လက်ရှိ ဟစ်ဟော့ လောကထဲက နာမည်ကြီး ထိပ်တန်း ရက်ပ်ပါ တွေထဲမှာ ထောင် ကျဖူးသူတွေ အများကြီးရှိပါတယ်။ အများစုကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့ကြသူတွေဖြစ်ပြီး တချို့ဆိုရင် လူသတ်မှု အပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ထောင်ကျခဲ့သူတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လက်ရှိ နာမည်ကြီး ထိပ်တန်း ရက်ပ်ပါတွေထဲက ထောင်ကျဖူးတဲ့ ရက်ပ်ပါတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) 2 Chainz


Photo : Complex

အမေရိကန် ရက်ပ်ပါ 2 Chainz ဟာ ၂၀၁၃ ခုနှစ် ဩဂုတ်လက အိုကလာဟိုးမား ပြည်နယ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရ ဖူးပါတယ်။

(၂) 6ix9ine


Photo : Billboard

6ix9ine လို့လူသိများတဲ့ အမေရိကန် ရက်ပ်ပါ Daniel Hernandez ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက နယူးယောက်စီးတီးမှာ ဖမ်းဆီးခံခဲ့ ရဖူးပါတယ်။ အကြောင်းကတော့ တရားမဝင်လုပ်ငန်း လုပ်ကိုင်မှု ၊ သေနတ်ကိုင်ဆောင်မှု‌တွေနဲ့ ဆွဲချက်တင် ဖမ်းဆီး ထောင်ချခံခဲ့ရတာပါ။

(၃) Wiz Khalifa

Photo : Rolling Stone

အမေရိကန် ရက်ပ်ပါ Wiz Khalifa  ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ ရပါတယ်။ အရှေ့ ကာရိုလိုင်းနား တက္ကသိုလ်ဖျော်ဖြေပွဲမှာ ရဲအရာရှိတွေက Wiz Khalifa ထံမှာ ဆေးခြောက်လက်ဝယ်တွေ့ရှိခဲ့ပြီးနောက် မူးယစ်ဆေးသုံးမှုနဲ့ စွဲချက်တင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

(၄) Akon

Photo : The Independent

ဆီနီဂေါ – အမေရိကန် အဆိုတော် Akon ဟာ ခိုးယူထားတဲ့ BMW ကား လက်ဝယ်တွေ့ရှိမှုနဲ့ ခေါ်ယူစစ်ဆေးခံခဲ့ရပြီးနောက် လအတော်ကြာ DeKalb County အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ Akon ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကားခိုးဂိုဏ်းတစ်ခုရဲ့ ခေါင်း ဆောင်အဖြစ် ၄ နှစ်ခွဲခန့် ထောင် ကျခဲ့ဖူးသူ ဖြစ်ပါတယ်။

(၅) Lil Wayne

Photo : Pitchfork

အမေရိကန် ရက်ပ်ပါ Lil Wayne ဟာ တရားမဝင် သေနတ်ကိုင်ဆောင်မှုနဲ့ မိုင်ယာမီ ဗဟိုအစိုးရရှေ့နေများအဖွဲ့ကနေ တရားစွဲဆို ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

ဆက်လက်ပြီး Mac Miller ၊ Kodak Black ၊ DMX ၊ T.I. ၊ Casanova ၊ Beanie Sigel ၊ Meek Mill ၊ Fat Joe ၊ Gucci Mane နဲ့ Tay-K စတဲ့ ရက်ပ်ပါတွေဟာဆိုရင်လည်း တစ်ချိန်က ထောင် ကျခဲ့ဖူးတဲ့ နာမည်ကြီး ဟစ်ဟော့ အဆိုတော် စာရင်းမှာ ပါဝင်ကြသူတွေပဲ ဖြစ်ပါတယ်။