မကြာခင်မှာ ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ် အားလပ်ရက် အချိန်အခါလေးကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ခရစ္စမတ် အားလပ်ရက်မှာ မိသားစု ၊ သူငယ်ချင်းမိတ်ဆွေနဲ့ အတူတူ အိမ်တွင်း ခရစ္စမတ်ပါတီလေး ဆင်နွဲမယ့်သူတွေအတွက် ခရစ္စမတ် ပါတီနဲ့ အလိုက်ဖက်ဆုံး ကော့လ်တေး အမယ်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခရစ္စမတ် Martini

Photo : A Couple Cooks

ခရစ္စမတ် အားလပ်ရက်နဲ့ အလိုက်ဖက်ဆုံး ကော့လ်တေး ကတော့ ခရစ္စမတ် Martini ပဲ ဖြစ်ပါတယ်။ ခရစ္စမတ် Martini ကော့လ်တေးကို Cranberry Juice ၊ ဗော့ဒ်ကာ ၊ Cointreau ၊ Lemon Juice နဲ့ Simple Syrup သို့မဟုတ် Maple Syrup တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ စွဲမက်လှပတဲ့ အနီရောင်အဆင်းနဲ့ ချိုမြိန်လန်းဆန်းတဲ့ အမိုက်စား ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၂) ခရစ္စမတ် Margarita

Photo : A Couple Cooks

Margarita ချစ်သူတွေ မြည်းစမ်းကြည့်သင့်တဲ့ ခရစ္စမတ်ရဲ့အသွင်အပြင်နဲ့ ဖန်တီးထားတဲ့ ခရစ္စမတ် Margarita ကော့လ်တေးလေးဖြစ်ပါတယ်။ ခရစ္စမတ် Margarita ကော့လ်တေးကတော့ Classic Margarita ဖျော်စပ်နည်းနဲ့ဆင်တူပြီး Cranberry Juice ထပ်ပေါင်း ထည့်ဖျော်ရတာ ဖြစ်ပါတယ်။ Tequila ၊ Cranberry Juice ၊ Cointreau ၊ Fresh Lime Juice နဲ့ Simple Syrup သို့မဟုတ် Maple Syrup တို့အဓိက ပါဝင်ပါတယ်။

(၃) Poinsettia

Photo : A Couple Cooks

ကျေးဇူးတော်နေ့ အားလပ်ရက်ပါတီတွေကနေ ခရစ္စမတ် ပါတီတွေအထိ တည်ခင်းဖို့အလိုက်ဖက်ဆုံး ကော့လ်တေး တစ်မျိုးကတော့ Poinsettia ကော့လ်တေးပဲ ဖြစ်ပါတယ်။ Poinsettia ကော့လ်တေးမှာ Cointreau ၊ Cranberry Juice နဲ့ Champagne စတဲ့ ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းအနည်းငယ်ကိုသာအသုံးပြုပြီး ဖျော်စပ်ထားပါတယ်။

Featured Photo : Maine Spirits