ကွီး တို့အနေနဲ့ Gym ခန်းမမှာ Workout ဘယ်နှကြိမ်လောက် သွားလုပ်ဖူးပါသလဲ။ အားကစားခန်းမမှာ လေ့ကျင့်ခန်း သွားလုပ်ခြင်းသည် ကွီးတို့ ထင်ထားတာထက်ကို အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

ဒါပေမဲ့ အားကစားခန်းမမှာ အသင်းဝင်ထားတဲ့လူများအနက် ၆၇ ရာခိုင်နှုန်းသည် ပိုက်ဆံသာ အလကားအကုန်ခံပြီး ဘာအားကစားမှ သွားမလုပ်ကြဘူးလို့ စစ်တမ်းများအရသိရပါတယ်။ အားကစားသွားလုပ်တဲ့သူတွေသည်လည်း ပျမ်းမျှအားဖြင့် တစ်ပတ်လျှင့် ၂ ကြိမ်သာ သွားလေ့ရှိကြပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကွီး တို့ကို Gym သွားကာ Workout လုပ်ချင်စိတ်ဖြစ်လာအောင် ကူညီပေးမယ့် အကြောင်းအရင်းများရှိပါတယ်။

အခုဖော်ပြပေးမယ့် အကြောင်းအရင်းများကြောင့်ပဲ ကွီး တို့အားလုံး Gym မှာ အားကစားသွားလုပ်သင့်တာပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက်

ကွီး Gym Workout

ကျန်းမာရေးနဲ့ပဲ အစပြုလိုက်ရအောင်။ အားကစားဆော့ကစားခြင်းသည် သင့်ရဲ့ခန္ဓာကိုယ်ကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေတာဖြစ်ပါတယ်။ အားကစားခန်းမ သွားရမယ်ဆိုတဲ့ အသိက သင့်ကို အမြဲတမ်းလှုံ့ဆော်ပေးနေမှာဖြစ်ပြီး အားကစားပြုလုပ်တဲ့အခါ ကျန်းမာကြံ့ခိုင်နေမှာပဲ ဖြစ်ပါတယ်။

ပိုမိုသွက်လက် တက်ကြွလာခြင်း

ကွီး Gym Workout

အရင်ကလို အိပ်ရာထဲမှာ ကွေးမနေတော့ဘဲ မနက်စောစောစီးစီးအချိန်မှာ အားကစားခန်းမဆီ ချီတက်ပြီး လေ့ကျင့်ခန်းသွားလုပ်တဲ့အခါ ခန္ဓာကိုယ်ကလည်း ပိုမိုတက်ကြွလန်းဆန်းလာပြီး တစ်နေ့တာလုံးမှာလည်း သွက်သွက်လက်လက်နဲ့ စွမ်းအင်အပြည့် ရှိနေသလို ခံစားရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။

စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်ခြင်း

ကွီး Gym Workout

အိမ်မှာဆိုရင် လေ့ကျင့်ခန်း လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အားကစားခန်းမသွာပြီး အားကစားပြုလုပ်ခြင်းသည် သင် ခံစားနေရတဲ့ စိတ်ဖိစီးမှုပေါင်းစုံကို လျော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ပိုမိုအသက်ရှည်ခြင်း

ကွီး Gym Workout

Photo: Verywellhealth

ခန္ဓာကိုယ်က ကျန်းမာနေပြီဆိုမှတော့ အသက်ရှည်ရှည်နေထိုင်နိုင်တော့မှာဖြစ်ပါတယ်။ မိမိချစ်ခင်ရသူများနှင့် ရောဂါဘယကင်းဝေးပြီး အချိန်ကြာကြာနဲ့ အသက်ရှည်ရှည် ကျန်းမာစွာ နေထိုင်ချင်တယ်ဆိုရင်တော့ အားကစားခန်းမဆီချီတက်ရင်း လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ ချစ်ခင်ရသူများကိုလည်း ကိုယ်နဲ့အတူတူ လိုက်လံဆော့ကစားဖို့ တိုက်တွန်းလိုက်ပါ။

မိမိလိုချင်သော ခန္ဓာကိုယ် အချိုးအစားတစ်ခု ရရှိအောင် ကူညီပေးခြင်း

exercise

ကိုယ်က ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားချင်တာလား။ ဒါမှမဟုတ် ရင်အုပ်ဗလတောင့်တောင့်၊ ဝမ်းဗိုက်က Six-Packs နဲ့ ကြွက်သားအမြောင်းလိုက် ဖြစ်ချင်တာလား။ အားကစားခန်းမမှာ အလေးတုံးနှင့် အခြားသော စက်ပစ္စည်းများ စုံလင်စွာရှိတဲ့အတွက်ကြောင့် မိမိစိတ်ကြိုက်ဆော့ကစားကာ မိမိစိတ်တိုင်းကျသော ခန္ဓာကိုယ် အချိုးအစားတစ်ခုကို ဖန်တီးနိုင်ပါတယ်။

ကောင်းသောအလေ့အကျင့်တစ်ခု

friends sqaud

ကွီး တို့အတွက် Gym သွားကာ Workout ပြုလုပ်ခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်သော အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ထိုအလေ့အကျင့်ကောင်းကို အချိန်တစ်ခုယူပြီး ပြုစုပျိုးထောင်သင့်ပါတယ်။ အကျင့်ဖြစ်သွားတဲ့အခါမှာလည်း ထိုအကျင့်ကောင်းတစ်ခု ပျက်စီးမသွားအောင်လို့ ကိုယ့် စိတ်ကိုယ် အလိုမလိုက်မိဖို့ လိုအပ်ပါတယ်။

Source: Musclearmory

Featured Image: Zliving