အားကစားလိုက်စားတဲ့ ကွီး တို့အနေနဲ့ Plank လေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန် ပြုလုပ်ဖြစ်ကြပါသလား။ တစ်ရက်လျှင် တစ်မိနစ်ခန့် Plank ထောက်ပေးရုံမျှဖြင့် ခံစားရမယ့် အကျိုးကျေးဇူးများကတော့ အံ့မခန်းပါပဲ။

ကွီး တို့အနေနဲ့ Plank လေ့ကျင့်ခန်း ဆော့ကစားမယ်ဆိုရင် ထိုလေ့ကျင့်ခန်းအမျိုးအစားဘယ်နှမျိုးခန့်ရှိသလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

Standard Plank ၊ High Plank လေ့ကျင့်ခန်း စသည်ဖြင့် Plank လေ့ကျင့်ခန်း အမျိုးကွဲပေါင်း ၁၀ မျိုးရှိပါတယ်။ ထိုလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးခြင်းအားဖြင့် အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

ကိုယ်အလေးချိန် ကျသွားစေခြင်း

exercise for kwee

ကွီး တို့အနေနဲ့ တစ်ရက်လျှင် ၁ မိနစ်ခန့်ပဲ Plank ထောက်ပါစေဦး၊ တစ်လခန့်ကြာတဲ့အခါ ခန္ဓာကိုယ်ရှိအဆီပိုများ ကျသွားတာကို သိသိသာသာမြင်တွေ့ရမှာဖြစ်ပါတယ်။ ကယ်လိုရီများ လောင်ကျွမ်းသွားတဲ့အတွက်ကြောင့် ဝိတ်ကျချင်သူများအတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

ဝမ်းဗိုက်ကြွက်သားများကို သန်မာစေခြင်း

exercise for kwee

ဝမ်းဗိုက်ကြွက်သားများကို ကျစ်ကျစ်လျစ်လျစ်လေးဖြစ်သွားချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အနေနဲ့ Plank လေ့ကျင့်ခန်းများကို ရွေးချယ်သင့်ပါတယ်။ ဝမ်းဗိုက်မှာ အဆီပိုများရှိနေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ Plank လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပေးလိုက်ပါ။

ခန္ဓာကိုယ် အနေအထားမှန်စေခြင်း

ကွီး Plank

လက်ပျဉ်ကုန်းကုန်း၊ ခါးကုန်းကုန်းအနေအထားမျိုးကို ဘဝင်မကျဖြစ်နေတယ်ဆိုရင်တော့ Plank လေ့ကျင့်ခန်းတွေက အကောင်းဆုံးပါပဲ။ ထိုလေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်ကို အနေအထားမှန်ကန်စေပြီး မိမိကိုယ်ကိုလည်း ယုံကြည်မှုတိုးလာအောင် ကူညီပေးနိုင်ပါတယ်။

စိတ်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း

ကွီး Plank

လေ့ကျင့်ခန်းအမျိုးအစားအကုန်လုံးကတော့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးကြတဲ့အရာတွေပဲဖြစ်ပါတယ်။ Plank လေ့ကျင့်ခန်းလည်း ထိုနည်းလည်းကောင်းပါပဲ။ စိတ်ဖိစီးမှုများကိုဖယ်ရှားပေးပြီး စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးပါတယ်။

အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်စေခြင်း

ကွီး Plank

ဒီလေ့ကျင့်ခန်းများသည် ကျောရိုးနှင့် ခါးရိုးများကို သန်မာလာစေပြီး အခြားသော အရိုးအကြောများကိုလည်း ကြံ့ခိုင်သန်မာလာအောင် ကူညီပေးပါတယ်။ ကွီးတို့အနေနဲ့ မကြာခဏခါးနာတတ်တယ်ဆိုရင်တော့ Plank လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

အကြောပျော့စေခြင်း

man stretching exercise

အကြောဆန့်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် အကြောပျော့အောင် ဖန်တီးနိုင်သလိုပဲ Plank လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့်လည်း သင့်ရဲ့ခန္ဓာကိုယ်ကို အကြော့ပျော့သွားအောင် ပြုလုပ်နိုင်ပါတယ်။

Source: Femina

Featured Image: Barbend