ခရီးသွားခြင်းသည် သင့်ကိုယ်သင် ဆုချခြင်း နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး သင့်ဘဝအတွက် စိတ်လှုပ်ရှားစရာများကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ခရီး သွားခြင်းကြောင့် နေရာဒေသအသစ်မှ မိတ်ဆွေသူငယ်ချင်းများ ရရှိစေခြင်း၊ ထိုနေရာရဲ့ ရိုးရာယဉ်ကျေးများကို သိရှိနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။

ဒါပမေဲ့ သင့်ရဲ့ ခရီး ကို ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းအောင် စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များကို ကျင့်သုံးနိုင်ပါတယ်။

တိကျတဲ့အစီအစဉ်တစ်ခု ရှိပါစေ

ခရီး နည်းလမ်းကောင်း

သင့်ရဲ့ ခရီး ကို ပိုမိုပျော်ရွှင်ဖွယ် ကောင်းလာအောင် ဖန်တီးချင်တယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းကောင်း ကတော့ တိကျသေချာတဲ့အစီအစဉ်တစ်ခု ပိုင်ဆိုင်ထားဖို့ပါပဲ။ ဆိုလိုတာကတော့ ကိုယ် သွားမယ့်နေရာကို သေသေချာချာ စူးစမ်းလေ့လာထားပါ။ ထိုနေရာမှာ ဘယ်လိုသာယာတဲ့ ရှုမျှော်ခင်းမျိုး ရှိမလဲ။ ဘယ်လို Activities မျိုး လုပ်ဆောင်နိုင်မလဲ ကြိုတင်အစီအစဉ်ချထားပါ။

ဒီလိုလုပ်ဆောင်ထားခြင်းအားဖြင့် ခရီးသွားနေချိန်မှာ စိတ်လွတ်လက်လွတ်နဲ့ အေးအေးဆေးဆေး ခရီးသွားနိုင်ပြီး အနားယူချိန်လည်း ပိုထွက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ခရီးမထွက်ခင်ကတည်းက ကိုယ့်ရဲ့အစီအစဉ်တွေကို သေသေချာချာပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ မပြင်ဆင်ထားဘူး။ ဟိုရောက်မှ အားလုံးပြင်မယ်ဆိုရင် လည်ပတ်ဖို့အချိန်လည်း နည်းသွားနိုင်ပြီး သင်လည်း ပိုမိုစိတ်ပင်ပန်းရပါလိမ့်မယ်။

အသစ်သောအရာများနဲ့ ကြုံတွေ့ရမှာကို မကြောက်ရွံ့ပါနဲ့

ခရီး နည်းလမ်းကောင်း

သင့်ရဲ့ ခရီး စဉ်ကို ပိုပြီးပျော်ရွှင်ဖွယ်ကောင်းပြီး ပိုပြီးအမှတ်ရစရာကောင်းအောင် ဖန်တီးချင်တယ်ဆိုရင်တော့ သင့်ရဲ့စိတ်ကို အမြင်ကျယ်ကျယ်ထားဖို့လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာကတော့ သင်သည် အသစ် အသစ်သောအရာများနဲ့ ကြုံတွေ့ရမှာကို မကြောက်ရွံ့ပါနဲ့။

ဥပမာ သင်သည် နိုင်ငံအသစ်တစ်ခုသို့ ခရီးထွက်နေရတယ်ဆိုပါစို့။ ထိုနိုင်ငံရဲ့ ဒေသအစားအစာများကို မဖြစ်မနေ မြည်းစမ်းကြည့်သင့်ပါတယ်။ ထိုကဲ့သို့ အမြင်ကျယ်ကျယ် ထားခြင်းသည် သင့်ရဲ့ ခရီး စဉ်ကို ပိုမိုအသက်ဝင်လာအောင် ကူညီပေးတဲ့ နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ ဒေသသစ်တစ်ခုရဲ့ ယဉ်ကျေးမှုများကိုလည်း ထိုနည်းမှတဆင့် လေ့လာနိုင်ပါတယ်။

ခရီးသွားတဲ့အခါ စာရွက်စာတမ်းများ မမေ့ပါစေနဲ့

ခရီး နည်းလမ်းကောင်း

နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ ခရီးထွက်တဲ့အခါ သင့်ရဲ့အချက်အလက်များ၊ စာရွက်စာတမ်းများကို မမေ့လျော့ဖို့ပါပဲ။ မှတ်ပုံတင်၊ ပတ်စ်ပို့ တို့တင်မဟုတ်ပါဘူး။ ရထားလက်မှတ်၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ်တို့အပြင် ဓာတ်ပုံများ၊ ဗွီဒီယိုများကိုလည်း သေသေ ချာချာ ထည့်သွားသင့်ပါတယ်။

ဓာတ်ပုံ၊ ဗွီဒီယိုများ ရိုက်ကူးခြင်းသည် သင့်ရဲ့ခရီးစဉ်ကို အချိန်ကြာကြာ မှတ်မိနေအောင် ကူညီပေးပါတယ်။ သင့်အတွက် အတွေ့အကြုံကောင်းများကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

