ခန္ဓာကိုယ် တောင့်တင်းချင်တဲ့သူတိုင်းအတွက် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ကာ အဆီအဆိမ့်များ ရှောင်ခြင်းအားဖြင့် ကြွက်သားများ ကြီးထွားတောင့်တင်းလာအောင် ကြိုးစားနိုင်ပါတယ်။ ဒါ့အပြင် ကွီး တို့အနေနဲ့ အခုဖော်ပြပေးမယ့် Fitness Influencer များကိုပါ ဆိုရှယ်မီဒီယာတွေပေါ်မှာ Follow လုပ်ထားသင့်ပါတယ်။ ဒါမှ သူတို့ကိုယ်တိုင် ဝေမျှထားတဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့ နည်းလမ်းကောင်းတွေကို ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

Simeon Panda

famous workout men

ကွီး တို့အတွက် ပထမဦးဆုံး ပြောပြချင်တဲ့ Fitness Influencer ကတော့ Simeon Panda ဖြစ်ပါတယ်။ သူကတော့ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဘယ်လိုချပစ်ရပြီး ကြွက်သားများ ကြီးထွားတောင့်တင်းအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာ အမြဲတမ်း ဝေမျှလေ့ရှိပါတယ်။ သူ့ရဲ့ အင်တာဂရမ်မှာတော့ ဖော်လိုဝါပေါင်း ၅.၃ သန်းရှိပြီး Facebook မှာတော့ ၅.၅ သန်းရှိပါတယ်။

Joe Wicks

famous workout men

သူကတော့ အင်္ဂလိပ်လူမျိုး အားကစား အင်ဖလူရန်ဇာတစ်ယောက်ဖြစ်သလို ရုပ်သံအစီအစသ်တင်ဆက်သူ၊ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့မှာတော့ Instagram မှာ ဖော်လိုဝါ ၂.၇ သန်းရှိပါတယ်။

Elliot Burton

ကွီး Fitness Influencer

သူသည်လည်း အင်္ဂလိပ်လူမျိုး အားကစားကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ သူသည် ခန္ဓာကိုယ် ကြွက်သားတည်ဆောက်တဲ့အပိုင်းကို ဦးစားပေးတာကြောင့် ကြွက်သားများနဲ့ ကြည့်ကောင်းချင်သူတိုင်း ဖောလိုးလုပ်ထားသင့်တဲ့သူတစ်ယောက်ပါ။

David Laid

ကွီး Fitness Influencer

သူကတော့ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူသည် လေ့ကျင့်ခန်းပြုလုပ်နည်းများကိုလည်း အလျဉ်းသင့်သလို ဝေမျှလျက်ရှိတာကြောင့် လူကြိုက်များပါတယ်။ သူ့ အင်စတာဂရမ်မှာတော့ ဖောလိုဝါပေါင်း ၁.၂ သန်းရှိပြီး YouTube မှာတော့ ၈ သိန်းကျော်ရှိပါတယ်။

Mario Schafzahl

ကွီး Fitness Influencer

သူကတော့ သြစတျေးလျလူမျိုးတစ်ယောက်ဖြစ်ပြီး သူ့ Content တွေကတော့ လူတွေကို Workout များများလုပ်ဖြစ်အောင် လှုံ့ဆော်ပေးတာများပါတယ်။ သူသည် Personal Trainer တစ်ယောက်ဖြစ်သည်သာမကဘဲ အွန်လိုင်းပေါ်ကနေလည်း အကြံပေး ဆွေးနွေးပေးပါသေးတယ်။

Zac Perna

ကွီး Fitness Influencer

သူသည်လည်း သြစတျေးလျလူမျိုး နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူသည်လည်း ကြွက်သားများ တည်ဆောက်ခြင်းနှင့် ကြီးထွားအောင် ပြုလုပ်ဖို့အတွက် အကြံဉာဏ်များပေးတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဖောလိုးလုပ်ထားသင့်ပါတယ်။

Christian Guzman

ကွီး Fitness Influencer

သူသည် ဆိုရှယ်မီဒီယာဘလော်ကာတစ်ယောက်လည်းဖြစ်သလို အပျော်တမ်း Bodybuilder တစ်ယောက်လည်းဖြစ်ပါတယ်။ သူသည် Alphalete Athletics လို့ခေါ်တဲ့ အားကစား App တစ်ခုရဲ့ CEO တစ်ယောက်ဖြစ်သလို Gym ခန်းမများလည်း အများအပြား ဖွင့်လှစ်ထားသူတစ်ယောက်ဖြစ်ပါတယ်။

အခုဖော်ပြသွားသူတွေကတော့ ခန္ဓာကိုယ် တောင့်တင်းကာ ကြွက်သားများနှင့် ကြည့်ကောင်းချင်တဲ့ ကွီး တို့အားလုံး Workout ပြုလုပ်ချင်စိတ်ပေါက်အောင် ကူညီပေးမယ့် Fitness Influencer တွေပဲဖြစ်ပါတယ်။

Source: Hyprbrands

Featured Image: Insider