ဂီတနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ Audio Engineer တွေ ၊ သီချင်းဖန်တီတဲ့ Music Producer တွေအတွက် အရည်အသွေးကောင်းတဲ့ လက်ပ်တော့တစ်လုံးက Basic Need တစ်ခု ဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ မော်ဒယ်အလိုက် ၊ စွမ်းဆောင်ရည်အလိုက် ဈေးနှုန်းအမျိုးမျိုးကွဲပြားတဲ့ ရွေးချယ်စရာ လက်ပ်တော့ တွေကလည်း ခပ်များများရယ်ပါ။ ဒီထဲကမှ Music Production အတွက် အသုံးပြုလို့ကောင်းတဲ့ ၂၀၂၂ ခုနှစ်အတွင်းက ရွေးချယ်စရာ လက်ပ်တော့ ၅ လုံး အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Apple MacBook Pro

Photo : Siachen Studios

Apple Macbook Pro ဟာ သီချင်းတွေ ၊ တီးလုံးတွေ ဖန်တီးဖို့အတွက် အကောင်းဆုံး လက်ပ်တော့ တစ်လုံးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ MacBook Pro 16 တွေက လက်ရှိဈေးကွက်ထဲမှာ အမြန်ဆုံးနဲ့ Powerful အဖြစ်ဆုံး လက်ပ်တော့တွေအဖြစ် နာမည်ကြီးပါတယ်။ 16-inch မျက်နှာပြင် 16GB RAM ၊ 1TB Storage ၊ 2.3GHz Intel Core i9 တို့နဲ့ ထွက်ရှိလာပါတယ်။ Battery Life ပိုကြာအောင် ဖန်တီးထုတ်လုပ်ထားတဲ့အတွက် အားပြန်မသွင်းပဲ နာရီပေါင်းများစွာ အလုပ်လုပ်နိုင်မှာပါ။ နောက်ပြီး အရင်ကထွက်ရှိခဲ့တဲ့ MacBook Pro တွေနဲ့ ယှဉ်ရင် ပိုမိုပါးလွှာပြီး ပေါ့ပါးသေသပ်တဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတာကြောင့် အပြင်ကိုအလွယ်တကူ သွယ်ဆောင်သွားလို့ကောင်းတဲ့ လက်ပ်‌တော့ တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၂၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Asus VivoBook Ultra 15


Photo : Siachen Studios

Music Production အတွက် ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ လက်ပ်တော့ကို ညွှန်းပါဆိုရင် Asus VivoBook Ultra 15 ကိုပဲ ညွှန်းရမှာပါ။ Asus တံဆိပ်ဟာ Music Production လက်ပ်တော့တွေထဲမှာ အကောင်းဆုံး Budget Brand တစ်ခုအဖြစ် လူသိများပါတယ်။ Asus ရဲ့ VivoBook Ultra 15 လက်ပ်တော့ဟာဆိုရင်လည်း ဈေးနှုန်အတော်လေး သင့်တင့်ပြီး ပေးရတဲ့ဈေးနဲ့ တန်တဲ့ စွမ်းဆောင်ရည်ကို ပြန်ရနိုင်မယ့် လက်ပ်တော့ တစ်လုံးဖြစ်ပါတယ်။ AMD Ryzen 5 4500U ၊ 15.6-inch မျက်နှာပြင် ၊ 8GB RAM ၊ 512GB Storage ၊ NVMe SSD ၊ Windows 10 စနစ်နဲ့ ထွက်ရှိလာပြီး ဘက်ထရီသက်တမ်း ၆ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၅၀၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

(၃) Lenovo IdeaPad Y700


Photo : Siachen Studios

Lenovo IdeaPad Y700 ကတော့ Gaming Laptop တစ်လုံးဖြစ်ပေမယ့် စွမ်းဆောင်ရည်အလွန်မြင့်တဲ့ လက်ပ်တော့ တစ်လုံးဖြစ်တာကြောင့် Music Production အတွက်ပါ ကောင်းကောင်း အသုံးပြုလို့ ရနိုင်ပါတယ်။ 17.3-inch မျက်နှာပြင် Intel Core i7-6700HQ 2.6GHz 16GB RAM ၊ 1TBHardisk ၊ 128GB SSD ၊ NVIDIA GeForce 4GB Graphic Card ၊ Windows 10 စနစ်နဲ့ ထွက်ရှိလာပြီး အံ့သြသင့်စရာကောင်းတဲ့ အလန်းစား လုပ်ဆောင်ချက်တွေပါရှိတာကြောင့် Gamer တွေရော Music Producer တွေပါ အကြိုက်တွေ့စေမယ့်
အကောင်းဆုံး 2 in 1 လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၉၀၀ ကနေ ၁၁၀၀ ကြား ကျသင့်မှာ ဖြစ်ပါတယ်။

(၄) MSI GF63 Laptop


Photo : Siachen Studios

MSI GF63 လက်ပ်တော့ ကတော့ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အလှတရားတို့ ပေါင်းစပ်ထားတဲ့ လက်ပ်တော့ တစ်လုံးဖြစ်ပါတယ်။ လူငယ်တွေအကြိုက် ပါးလွှာပြီး သေသပ်လှပတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာပြီး အမိုက်စား Cooling Features တွေလည်း ပါဝင်လာပါတယ်။ Intel 9th Gen i5-9300H ၊ 8GB DDR4 ၊ 512GB NVME SSD/ NVidia GTX1650 Max Q 4GB GDDR5 ၊ 15.6 FHD မျက်နှာပြင်နဲ့ 64Bit Windows 10 Home စနစ်နဲ့ထွက်လာပြီး 2 Year Warranty ပါရှိပါတယ်။ MSI GF63 ဟာ Gaming ပိုင်းမှာ ပြိုင်စံရှား လက်ပ်တော့ တစ်လုံးဖြစ်သလို Music Production အတွက်လည်း ရွေးချယ်စရာ အကောင်းဆုံး လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ  ၁၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၅) Huawei MateBook X Pro


Photo : Siachen Studios

Huawei MateBook X Pro ကတော့ Powerful အဖြစ်ဆုံး Features တွေ Specification တွေနဲ့ ထွက်လာတဲ့ လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ ပေါ့ပါးကျစ်လစ်ပြီး အလွန်ပါးလွှာတဲ့ အပြင် အလေးချိန်မှာ 1.38 ကီလိုဂရမ်သာ ရှိတာကြောင့် ခရီးသွားတဲ့အချိန် ၊ အပြင်သွားတဲ့အချိန်တွေမှာ ပေါ့ပေါ့ပါးပါး သယ်သွားလို့ ကောင်းပါတယ်။ 13.9 inches မျက်နှာပြင် ၊ မြန်ဆန်သွက်လက်တဲ့ Touchscreen နဲ့အတူ ဘက်ထရီသက် တမ်း ၁၀ နာရီအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 11th Gen Intel Core i5 -1135G7 Processor ၊ 16 GB LPDDR4x 4266 MHz ၊ 512 GB / 1 TB Storage ၊ Fingerprint Power Button နဲ့ Windows 10 စနစ်နဲ့ ထွက်ရှိလာတဲ့ လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၂၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : Digital Trends