ဂိမ်း ဝါသနာရှင် တော်တော်များများကတော့ ဂိမ်းဆော့ဖို့ PC သေချာဆင်ပြီး ဆော့လေ့ရှိပါတယ်။ ဒါပေမဲ့ သွားချင်တဲ့နေရာ သယ်သွားပြီး ဂိမ်းဆော့ချင်တဲ့ ကွီးတို့အတွက်လည်း ဈေးကွက်မှာ စွမ်းဆောင်ရည်မြင့် Gaming Laptop များ ရှိနေပါပြီ။ နောက်ဆုံးပေါ် Gaming Laptop များမှာ စွမ်းဆောင်ရည်မြင့် Gaming PC များရဲ့ ဆန်းသစ်သော အင်္ဂါရပ်များအားလုံးကို ရရှိနိုင်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ အားသာချက်လည်း ရှိပါတယ်။ ကွီးတို့အနေနဲ့ ဂိမ်းဆော့ဖို့ Laptop ရွေးချယ်ရာမှာ စွမ်းဆောင်ရည် ၊ သယ်ဆောင်ရလွယ်ကူမှုနှင့် ဈေးနှုန်းတို့ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီဆောင်ပါးလေးမှာ ကွီး တို့အတွက် ရွေးချယ်ရ လွယ်ကူစေဖို့ အကောင်းဆုံး Gaming Laptop များကိုဖော်ပြပေးချင်ပါတယ်။

(၁) Razer Blade 15

ကွီး Gaming Laptop

Photo : Trusted Reviews

ဂိမ်းဝါသနာရှင် ကွီး တို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ အကောင်းဆုံး Gaming Laptop ကတော့ Razer Blade 15 ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ RAM ကတော့ Up to 32GB DDR5 အထိ ပါရှိပြီး Storage ကတော့ Up to 1TB SSD ပါရှိပါတယ်။ အလေးချိန်ကတော့ ၄.၆၃ ပေါင် ဖြစ်ပါတယ်။ Razer Blade 15 က ပြိုင်ဘက်ကင်းသော တည်ဆောက်မှု အရည်အသွေးနဲ့ ကျယ်ပြန့်သော CPU/GPU ရွေးချယ်မှုများရှိတာကြောင့် ရွေးချယ်သင့်တဲ့ Laptop ပဲ ဖြစ်ပါတယ်။

(၂) Asus ROG Zephyrus G14 (2022)

ကွီး Gaming Laptop

Photo : Game Rader

အံ့သြဖွယ်ဂိမ်းစွမ်းဆောင်ရည်နဲ့ ခိုင်ခံ့ပြီး စတိုင်ကျသော ကိုယ်ထည်ပါရှိတဲ့ Gaming Laptop ကိုရှာနေတယ်ဆိုရင်တော့ Asus ROG Zephyrus G14 (2022) ရှိပါတယ်။ RAM အနေနဲ့ ကတော့ Up to 32GB DDR5-4800 ပါရှိပြီး Storage ကတော့ 1TB SSD NVMe PCIe 4.0 ပါရှိပါတယ်။ အလေးချိန်ကတော့ ၃.၇၉ ပေါင် ဖြစ်ပါတယ်။

(၃) Razer Blade 14

ကွီး Gaming Laptop

Photo : Pocket – Lint

နောက်ထပ်ဖော်ပြချင်တဲ့ Gaming Laptop ကတော့ ကျစ်ကျစ်လစ်လစ်နဲ့ သယ်ဆောင်ရလွယ်ကူသော စတိုင်လ်ဖြစ်တဲ့ Razer Blade 14 ပဲဖြစ်ပါတယ်။ သူ့ရဲ့ RAM ကတော့ 16GB DDR5-4800 ဖြစ်ပြီး Storage ကတော့ 1TB PCIe 4.0 SSD ပါရှိပါတယ်။ အလေးချိန်ကတော့ ၃.၉၂ ပေါင် ဖြစ်ပါတယ်။ ထူးခြားတဲ့တည်ဆောက်မှု အရည်အသွေးက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။

(၄) Lenovo Legion 5 Pro

လပ်တော့စ်

Photo : Laptop Mag

ကွီး တို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ အကောင်းဆုံး Gaming Laptop တစ်ခုကတော့ Lenovo Legion 5 Pro ပဲ ဖြစ်ပါတယ်။ မျက်နှာပြင် က ၁၆ လက်မ ရှိတဲ့အတွက် Laptop ကိုမှ Screen ကြီးကြီးနဲ့ ဂိမ်းဆော့ချင်တဲ့ ကွီးတို့ အကြိုက်တွေ့စေမှာပါ။ သူ့ရဲ့ RAM ကတော့ Up to 32GB DDR4 ပါရှိပြီး Storage ကတော့ Up to 2 TB M.2 SSD ပါရှိတဲ့ အတွက် တကယ်ရွေးချယ်လို့ကောင်းတဲ့ Laptop ပါပဲ။ အလေးချိန်က ၅.၄ ပေါင်ရှိတာကြောင့် အခြား Gaming Laptop တွေထက် အနည်းငယ်တော့ ပိုလေးပါတယ်။

(၅) MSI GS66 Stealth

လပ်တော့စ်

Photo : Engadget

MSI GS66 Stealth ကတော့ အမိုက်စားဒီဇိုင်းနဲ့ Gaming Laptop ပဲဖြစ်ပါတယ်။ သူ့ရဲ့ RAM ကတော့ Up to 32GB DDR5-4800 ပါရှိပါတယ်။ Storage ကတော့ Up to 2TB M.2 PCIe 4.0 SSD ပါရှိပြီး သူ့ရဲ့ မျက်နှာပြင်အကျယ်ကတော့ ၁၅.၆ လက်မရှိပါတယ်။ အလေးချိန်ကတော့ ၄.၆၃ ပေါင်ဖြစ်ပြီး ဘက်ထရီသက်တမ်း ကြာရှည်ခံတဲ့ အတွက် ရွေးချယ်စရာများထဲက တစ်ခုဖြစ်ပါတယ်။

အခု ဖော်ပြပေးလိုက်တာတော့ အကောင်းဆုံး Gaming Laptop ၅ လုံးပဲ ဖြစ်ပါတယ်။ Gaming Laptop ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ရွေးချယ်ရမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : PC Gamer

Featured Photo : Brg.com