Dark Rum ၊ Vodka ၊ Orange Juice တို့နဲ့အဓိက ဖျော်စပ်တဲ့ Brass Monkey ကော့လ်တေး ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ အရမ်းကို လူကြိုက်များရေပန်းစားခဲ့တဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ခေတ်ဟောင်းအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ဒီ ကော့လ်တေးဟာ လူကြိုက်များတဲ့ နာမည်တူ Brass Monkey သီချင်းကို Inspire ယူပြီး ဖန်တီးထာတာလို့ ဆိုပါတယ်။

Photo : A Couple Cooks

လှပတဲ့ စွဲမက်စရာ ရွှေရောင်အဆင်းနဲ့ ၁၉၇၀ Vibe လေးပေါင်းစပ်ထားတဲ့ Brass Monkey ကော့လ်တေးရဲ့ ဖျော်စပ်နည်းလေးက အရမ်းကိုလွယ်ကူ ရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ အချိန်ခဏလေးအတွင်းမှာ အမြန်ဆုံး ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။ ကဲဒါဆို ကော့လ်တေး ဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ Dark Rum ၁ အောင်စ ၊ Vodka ၁ အောင်စ ၊ Orange Juice ၂ အောင်စနဲ့ ရေခဲအနည်းငယ်တို့ ရောထည့်ပြီး အေးခဲလာတဲ့အထိ ကောင်းကောင်းရှိတ်ပေးပါ။ ပြီးရင် Lowball ဖန်ခွက်ထဲကို ရေခဲဖြည့်ပြီး ရှိတ်ထားတဲ့ ကော့လ်တေး ဖျော်ရည်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ ဖန်ခွက်နှုတ်ခမ်းသားမှာ လိမ္မော်သီးခြမ်းလေး အလှဆင်ပြီး ရွှေရောင်အဆင်းနဲ့ အသီးရနံ့လေးစွတ်တဲ့ ပြင်းရှရှ အရသာ ၁၉၇၀ Vibe Brass Monkey ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Sans Drinks