ချယ်လ်ဆီးတို့ ပြီးခဲ့တဲ့ အချိုရည်ဖလားမှာ နယူးကာဆယ်ကို ပင်နယ်တီနဲ့ အနိုင်ယူ ကျော်ဖြတ်လာနိုင်ခဲ့လို့ ယုံကြည်မှုတွေ မြင့်မားနေပြီး ဝုလ်ဗ်နဲ့ပွဲမှာလည်း ရလဒ်ကောင်းကြမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ဝုလ်ဗ်တို့က သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေထဲ လီဗာပူးလ် နဲ့ ဘရိုက်တန်တို့ကလွဲပြီး ကျန်တဲ့ အသင်းကြီးတွေကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့တဲ့အတိုင်း ချယ်လ်ဆီးကိုပါ ဒုက္ခပေးခဲ့ပြန်ပါတယ်။

chelsea lose

Photo Credit : Livescore

တန်းတက်ကလပ် ရှက်ဖီးကို အနိုင်ယူပြီး အချိုရည်ဖလားမှာပါ ငှက်ကျားတို့ကို ကျော်ဖြတ်ရင်း ဆီမီးဖိုင်နယ်ထိ တက်လှမ်းခဲ့တဲ့ ချယ်လ်ဆီးက Molineux ဝုလ်ဗ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသလို အသင်းမှာလည်း ဒုတိယပိုင်းမှ လူစားဝင်ခဲ့ရတဲ့ အန်ကွန်ကူ နဲ့ ဂိုးသမား ပီထရိုဗစ်တို့ကလွဲပြီး ကျန်တဲ့ ကစားသမားတစ်ဦးချင်းစီက အမှားတွေ များနေခဲ့ရပါတယ်။ ဒါ့အပြင် တိုက်စစ် ကစားသမားတွေကလည်း ပထမပိုင်းမှာကတည်းက ရရှိလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပဲ ပထမပိုင်း ဂိုးမသွင်း ဒုတိယပိုင်းမှ ဂိုးပေးရတဲ့ အစဉ်အလာအတိုင်း ဂိုးတွေ ခွင့်ပြုရင်း ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။

pochettino

Photo Credit : Livescore

အခုဆိုရင် ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း (၄)ပွဲဆက်တိုက် နယူးကာဆယ်ကို (4-1) မန်ချက်စတာ ယူနိုက်တက်ကို (2-1) အဲဗာတန်ကို (2-0) နဲ့ အခု ဝုလ်ဗ်ကို (2-1)တွေနဲ့ ဆက်တိုက်တွေ အရှုံးပေးခဲ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ အဝေးကွင်း (၉)ပွဲ ကစားထားပြီးချိန်မှာလည်း ချယ်လ်ဆီးက နိုင်ပွဲ (၃)ပွဲသာ ရယူထားနိုင်တဲ့အထိ အခြေအနေ ဆိုးရွှားနေရပါတယ်။

ten hag and pochettino

Photo Credit : UTDCeza

ဒီလို အခြေအနေမှာ ချယ်လ်ဆီးနဲ့ ဘဝတူနေတာကတော့ မန်ယူနိုက်တက်အသင်း ဖြစ်ပြီး မန်ယူလည်း အရှုံးတွေထဲမှာ သံသရာလည်နေတာကြောင့် မန်ယူနည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ချယ်လ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုတို့ ဘယ်သူများ ရာထူးကနေ အရင်ဆုံး ထုတ်ပယ်ခံရမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ကဲ…ကွီးတို့ဆိုရင်ရော ဘယ်နည်းပြက အရင်ဆုံး လစ်သွားရမယ်လို့ ထင်ပါသလဲဗျာ?

Featured Photo : Opta X