ကွီးတို့ရဲ့ ခန္ဓာကိုယ် အမျိုးအစားကို အဓိကအားဖြင့် (၄) မျိုး ခွဲခြားထားနိုင်ပါတယ်။ ကိုယ့် ခန္ဓာကိုယ် အချိုးအစား ပေါ်လိုက်ပြီး ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း များကိုလည်း အမျိုးမျိုး ခွဲခြားထားပါသေးတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဘယ်အချိုးအစားထဲမှာ ပါဝင်သလဲဆိုတာကိုရော သိပြီးကြပါပြီလား။

ပန်းသီးပုံ ခန္ဓာကိုယ်၊ သစ်တော်သီးပုံ ခန္ဓာကိုယ်၊ သဲနာရီပုံခန္ဓာကိုယ်နှင့် ပလွေရိုးပုံခန္ဓာကိုယ်ဆိုပြီး လေးမျိုးလေးစား ခွဲခြားထားပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစား ပေါ်လိုက်ပြီး လေ့ကျင့်ခန်း များကို ပြောင်းလဲပြုလုပ်သင့်ပါတယ်။ ဒါမှ ပိုမိုထိရောက်မှုရှိပြီး ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိမှာမဟုတ်လား။

ပန်းသီးပုံ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက်

ခန္ဓာကိုယ် အချိုးအစား လေ့ကျင့်ခန်း

Photo: Freepik

ပန်းသီးပုံခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက်တော့ ဝမ်းဗိုက်ရှိ အဆီပိုများကို အရင်ချဖို့ ကြိုးစားရပါမယ်။

ဝမ်းဗိုက်အဆီများ ချဖို့အတွက်ဆိုရင်တော့ အမျိုးအစားမတူတဲ့ Plank လေ့ကျင့်ခန်းများ (၆) ခုခန့် ပြုလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ Plank အမျိုးအစားတစ်ခုကို ၁ မိနစ်စီ ပြုလုပ်ကာ စုစုပေါင်း မိနစ် ၂၀ ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

သစ်တော်သီးပုံ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက်

ခန္ဓာကိုယ် အချိုးအစား လေ့ကျင့်ခန်း

Photo: Freepik

ဒီခန္ဓာကိုယ် ပိုင်ရှင်တွေကတော့ သူတို့ရဲ့ တင်ပါး၊ ပေါင်နှင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ အဆီပိုတွေ စုနေတတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ သေးသွယ်ကြပါတယ်။ ဒီလို ခန္ဓာကိုယ် အချိုးအစား ပိုင်ရှင်များကတော့ ခန္ဓာကိုယ်အောက်ပိုင်းကို အထူးအလေးစိုက်ကာ ခန္ဓာကိုယ်အောက်ပိုင်းရှိ အဆီပိုများကို လျော့ချပေးမယ့် လေ့ကျင့်ခန်း များ ပြုလုပ်သင့်ပါတယ်။

သဲနာရီပုံခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက်

full body workout

ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို သန်မာလာစေမယ့် လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။

Full Body Workout မျိုးကို ပြုလုပ်ရမှာဖြစ်ပြီး လေ့ကျင့်ခန်းတစ်ခါပြုလုပ်ပါက ခန္ဓာကိုယ် အပေါ်ပိုင်းအတွက် လေ့ကျင့်ခန်းများ၊ ခန္ဓာကိုယ်အောက်ပိုင်းအတွက် လေ့ကျင့်ခန်းများ စသည်ဖြင့် ခန္ဓာကိုယ်ကြွက်သားတစ်ခုလုံး ညီမျှနေအောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ပလွေရိုးခန္ဓာကိုယ် အချိုးအစားပိုင်ရှင်များအတွက်

workout for skinny men

ဘယ်လောက်စားစား ဝမလာဘူး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်မျိုးပဲ ပိုင်ဆိုင်နေတယ်ဆိုရင်တော့ ကွီးတို့သည် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဝမ်းဗိုက်ကြွက်သားများ သန်မာလာဖို့အတွက် Sit-ups လေ့ကျင့်ခန်းများ၊ Side Planks လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ ခြေသလုံးကြွက်သားများ သန်မာလာဖို့အတွက် Squats ထိုင်ခြင်း၊ လက်မောင်းနှင့် ရင်အုပ်ကြွက်သားများအတွက် အလေးတုံးအသုံးပြုကာ လေ့ကျင့်ခန်းအမျိုးမျိုး ပြုလုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးရမှာပါ။

ဒါတင်မကသေးပါဘူး။ အာဟာရနှင့် ညီညွှတ်မျှတတဲ့ စားသောက်ပုံစားသောက်နည်းတို့ကိုလည်း သိထားဖို့လိုအပ်ပါတယ်။ အစားနှင့် လေ့ကျင့်ခန်း (၂) မျိုးကို ထိန်းပေးလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က ကိုယ်လိုချင်တဲ့အနေအထားတစ်ခုစီသို့ ရောက်ရှိလာမှာဖြစ်ပါတယ်။

Source: Everydayhealth

Featured Image: Mensfitnessmagazine