Run It! သီချင်းနဲ့ အသက် ၁၆ နှစ်မှာ Pop Charts ရဲ့ နံပါတ်တစ်နေရာ တက်လှမ်းနိုင်ခဲ့တဲ့ ခရစ္စဘရောင်းဟာ အခုတော့ R&B ကနေ Club Music နဲ့ Hip Hop ဂီတဘက်ပါ ထိုးဖောက် အောင်မြင်လာနေပြီ ဖြစ်ပါတယ်။ ခရစ္စဘရောင်း ရဲ့ အကောင်းဆုံး သီချင်းတွေကို ညွှန်းရတာ ပြည့်စုံမှု ရှိမှာ မဟုတ်ပါဘူး။ အလွယ်တကူ ညွှန်းလို့ ရမယ့် အကောင်းဆုံး သီချင်း ၅ ပုဒ် အကြောင်းပဲ ဒီတစ်ခေါက် မျှဝေပေးပါရစေ။
(၁) “Turn Up the Music” (2012)
ခရစ္စဘရောင်းရဲ့ Fortune ဆိုတဲ့ အယ်လ်ဘမ်ထဲက ပထမဆုံး သီချင်း ပါ။ Dance Club track စတိုင် ဖြစ်ပြီး အရင် Forever ၊ Yeah 3X တို့ကနေ ကွဲထွက်လာတဲ့ ပုံစံပါ။ UK Pop Singles Chart မှာ နံပါတ် ၁ စွဲခဲ့ပြီး အမေရိကန်မှာ Pop Top 10 စာရင်းဝင်ခဲ့ပါတယ်။ Turn Up The Music အတွက် Music Video ကို ရိုက်ကူးရာမှာ ခရစ္စဘရောင်း ကိုယ်တိုင် Godfrey Tabarez နဲ့ တွဲပြီး ရိုက်ကူးခဲ့တာပါ။ Music Video ဟာ MTV Video Music Awards မှာ Best Male Video နဲ့ Best Choreography ဆုတို့ ရရှိခဲ့ပါတယ်။
(၂) “With You” (2007)
Billboard Hot 100 မှာ နံပါတ် ၂ စွဲခဲ့တဲ့ သီချင်းပါ။ ဒီသီချင်းဟာ ၆ ပတ်ဆက်တိုက် အကောင်းဆုံးသီချင်းအဖြစ် အရွေးချယ်ခံရပြီး စုစုပေါင်း အချပ်ရေ ၂ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ အထင်ကရ ရေဒီယိုချန်နယ်တွေရဲ့ Pop Radio Chart မှာလည်း ထိပ်ဆုံးက ရောက်ခဲ့ပြီး UK Pop Singles Chart မှာ Top 10 ဝင်ခဲ့ပါတယ်။ With You အတွက် Music Video ကိုလည်း ခရစ္စဘရောင်းပဲ တွဲဖက်ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာ ဖြစ်ပြီး MTV Video Music Award မှာ Best Male Video ဆု ရခဲ့ပါတယ်။
(၃) “Don’t Wake Me Up” (2012)
ခရစ္စဘရောင်းရဲ့ Dance Song တစ်ပုဒ် ဖြစ်တဲ့ “Don’t Wake Me Up” (2012) သီချင်းက အစောပိုင်းက မက်ဒေါနားရဲ့ MDNA အယ်လ်ဘမ်အတွက် ရည်ရွယ်ပြီး ဖန်တီးထားတာပါ။ အသံသွင်းဖို့ အချိန်မရတာကြောင့် Benny Benassi နဲ့ အသံသွင်းဖို့ အကထုတ်လုပ်သူ William Orbit ပြန်ချိန်ခဲ့တာပါ။ ဒီသီချင်းဟာ US Pop Chart မှာ Top 10 ဝင်ခဲ့ပြီး UK Pop Singles Charts မှာ နံပါတ် ၂ နေရာ ရောက်ခဲ့ပါတယ်။
Mainstream Pop နဲ့ Dance Radio နှစ်ခုလုံးမှာလည်း Top Ten ဝင်ခဲ့ပါတယ်။ “Don’t Wake Me Up” ဟာ R&B Chart နဲ့ လုံးလုံးလွဲချော်ခဲ့တဲ့ ရှားရှားပါးပါး သီချင်းအနည်းငယ်ထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(၄) “Kiss Kiss” featuring T-Pain (2007)
ဒုတိယမြောက် အယ်လ်ဘမ် Exclusive မှာ ပါတဲ့ သီချင်းဖြစ်ပါတယ်။ R&B နဲ့ Hip Hop ပေါင်းစပ်ထားပြီး Pop နဲ့ R&B Chart မှာ ထိပ်ဆုံးရောက်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ Kiss Kiss ကို T-Pain နဲ့ တွဲဖက် ရေးသားထုတ်လုပ်ထားတာပါ။ Best Rap/ Sung Collaboration အတွက် Grammy Award ဆန်ကာတင် ဝင်ခဲ့ပါတယ်။ ဒီသီချင်းဟာ Billboard Hot 100 နဲ့ R&B Songs Chart တို့ နှစ်ခုစလုံးမှာ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။ Music Video လည်း MTV Video Music Awards မှာ Best Choreography ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။
(၅) “Forever” (2008)
Exclusive အယ်လ်ဘမ်ပြန်ဖြန့်ချိဖို့အတွက် ရေးတဲ့ သီချင်းသစ် ၄ ပုဒ်ထဲက တစ်ပုဒ် ဖြစ်ပြီး ထုတ်လုပ်သူ Polow Da Don ရဲ့ Euro-Dance Feel ကို တွေ့ရမှာပါ။ ဒီသီချင်းက Billboard Hot 100 မှာ ခရစ္စဘရောင်းအတွက် နံပါတ် ၂ စွဲခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ YouTube ပေါ် တင်ချိန်မှာလည်း ပထမအပတ်အတွင်း ကြည့်ရှုသူ ၁.၅ သန်းကျော် ရှိခဲ့ပါတယ်။
Featured Photo : townsquare