတ်ဆင်ကြပါတယ်။ Peaky Blinders ဇာတ်လမ်းတွထဲမှာ ဒီလိုဦးထုပ်တွေနဲ့ ဖက်ရှင်ဆင်မြန်းလေ့ရှိတာကြောင့် ကွီးတို့လည်း ဒီဖက်ရှင်နဲ့ ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်။

သိုးမွှေးဦးထုပ်

ကွီး ဦးထုပ် ဖက်ရှင် ကွီး ဦးထုပ် ဖက်ရှင်

လူငယ်ဆန်ဆန်နဲ့ ပေါ့ပေ့ါပါးပါးဖက်ရှင်မျိုးကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီသိုးမွှေးဦးထုပ်လေးကို အသုံးပြုနိုင်ပါတယ်။

ဒီဦးထုပ်လေးက ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုဖြစ်ပေမယ့်လို့ ယခုလို မိုးရာသီအချိန်မှာလည်း ရှိုးထုတ်လို့ရပါသေးတယ်။

ကွီးတို့ရော အခုဖော်ပြခဲ့တဲ့ ဦးထုပ်ဖက်ရှင်တွေထဲကမှ ဘယ်ဖက်ရှင်ကို အနှစ်သက်ဆုံးဖြစ်မလဲ။

Source: Fashionbeans

Featured Image: MR PORTER