ကော့လ်တေးဆို ဝီစကီနဲ့ ဖျော်စပ်တဲ့ ခပ်ပြင်းပြင်းအရသာမှ ကြိုက်တယ်ဆိုရင် Bourbon Sazerac ကော့လ်တေး ကို မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ Bourbon ဝီစကီကြိုက်သူတိုင်း Bourbon Sazerac ကော့လ်တေးကို သေချာပေါက် ကြိုက်ကြပါလိမ့်မယ်။ ချိုမြိန်ခါးသပ်တဲ့ ဆန့်ကျင်ဘက်အရသာ ၂ ခုပေါင်းစပ်ပါဝင်တဲ့ Bourbon Sazerac ကော့လ်တေးက ရိုးရှင်းပေမယ့် ဆန်းသစ်တဲ့ ခံစားမှုအထိအတွေ့ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

Photo : A Couple Cooks
Bourbon Sazerac ကော့လ်တေး ဖျော်စပ်ဖို့ Bourbon ဝီစကီ ၊ Absinthe ၊ Peychaud’s Bitters နဲ့ သကြားတို့ အဓိက လိုအပ်ပါတယ်။ ကော့လ်တေး ပြင်ဆင်ဖျော်စပ်နည်းက တကယ့်ကိုပဲ လွယ်ကူရိုးရှင်းပါတယ်။ ကွီးတို့ အိမ်မှာကိုယ်တိုင် ဖျော်စပ်သောက်နိုင်ဖို့ ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို လေ့လာကြည့်လိုက်ရအောင်ပါ။
Photo : A Couple Cooks
အရင်ဆုံး Mixing ဖန်ခွက်တစ်လုံးထဲမှာ သကြားအနည်းငယ်နဲ့ Peychaud’s Bitters ၃ – ၄ စက်ခန့် ထည့်ပြီး သကြားတွေ ပျော်ဝင်သွားတဲ့အထိ ဇွန်း ဒါမှမဟုတ် Muddler နဲ့ မွှေပေးရပါမယ်။ ပြီးတဲ့အခါ Bourbon ဝီစကီ ၂ အောင်စ ၊ Absinthe စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေခဲလက်တဆုပ်စာတို့ ရောထည့်ပေးပြီး အေးခဲလာတဲ့အထိ မွှေပေးပါ။ ရလာတဲ့ကောလ့်တေး ဖျော်ရည်ကို Low Ball Glass ထဲ ဇကာခံပြီး ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ။ ပြီးရင်တော့ သံပုယိုသီးအခွံကို ဖန်ခွက်နှုတ်ခမ်းတဝိုက် ပွတ်ပေးပြီး ဖန်ခွက်ထဲကို သံပုယိုခွံလေး ထည့်လိုက်ပါ။ ဒါဆိုရင်တော့ သံပုယိုရနံ့သင်းသင်းလေးနဲ့ ချိုမြိန်ခါးသပ် ပြင်းရှရှ Bourbon Sazerac ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးလို့ရပြီ ဖြစ်ပါတယ်။
Featured Photo : Cocktails – LoveToKnow