မျှော်လင့်ချက် ကြီးကြီးမားမားထားခြင်းက သင့်ကို စိတ်ပျက်စေနိုင်ပါတယ်

ခရီး နည်းလမ်းကောင်း

နောက်ထပ် စိတ်ထဲ မှတ်ထားရမယ့်အချက်တစ်ခုကတော့ သင်သည် ဘယ်လောက်ပဲ အကောင်းဆုံးကို ပြင်ဆင်ထားပါစေ တစ်စုံတစ်ရာ ချွတ်ယွင်းသွားနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးလည်းရှိနိုင်ပါတယ်။ ဒါ့ကြောင့် မျှော်လင့်ချက် ကြီးကြီးမားမားမထားခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ မျှော်လင့်ချက် ကြီးကြီးမားမားထားခြင်းသည် သင့်ရဲ့ခရီးသွားတဲ့အခါ ကြုံတွေ့ရတဲ့ အတွေ့အကြုံများကို သေးငယ်သွားစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ခရီးစဉ်အတွက် ဘာမျှော်လင့်ချက်မှမထားဘဲ ကြုံတွေ့လာရသမျှကို ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ပါးပါးသာ ဖြတ်ကျော်ပစ်လိုက်ဖို့ပါပဲ။

တခါတရံမှာ ရိုးရှင်းခြင်းက အကောင်းဆုံးပါပဲ

ခရီး နည်းလမ်းကောင်း

တကယ့်အကောင်းစားဟိုတယ်ကြီးမှ တည်းခိုရမှ ခရီးသွားမယ်ဆိုတဲ့ စိတ်ကူးမျိုး မထားပါနဲ့။ သင့်ရဲ့ခရီးစဉ်သည် ပျော်ရွှင်ဖွယ်အတိပြီးဖို့ဆိုပြီး ပိုက်ဆံအများကြီး သုံးဖြုန်းစရာလည်း မလိုအပ်ပါဘူး။ အရိုးရှင်းဆုံးအရာကလည်း သင့်အတွက် အမှတ်အရဆုံးဖြစ်စေမယ့် ခရီးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

အသုံးစရိတ်မြှောက်လွန်းလှတဲ့ မြို့ကြီးပြကြီးတွေဘက် ခရီးထွက်မယ့်အစား တခါတရံမှာ ကျေးလက်တောရွက်ဘက် ခရီးထွက်ခြင်း၊ တောထဲတောင်ထဲသွားကာ ရေကန်အနီး ရွက်ဖျင်တဲ ထိုးပြီး ချစ်သူခင်သူများနှင့် ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးခြင်းသည်လည်း သင့်ရဲ့ ခရီး ကို ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းလာအောင် ကူညီပေးမယ့် အကောင်းဆုံး နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

တစ်နေရာတည်းမှာပဲ အချိန်မကုန်ပါစေနဲ့

ခရီး နည်းလမ်းကောင်း

Photo: Travelandleisure

သင့်ရဲ့ခရီး စဉ်ကို ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းအောင် ကူညီပေးမယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ တစ်နေရာတည်းမှာပဲ အချိန်မကုန်ဆုံးဖို့ပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ မြို့သစ် တစ်မြို့သို့ အလည်သွားတဲ့အခါ မြို့ထဲမှာပဲ ချိန်ကုန်နေတာမျိုး မဖြစ်စေဖို့ပါပဲ။ နေရာစုံအောင် လျှော်လည်ပစ်လိုက်ပါ။ ဒါမှ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွေ့အကြုံသစ်များ ရရှိနိုင်မှာမဟုတ်လား။

နေဝင်ချိန်ဆည်းဆာအလှကို တစ်ဝကြီး ခံစားပစ်လိုက်ပါ

man enjoy sunset

Photo: Pexels

မြို့တစ်မြို့ရဲ့နေဝင်ချိန်ဆည်းဆာအလှကို အချိန်ယူကာ ခံစားပစ်ခြင်းသည် သဘာဝအလှအပကို တန်ဖိုးထားသူတစ်ယောက်အတွက် အကောင်းဆုံးအလေ့အကျင့်တစ်ခုပါပဲ။ ခရီးသွားရက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်များကို ခဏတာ မေ့ပစ်လိုက်ပြီး သဘာဝအလှအပနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် ဖန်တီးနိုင်ပါတယ်။ နေဝင်ဆည်းဆာအလှသည် ဘယ်နေရာမှာ အလှဆုံးဖြစ်မလဲဆိုတာကိုလည်း သေသေချာချာရှာဖွေထားဖို့လိုအပ်ပါလိမ့်မယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ နေထွက်ချိန်အတွက်ပါ စောစောထပြီး အချိန်ပေးကာ ကြည့်ရှုခံစားမယ်ဆိုရင် ပိုပြီး အမှတ်ရဖြစ်စေပါတယ်။ နေ့တိုင်းထစရာမလိုပါဘူး။ ပြန်ခါတီးတစ်ရက်လောက်မှာဖြစ်ဖြစ် သေချာအစီအစဉ်ချထားကာ ကြည့်ရှုခံစားလိုက်ပါ။

သင့်ရဲ့ အတွေ့အကြုံများကို ပြန်လည်ဝေမျှပါ

man and nature

Photo: Everysteph

ခရီးသွား Blogger တွေပဲ သူတို့ရဲ့အတွေ့အကြုံတွေကို ဝေမျှနိုင်တာမဟုတ်ပါဘူး။ သင်သည်လည်း သင့်ရဲ့ ခရီး အတွေ့အကြုံများကို ပြန်လည်ဝေမျှနိုင်ပါတယ်။ သင် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ၊ ဗွီဒီယိုအတိုများကို သင့်ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ထားရင်း သူငယ်ချင်းများနှင့် အတူတူ ဝေမျှလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းသည်လည်း သင့်အတွက် ကြည်နူးစရာတစ်ခုပဲဖြစ်ပါတယ်။

သင်ရော သင့်ရဲ့ ခရီး ကို ပိုမိုပျော်ရွှင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းလာအောင် ဘယ်လို နည်းလမ်းကောင်း တွေ အသုံးချလေ့ရှိပါသလဲ။

Source: Malestandard

Featured Image: Huffpost