ပရိသတ်တွေ ဘယ်တော့မှ မငြီးငွေ့မယ့် ရုပ်ရှင်အမျိုးအစားကို ပြောပါဆိုရင် တော်တော်များများက အက်ရှင်ကားတွေလို့ ဖြေကြမှာပါ။ အက်ရှင်ဇာတ်ကားတွေက စိတ်လှုပ်ရှားတတ်ကြွမှုကို ပေးစွမ်းနိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အပြင် တိုက်ခိုက်လှုပ်ရားတဲ့ ဇာတ်ဝင်ခန်းတွေကြောင့် ယောက်ျားလေးများ သဘောကျကြတဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။ ဒါ့အပြင် ပိတ်ရက်တွေမှာ တစ်ပတ်တာ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အက်ရှင်ကားတွေကို ကြည့်တာလည်း စိတ်ကူးကောင်းပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ခပ်ကြမ်းကြမ်း အက်ရှင်ကား ကောင်းတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

Heart of Stone

Source : Netflix

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ အက်ရှင်ဇာတ်ကား‌လေးကတော့ မင်းသမီးချောတွေ ဖြစ်တဲ့ Gal Gadot နဲ့ Alia Bhatt တို့ပါဝင်ထားတဲ့ Heart of Stone ဆိုတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးထဲမှာ မင်းသမီး Gal Gadot က လျှို့ဝှက်အေးဂျင့်အဖြစ် သရုပ်ဆောင်ထားပြီး အမိုက်စား အက်ရှင်ဇာတ်ဝင်ခန်းတွေကို ရှုစားရမှာဖြစ်ကာ  ညိုကီတို့ကို စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

Blue Beetle

Source : DC

ကွီးတို့က စူပါဟီးရိုး ရုပ်ရှင်တွေကို သ‌ဘောကျတဲ့သူဆိုရင် သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့ DC ရဲ့ Blue Beetle ဆိုတဲ့ ဇာတ်ကားလေးရှိပါတယ်။ ဒီကားက DC ရဲ့ ပထမဆုံး လက်တင်နိုစူပါဟီးရိုးရုပ်ရှင် ဖြစ်ပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ DC ပရိတ်သတ် စစ်စစ်ဆိုရင် ဒီကားလေးကိုလည်း လက်လွှတ်မခံသင့်ပါဘူးနော်။

Mission: Impossible – Dead Reckoning Part One

Source : Paramount Pictures

မင်းသားကြီး Tom Cruise ရဲ့ Mission: Impossible ကားတွေကတော့ အထူးတလည် ပြောနေစရာမလို‌လောက်အောင် ကောင်းမွန်လှတဲ့ အက်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ ညီအစ်ကိုတို့ တော်တော်များများလည်း ကြည့်ဖူးကြမှာပါ။  Mission: Impossible ရဲ့ အပိုင်းသစ်ဖြစ်တဲ့ Dead Reckoning Part One က ပြီးခဲ့တဲ့ ၇ လပိုင်းကပဲ ထွက်ရှိထားပါတယ်။ ဒီကားထဲမှာ မင်းသားကြီး Tom Cruise ရဲ့  ရင်သက်ရှုမောဖွယ် စတန့်များ၊ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ဝင်ခန်းတွေက ကွီးတို့ကို စိတ်ကျေနပ်စေမှာပါ။

John Wick: Chapter 4

Source : Rotten Tomatoes

John Wick ကားတွေမကြည့်ဖူးသေးရင် အက်ရှင်ဝါသနာအိုးလို့ ပြောလို့မရသေးပါဘူး။ ဒီကားကို အက်ရှင်မှ အက်ရှင်ဆိုတဲ့ ကွီးတို့ကတော့ ကြည့်ပြီးလောက်ပါပြီ။ မကြည့်ရသေးတဲ့ ကွီးတို့နဲ့ အက်ရှင်ဇာတ်ကားများ ကြိုက်နှစ်သက်တဲ့  ညီအစ်ကိုတို့အတွက် လေးကားမြောက်ဖြစ်တဲ့ John Wick: Chapter 4 က ဒီနှစ်ထဲမှာ ထွက်ရှိထားပါတယ်။ မင်းသားကြီး Keanu Reeves ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေရယ် ဘယ်လို စိတ်ဝင်စားဖွယ် အက်ရှင်နဲ့ စွန့်စားခန်းတွေကို ရှုစားရမလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။

The Killer

Source : Netflix

ဒီကားကတော့ သိပ်မကြာခင် နိုဝင်ဘာလမှာ ထွက်ရှိလာမယ့် The Killer ဆိုတဲ့ ကားလေးပါပဲ။ ဒီကားလေးက သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးပါ။ ဒီကားထဲမှာ Michael Fassbender၊ Tilda Swinton၊ Charles Parnell၊ Arliss Howard နှင့် Sophie Charlotte တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကွီးတို့ကို စိတ်လှုပ်ရှားစေလောက်မယ့် ကားဖြစ်မလားဆိုတာ သိရ‌အောင်  Trailer လေးကို အရင်ရှုစားကြည့်လိုက်ရအောင်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တော့ ခပ်ကြမ်းကြမ်း အက်ရှင်ကား တွေမှ ကြိုက်တဲ့ဆိုတဲ့ ညိုကီတို့အတွက် ဇာတ်ကားကောင်းတွေကို ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး‌တော့လည်း ဇာတ်ကားအမျိုးအစား စုံစုံလင်လင်ကို အချိန်နဲ့ တစ်ပြေးညီ ဝေမျှပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးပါဦးခင်ဗျာ။

Source : Marie Claire

Featured Photo : IMDb